- ပင်မစာမျက်နှာ
- ကားသတင်းများ
- အမေရိကန်တွင် သားအဖနှစ်ဦး Tesla Model Y ဖြင့် မိုင်ပေါင်း ၁၂၀၀၀ ခရီးသွား
အမေရိကန်တွင် သားအဖနှစ်ဦး Tesla Model Y ဖြင့် မိုင်ပေါင်း ၁၂၀၀၀ ခရီးသွား
- 419 views
Tesla Model Y ကားပိုင်ရှင်တစ်ဦးဖြစ်သူ Simon Wong နှင့် ၁၂ နှစ်အရွယ်သားဖြစ်သူတို့သည် အမေရိကန် ပြည်ထောင်စု၏ အရပ်လေးမျက်နှာသို့ မိုင်ပေါင်း ၁၂၀၀၀ ခရီးထွက်ခဲ့ရာတွင် Model Y ၏ ကောင်းခြင်း အစစ်အမှန်များကို ရှာဖွေတွေ့ရှိလာသည်။
Tesla တွင် အားသွင်းစခန်းနေရာများကို ပြသသော internal system ကို အသုံးပြုကာ နိုင်ငံတဝန်း ခရီးလမ်းကြောင်းများကို စီစဉ်ခဲ့သည်။
တခါတရံတွင် တစ်ရက်လျှင် မိုင် ၆၀၀ အထိ မောင်းနှင်ခဲ့ကြသည်။
လမ်းတွင် အားသွင်းရန်အတွက် ၁၅ မိနစ် ခန့် ခရီးတထောက်နားခြင်းမျိုးသာ လုပ်ခဲ့၏။
“ငါတို့ သွားကိုသွားရမယ့်နေရာ ၄ ခုရှိတယ်။ ဆန်ဒီယေဂို၊ ကီးဝက်စ်၊ မိန်းနဲ့ ဆီယက်တဲပဲလို့ ကျွန်တော်တို့ ပြောခဲ့ကြတယ်” ဟု ဆိုင်မွန်က ပြောသည်။
“ဘယ်လောက်မောင်းမယ်၊ အိပ်မယ်ဆိုတာကို ဆုံးဖြတ်ဖို့အတွက် Tesla ရဲ့ ကွန်ပြူတာကိုပဲ အားကိုးခဲ့ပါတယ်”
ညအခါများတွင် Tesla ၏ Camp Mode ကိုသုံးကာ ကားထဲတွင်ပင်အိပ်စက်ကြရာ ပုံမှန်အတိုင်း ဟိုတယ်များ တွင် တည်းခိုခြင်းမျိုးထက် အချိန်နှင့်ငွေကုန် သက်သာခဲ့သည်။
ခရီးစဉ်တခုလုံးတွင် ကားအားသွင်းရခြင်းအတွက် ဒေါ်လာ ၇၅၀ မျှသာ သုံးခဲ့ရကြောင်း ဆိုင်မွန်က ခန့်မှန်း ပြောကြားသည်။
ထိုပမာဏမှာ အလားတူခရီးအကွာအဝေးအတွက် ဆီကားဖြင့်သွားမည်ဆိုလျှင် ၂ ဆနီးပါး ကုန်ကျမည် ဖြစ်သည်။
ငွေကုန်သက်သာမှု အကျိုးကျေးဇူးအပြင် ယခုကဲ့သို့ စူးစမ်းလေ့လာသည့်ခရီးထွက်ခြင်းအားဖြင့် ကယ်လီဖိုးနီးယားတောင်ပိုင်း ဆင်ခြေဖုံးဒေသနှင့်သာ ရင်းနှီးထိတွေ့ခဲ့ရသော ဆိုင်မွန်တို့ သားအဖအတွက် အမေရိကန်ပြည်တဝန်းရှိ ကွဲပြားသော ယဉ်ကျေးမှုများကို ထိတွေ့ခွင့်ရရှိလာစေသည်။
အချို့ယာဉ်မောင်းများမှာ EV ဖြင့် ခရီးဝေးသွားရမည်ကို စိုးရိမ်ကြသည်။
ဆိုင်မွန်တို့သားအဖက ထိုစိုးရိမ်မှုများ မှားယွင်းကြောင်း သက်သေပြနေသည်။
EV ဖြင့် ခရီးသွားခြင်းမှာ ဆီကားများနှင့်ယှဉ်လျှင် ကာဗွန်ဒိုင်အောက်ဆိုဒ်ထုတ်လွှတ်မှု အလွန်နည်းပါးသည်။
အမေရိကန်ရှိ အချို့ပြည်နယ်များတွင် EV ပြောင်းစီးမည့်သူများအတွက် ကြီးမားသည့် မက်လုံးများ ပေးအပ်နေ သည်။
အားသွင်းစခန်းများ ရှာဖွေရခြင်းမှာ ကြိုတင်အစီအစဉ်ချထားရန် လိုအပ်သော်လည်း ဆိုင်မွန်တို့အတွက်မူ Model Y က အစီအစဉ်ချမှု လွယ်ကူစေရန် ကူညီပေးသည်။
ဆိုင်မွန်သည် နည်းပညာနယ်ပယ်တွင် အလုပ်လုပ်နေသူတစ်ဦးဖြစ်သည်။
အလုပ်ထုတ်ခံလိုက်ရပြီးနောက် ယခုခရီးစဉ်မှာ သားအဖ ၂ ဦးကြား ပိုမိုနွေးထွေးသည့်အခွင့်အလမ်းတစ်ခု အဖြစ် ဆိုင်မွန်က ရှုမြင်သည်။
“အဲဒီအလုပ်က တကယ့်ကို စိတ်ဖိအားများတယ်။ ကျွန်တော့် မိသားစု ၊ ကျွန်တော့်သားနဲ့ အချိန်များများ မပေးနိုင်ခဲ့ဘူး”ဟု ဆိုင်မွန်က ပြောသည်။
(CarsDB Team မှ ရေးသား ဖော်ပြသည်။)
Credit: CarsDB.com
Ref: Father-son duo take a 28-day, 12,000-mile road trip in their Tesla Model Y — here’s what they learned (yahoo)