Li Auto က ကီလို ၇၂၀ range ရှိသော i6 BEV SUV ကို စက်တင်ဘာ ၂၆ ရက်တွင် စတင်မိတ်ဆက်မည်

  • 7 views

e59bbee78987-162-e1757994305934-1536x865.jpg

Li Auto i6 မော်ဒယ်ကို စက်တင်ဘာလ ၂၆ ရက်တွင် စတင်မိတ်ဆက်မည်ဖြစ်ကြောင်း စက်တင်ဘာ ၁၆ ရက်တွင် ကြေညာသည်။

မောင်းနိုင်သည့် အမြင့်ဆုံး range မှာ ကီလို ၇၂၀ ဖြစ်ပြီး စွမ်းအင်သုံးစွဲမှုနှုန်းမှာ 13.6kWh/100km ဖြစ်သည်။ i6 ကို 800V high-voltage pure electric architecture ဖြင့် တည်ဆောက်ထားပြီး variant အားလုံးတွင် 5C လီသီယမ် အိုင်းယွန်း ဖော့စဖိတ် ဘက်ထရီကို သုံးထားသည်။i6 သည် Li Auto ၏ ဒုတိယမြောက် pure electric SUV ဖြစ်ပြီး အတန်းအစားအားဖြင့် five-seat mid-to-large-size SUV ဖြစ်သည်။

ရုပ်ထွက်ကို ကြည့်မည်ဆိုလျှင် Li Auto ၏ နောက်ဆုံး design language ကို သုံးထားသည်။ လေကာမှန်အောက်တွင် star-ring daytime running light များရှိပြီး အမိုးပေါ်တွင် LiDAR sensor ပါသည်။ အမိုးလိုင်းမှာ i8 ထက်ပိုမို နိမ့်လျှောမှုရှိကာ နောက်ဘက်ဘေးမှန်များ ပိုမိုသေးငယ်သည်။

e59bbee78987-165.jpg

Side of Li i6.

 

ကားနံပါတ်ပြားထားရှိရန်အတွက် tailgate ၏ အလယ်တွင် နေရာပြုလုပ်ပေးထားသည်။

i6 ၏ အရွယ်အစားမှာ 4950×1935×1655/1670mm ဖြစ်ပြီး wheelbase မှာ 3000mm ဖြစ်သည်။

Performance ကို ကြည့်မည်ဆိုလျှင် 5C lithium iron phosphate ဘက်ထရီမှာ ၁၀ မိနစ် အားသွင်းလျှင် ကီလို ၅၀၀ မောင်းနိုင်မည့်အား ရရှိသည်။

နောက်ယက်နှင့် AWD ၂ မျိုးလာသည်။နောက်ယက်မော်ဒယ်တွင် 250 kW (335 hp) မော်တာ သုံးထားသည်။ AWD တွင်မူ အထွက်အား 150kW (201 hp) ရှိ ရှေ့မော်တာနှင့် 250kW (335 hp) နောက်မော်တာဟူ၍ ၂ လုံးပါသည်။

 

e59bbee78987-166.jpg

Rear of Li i6.

Li Auto သည် မူလက ယွမ် ၂၅၀၀၀၀ မှ ၃၀၀၀၀၀ ကြား (ကန်ဒေါ်လာ ၃၄၇၅၀ မှ ၄၁၇၀၀ ကြား) ဈေးတန်းဖြင့် ရောင်းချရန် ရည်မှန်းထားသော်လည်း ဈေးကွက်တွင် မိတ်ဆက်ချိန်၌ ရောင်းအား ကောင်းစေရန်အတွက် ယွမ် ၂၀၀၀၀၀ မှ ၂၅၀၀၀၀ ကြား (ကန်ဒေါ်လာ ၂၇၈၀၀ မှ ၃၄၇၅၀ ကြား) သို့ လျှော့ချပေးဖွယ် ရှိသည်။

Li Auto အနေဖြင့် အမြတ် margin ၂၀ ရာခိုင်နှုန်း ထိန်းထားနိုင်ရန်နှင့် လစဉ်ရောင်းအား အစင်းရေ ၂၀၀၀၀ ရှိရန် လိုအပ်ကြောင်း Morgan Stanley ဘဏ်ကြီးက ပြောသည်။

(CarsDB Team မှ ရေးသား ဖော်ပြသည်။)

Credit: CarsDB.com

Ref: Li Auto’s i6 BEV SUV set to launch on September 26 with 720km range and 5C battery (carnewschina)