အိန္ဒိယအမျိုးသမီးကြီးက ရူပီး ၁ ဒသမ ၅ ကုဋေတန်ကြေးရှိ Land Rover Defender ကို နွားချေးခြောက် သယ်သည့်ကားအဖြစ် အသုံးပြုနေ

  • 14 views

cow_dung_cakes_in_defender_6f850f5a9f.jpg

Luxury SUV ဖြစ်သော Land Rover Defender အကြောင်း ပြောလျှင် လုပ်ငန်းရှင် သူဌေးများ၊ အားကစား ကြယ်ပွင့်များ၊ အကျော်အမော်များ စီးသောကားအဖြစ်သာ အာရုံတွင် ပေါ်လာကြသည်။

မကြာသေးမီက ထွက်ပေါ်လာသော ဗွီဒီယိုဖိုင်တစ်ခုတွင်မူ Land Rover Defender ကို နွားချေးခြောက် သယ်သည့်ကားအဖြစ် အသုံးပြုနေပုံ တွေ့ရသည်။

အဆိုပါ ဗွီဒီယိုကို အင်စတာဂရမ်တွင် Bhati 6004 အမည်ရှိ စာမျက်နှာက ဖော်ပြခဲ့ခြင်းဖြစ်သည်။ဗွီဒီယို ရိုက်ကူးသူက အဖြူရောင် Land Rover Defender 110 ၏ နောက်ဘက်ခြမ်းမှ ရိုက်ကူးခဲ့ခြင်းဖြစ်သည်။ ကားနောက်ဖုံးကို ဖွင့်လိုက်ပြီးနောက် နွားချေးခြောက် ၈ တုံး ထည့်လိုက်သည်ကို တွေ့ရသည်။ထို့နောက် သက်ကြီးပိုင်း အမျိုးသမီးကြီးတစ်ဦးရောက်လာပြီး လက်ထဲတွင် နွားချေးခြောက် ၂ တုံးယူလာကာ ကားထဲသို့ ထည့်လိုက်ပုံကို တွေ့ရသည်။ထိုပို့စ်တွင် Desilife ဟု caption ရေးသားထားသည်။

ပုံမှန်အားဖြင့်ဆိုလျှင် ရူပီး ကုဋေချီတန်ကြေးရှိသော luxury ကားများဖြင့် နွားချေးသယ်သည်ကို ကျွန်ုပ်တို့ မတွေ့ဖူးကြချေ။

(Porsche 718 Boxster ပြိုင်ကားဖြင့် တိရစ္ဆာန်အစာ သယ်သူ))

viber_image_2025-09-19_13-08-15-744.jpg

လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်ခဲ့သည့် အခြားဗွီဒီယိုဖိုင်တစ်ခုတွင်မူ အသက်ကြီးပိုင်း အမျိုးသမီးကြီးတစ်ဦးက Porsche 718 Boxster Spyder ပြိုင်ကားဖြင့် တိရစ္ဆာန်အစာ သယ်ယူနေပုံကို တွေ့ရသည်။ထိုဗွီဒီယိုတွင်မူ အမျိုးသမီးကြီးက စိတ်ခွန်အားတက်ဖွယ် စကားများ ပြောဆိုထားပုံလည်း ပါဝင်သည်။ဗွီဒီယိုထဲတွင် တွေ့ရသော Porsche 718 Boxster Spyder မှာ ရူပီး ၁ ဒသမ ၅ ကုဋေ တန်ကြေးရှိသည်။အများအားဖြင့် ထိုကားဖြင့် တိရစ္ဆာန်အစာ သယ်ယူသည်ကို မတွေ့ဖူးကြ။

ထိုကားမှာ 3.4-litre, six-cylinder အင်ဂျင်အသုံးပြုထားပြီး အမြင့်ဆုံးအထွက်အား 298 bhp ရှိကာ ရုန်းအားမှာ 380 Nm ရှိသည်။အမြန်နှုန်း တင်နိုင်စွမ်းအနေဖြင့် 0–100 kmph ကို ၄ ဒသမ ၇ စက္ကန့်အတွင်း ရနိုင်သည်။အမြင့်ဆုံးမြန်နှုန်းမှာ 275 km/h ဖြစ်သည်။

(CarsDB Team မှ ရေးသား ဖော်ပြသည်။)

Credit: CarsDB.com

Ref: Rs 1.5 Crore Land Rover Defender Used To Transport Cow Dung Cakes [Video]