Tesla Model Y က Toyota Corolla ကို ဖြတ်ကျော်ကာ ကမ္ဘာ့အရောင်းရဆုံးကား ဖြစ်လာ

  • 407 views

 


Toyota Corolla သည် ကမ္ဘာပေါ်တွင် အရောင်းရဆုံးကားအဖြစ် ဆယ်စုနှစ် ၂ ခုနီးပါး သရဖူဆောင်း နေခဲ့ ပြီးနောက် ယခုအခါ အရောင်းရဆုံးကားဟူသော နံပါတ် ၁ နေရာမှ ဆင်းပေးလိုက်ရပြီ ဖြစ်သည်။

၂၀၂၃ ခုနှစ်အတွင်း Tesla Model Y သည် Toyota Corolla ကို ဖြတ်ကျော်ကာ ကမ္ဘာပေါ်တွင် အရောင်းရဆုံး ကားဖြစ်လာသည့်အပြင် ကမ္ဘာ့အကျော်ကြားဆုံး အိမ်စီးကား ဖြစ်ခဲ့သည်။
သမိုင်းတလျှောက်တွင် လျှပ်စစ်ကားတစ်စီးအဖို့ ပထမဆုံးအကြိမ် ထိုအဆင့်သို့ တက်လှမ်းနိုင်ခဲ့ခြင်းလည်း ဖြစ်သည်။

Jato Dynamics မှ ထုတ်ပြန်သော အချက်အလက်များအရ Tesla သည် ၂၀၂ ၃ ခုနှစ်အတွင်း ကမ္ဘာတဝန်း တွင် Tesla Model Y အစင်းရေ ၁ ဒသမ ၂၂ သန်း ရောင်းချခဲ့ရပြီး ၂၀၂၂ ခုနှစ်ကထက် ရောင်းအား ၆၄ ရာခိုင်နှုန်းအထိ မြင့်တက်ခဲ့သည်ဟု ဆိုသည်။

Toyota Corolla သည် ကမ္ဘာပေါ်တွင် အရောင်းရဆုံးမော်တော်ကားအဖြစ် ၂၀၀၅ ခုနှစ်ကတည်းက နှစ်စဉ် ထိပ်ဆုံး၌ ရပ်တည်ခဲ့ခြင်း ဖြစ်သည်။

၂၀၂၃ ခုနှစ်တွင်မူ ရောင်းအား ၁၉ ရာခိုင်နှုန်း ကျဆင်းခဲ့ပြီး စတုတ္ထနေရာအထိ ကျဆင်းသွားခဲ့သည်။

ကမ္ဘာတဝန်းတွင် ကားဝယ်သူတို့မှာ SUV များကို အလွန်နှစ်သက်ကြကြောင်း တွေ့ရပြီး Toyota RAV4 မှာ ၂၀၂၃ ခုနှစ်အတွင်း အစင်းရေ ၁ ဒသမ ၀၈ သန်း ရောင်းချခဲ့ရကာ ကမ္ဘာ့အရောင်းရဆုံး ကားများစာရင်းတွင် ဒုတိယနေရာ၌ ရပ်တည်နေသည်။

Honda CR-V မှာလည်း အစင်းရေ ၈၄၆,၀၀၀ ရောင်းချခဲ့ရပြီး တတိယနေရာတွင် ရပ်တည်နေသည်။

 

((၂၀၂၃ ခုနှစ်အတွင်း ကမ္ဘာ့အရောင်းရဆုံး မော်တော်ကားများစာရင်း))

1.Tesla Model Y အစင်းရေ -၁,၂၂၃,၀၀၀ စင်း
2.Toyota RAV4 -၁,၀၇၅,၀၀၀ စင်း
3.Honda CR-V - ၈၄၆,၀၀၀ စင်း 
4.Toyota Corolla - ၈၀၃,၀၀၀ စင်း
5.Toyota Corolla Cross - ၇၁၅,၀၀၀ စင်း 
6.Toyota Camry - ၆၅၀,၀၀၀ စင်း
7.Ford F-150 - ၆၂၃,၀၀၀ စင်း 
8.Toyota HiLux- ၆၀၅,၀၀၀ စင်း 
9.Nissan Sentra - ၅၃၄,၀၀၀ စင်း 
10.Tesla Model 3 - ၅၀၈,၀၀၀ စင်း 


သြစတေးလျတွင် ပြီးခဲ့သောနှစ်အတွင်း Tesla Model Y အစင်းရေ ၂၈၇၆၉ စင်း ရောင်းချခဲ့ရသည်။
Toyota Corolla သည် ၁၉၉၇ ခုနှစ်တွင် ကမ္ဘာ့အရောင်းရဆုံး မော်တော်ကားဟူသော ရပ်တည်မှုအဆင့်ကို Volkswagen Beetle ကို လွှဲပြောင်းပေးလိုက်ရသည်။


သို့သော် ၂၀၀၅ ခုနှစ်တွင် Toyota Corolla သည် ကမ္ဘာ့အရောင်းရဆုံးကား ပြန်ဖြစ်လာခဲ့ပြီး ထိုရပ်တည်မှုကို ၁၈ နှစ်ဆက်တိုက် ထိန်းသိမ်းထားနိုင်ခဲ့သည်။

 

(ဆက်စပ်သတင်းများ)
ဥရောပ၏ အရောင်းရဆုံး လျှပ်စစ်ကားဖြစ်လာသော Tesla Model Y

https://www.carsdb.com/my/news/431

 

အမေရိကန်တွင် သားအဖနှစ်ဦး Tesla Model Y ဖြင့် မိုင်ပေါင်း ၁၂၀၀၀ ခရီးသွား

https://www.carsdb.com/my/news/385

 

(CarsDB Team မှ ရေးသား ဖော်ပြသည်။)

Credit: CarsDB.com


Ref: Tesla Model Y overtakes Toyota Corolla as world’s best-selling car (drive)