GWM က Haval Big Dog Plus ကို ဒေါ်လာ ၁၉၁၀၀ ဖြင့် စတင်မိတ်ဆက်၊ PHEV နှင့် ICE powertrain များ ရရှိနိုင်

  • 9 views

1850022_223_1850015_223_1-m1-1536x1127.jpg

Great Wall Motor (GWM) သည် မော်ဒယ်သစ် Haval Big Dog Plus SUV ကို စက်တင်ဘာ ၁၅ ရက်တွင် တရားဝင် စတင်ရောင်းချပြီဖြစ်သည်။

Trim ၅ မျိုး လာပြီး ဈေးတန်းမှာ ယွမ် ၁၃၅၈၀၀ မှ ၁၈၃၈၀၀ ကြား (ကန်ဒေါ်လာ ၁၉၁၀၀ မှ ၂၅၈၀၀ ကြား) ရှိကာ PHEV နှင့် ICE variant များ ရွေးစရာရှိသည်။

1000026305-800x704.jpg

ဈေးကွက်တွင် လက်ရှိရောင်းချပေးနေသော ဒုတိယမျိုးဆက် Haval Big Dog ကို modify လုပ်ထားသည့် မော်ဒယ်ဖြစ်သည်။Haval Big Dog Plus တွင် အပြင်ပိုင်းကို upgrade လုပ်ထားပြီး အင်ဂျင်ရွေးစရာ ၂ မျိုးရှိရာ 1.5T နှင့် 2.0T တို့ ဖြစ်သည်။

1000026297-800x715.jpg

Grille မှာ ဒီဇိုင်းသစ် semi-closed ဖြစ်ကာ ပိုမိုကြီးမားသော HAVAL မီးလင်းလိုဂိုကြီး ထည့်ပေးထားသည်။ ရှေ့မီးကြီးများမှာမူ ယခင်ဒီဇိုင်းအတိုင်း ဖြစ်သည်။နောက်ဘက်တွင်မူ လက်ရှိမော်ဒယ်များ၌ HAVAL လိုဂိုဖြစ်သော်လည်း ယခု Plus မော်ဒယ်တွင်မူ GWM ဟု လိုဂိုပြောင်းထားသည်။အရွယ်အစားမှာ မပြောင်းလဲဘဲ ယခင်အတိုင်းသာဖြစ်ရာ 4705/1908/1780 mm (l/w/h) နှင့် wheelbase မှာ 2810 mm ဖြစ်သည်။အရောင်ရွေးစရာ ၅ မျိုးရှိသည်။

ICE variant တွင် 1.5T (သို့မဟုတ်) 2.0T သုံးထားသည်။
1.5T အင်ဂျင် (model GW4B15L) မှာ အထွက်အား 135 kW (181 hp) နှင့် ရုန်းအား 275 Nm ရှိသည်။

 

1000026309-800x646.jpg

1000026306-800x704.jpg

2.0T အင်ဂျင် (model GW4N20A) မှာ အထွက်အား 175 kW (235 hp) ရှိပြီး ရုန်းအားမှာ 385 Nm ရှိသည်။

ဆီစားနှုန်းမှာ ကီလို ၁၀၀ လျှင် ၇ ဒသမ ၆ လီတာနှင့် ၇ ဒသမ ၉ လီတာ အသီးသီး ဖြစ်သည်။

1000026298-800x517.jpg

PHEV variant တွင် 1.5T အင်ဂျင် (model GW4B15M) နှင့် လျှပ်စစ်မော်တာ ၂ လုံး သုံးထားသည်။ အင်ဂျင်၏ အထွက်အားမှာ 115 kW (154 hp) ရှိပြီး ရုန်းအား 243 Nm ရှိသည်။ရှေ့နောက် မော်တာများမှာ ဆွဲအား ရုန်းအား 70 kW (94 hp)/160 Nm နှင့် 150 kW (201 hp)/350 Nm အသီးသီး ရှိသည်။

1000026295-800x577.jpg

ဘက်ထရီ ရွေးစရာ ၂ မျိုးရှိပြီး 18.74 kWh နှင့် 27.54 kWh တို့ဖြစ်ကာ လျှပ်စစ်သီးသန့်ဖြင့် ၁၀၅ ကီလို၊ ၁၅၀ ကီလို အသီးသီး မောင်းနိုင်သည်။ရှေ့ခန်း အခင်းအကျင်းမှာ လက်ရှိမော်ဒယ်အတိုင်း ဖြစ်သည်။ စတီယာရင်မှာမူ အသစ်ပြောင်းထားရာ two-spoke flat bottom စတီယာရင်ဖြစ်သည်။

1000026302-800x515.jpg

1000026310-800x608.jpg

၁၂ ဒသမ ၃ လက်မ full LCD instrument panel နှင့် ၁၄ ဒသမ ၆ လက်မ central control screen တို့ သုံးပေးထားသည်။Central control screen တွင် ယခင်မော်ဒယ်အတိုင်း Physical button များ ပါသည်။

1000026299-800x615.jpg

1000026303-800x515.jpg

1000026304-800x515.jpg

(CarsDB Team မှ ရေးသား ဖော်ပြသည်။)

Credit: CarsDB.com

Ref: GWM’s Haval Big Dog Plus launched starting at 19,100 USD, available in PHEV and ICE powertrains