• ပင်မစာမျက်နှာ
  • ကားသတင်းများ
  • ဂျာမနီတွင် အမျိုးသားတစ်ဦးမှာ ဂိုဒေါင်တစ်ခုထဲတွင် ကားရပ်ထားခဲ့သည်ကို မေ့သွားခဲ့ပြီး ကားအခိုးခံရသည်ဟု ရဲစခန်းတွင် တိုင်တန်း၊ နှစ် ၂၀ အကြာတွင် ရပ်ခဲ့သောနေရာ၌ ပြန်လည်တွေ့ရှိ

ဂျာမနီတွင် အမျိုးသားတစ်ဦးမှာ ဂိုဒေါင်တစ်ခုထဲတွင် ကားရပ်ထားခဲ့သည်ကို မေ့သွားခဲ့ပြီး ကားအခိုးခံရသည်ဟု ရဲစခန်းတွင် တိုင်တန်း၊ နှစ် ၂၀ အကြာတွင် ရပ်ခဲ့သောနေရာ၌ ပြန်လည်တွေ့ရှိ

  • 37 views

old-car.jpg
ဂျာမနီနိုင်ငံ၊ ဖရန့်ဖတ်မြို့တွင် ၁၉၉၇ ခုနှစ်အတွင်း အမျိုးသားတစ်ဦးက ကားအခိုးခံရသည်ဟုဆိုကာ ရဲတပ်ဖွဲ့သို့ တိုင်တန်းခဲ့သည်။

နောင်နှစ်ပေါင်း ၂၀ ကြာသောအခါ ရဲတပ်ဖွဲ့က ထိုအမျိုးသား၏ ကားကို ရှာဖွေတွေ့ရှိခဲ့သည်။ 

ထိုအခါတွင်မှ သိရှိလာသည်မှာ ကားအခိုးခံရခြင်းမဟုတ်ဘဲ ၎င်းကားရပ်ထားခဲ့သည်ကို မေ့လျော့သွားကာ ကားခိုးခံရသည်ဟု မှတ်ထင်ခဲ့ခြင်းဖြစ်ကြောင်း သိလာရသည်။

ရဲတပ်ဖွဲ့က ကားကို တွေ့ရှိခဲ့သည့်နေရာမှာ စက်ရုံအဆောက်အအုံဟောင်းတစ်ခု၏ ဂိုထောင်ထဲတွင်ဖြစ်ပြီး ထိုဂိုဒေါင်ကို ဖျက်သိမ်းရန် ပြင်ဆင်နေချိန် ဖြစ်သည်။

ဖြိုချမည့် အဆောက်အအုံထဲတွင် ကားကို တွေ့ရသောကြောင့် ရဲတပ်ဖွဲ့ထံ သတင်းပို့ခဲ့ရာ ရဲတပ်ဖွဲ့က ကားပိုင်ရှင် မည်သူဖြစ်သည်ကို စုံစမ်းခဲ့သည်။

ဂျာမန်သတင်းစာ Augsberger Allgemein ၏ ဖော်ပြချက်အရ အသက် ၇၆ နှစ်အရွယ်ရှိနေပြီဖြစ်သော အမျိုးသားကြီးနှင့် ၎င်း၏ သမီးဖြစ်သူကို ရဲတပ်ဖွဲ့က ထိုနေရာသို့ ခေါ်ဆောင်ပြသခဲ့ရာ ကားနှင့် ပြန်လည်ဆုံစည်းခဲ့သည်။

သို့သော် ကားမှာ မောင်းမရတော့ရာ ဖျက်သိမ်းပစ်ရတော့မည့် အခြေအနေဖြစ်သည်။

“ဒီကားက မောင်းလို့မရတော့ပါဘူး။ ကားသင်္ချိုင်းကို ပို့ရမှာပါပဲ” ဟု ဖရန့်ဖတ် အာဏာပိုင်တို့က ပြောသည်။

ဂျာမနီတွင် အလားတူ အခြားဖြစ်ရပ်တစ်ခုလည်း ဖြစ်ပေါ်ခဲ့ဖူးသည်။

အမျိုးသားတစ်ဦးသည် မြူးနစ်မြို့တွင် တစ်နေရာတွင် ကားရပ်နားလိုက်ကာ သောက်စားနေခဲ့ပြီးနောက် မည်သည့်နေရာတွင် ကားရပ်ခဲ့သည်ကို မေ့သွားခဲ့ပြီး ၂ နှစ်ကြာမှ ကားနှင့် ပြန်လည်ဆုံစည်းခဲ့သည်။

သို့နှင့် ကားပျောက်ဆုံးကြောင်း ရဲတပ်ဖွဲ့ထံ တိုင်တန်းခဲ့သည်။ ရဲတပ်ဖွဲ့က ၎င်းကားရပ်ခဲ့သည်ဟု ပြောသောနေရာမှ ၄ ကီလိုမီတာ ဝေးသောနေရာတွင် ကားကို ပြန်လည်တွေ့ရှိခဲ့သည်။

ကားထဲငွေ ယူရိုငွေ ၄၀၀၀၀ နှင့်အတူ ယူရို ၅၀၀၀၀ တန်ကြေးရှိ ပစ္စည်းကိရိယာများလည်း ရှိနေသည်။

ထို့အပြင် စကော့တလန်မှ အမျိုးသားတစ်ဦးသည်လည်း မန်ချက်စတာမြို့တွင် Stoneroses ရော့ခ်ဂီတအဖွဲ့၏ ဖျော်ဖြေပွဲကို ကြည့်ရှုစဉ် ကားပျောက်ဆုံးသွားခဲ့သည်။

၅ ရက်ခန့် ရှာဖွေပြီးနောက် လက်လျှော့လိုက်ပြီး ကားအခိုးခံရကြောင်း တိုင်တန်းခဲ့သည်။

သို့သော် ၆ လအကြာတွင် ၎င်းရပ်နားထားခဲ့သောနေရာတွင် ပြန်လည်တွေ့ရှိခဲ့သည်။ ထိုသူမှာ ကားရပ်ခဲ့သည့်နေရာကို မေ့လျော့သွားခဲ့ခြင်း ဖြစ်သည်။

၆ လစာ ကားရပ်နားခ ပေါင် ၅၀၀၀ ကျော် ပေးဆောင်လိုက်ရသည်။

(CarsDB Team မှ ရေးသား ဖော်ပြသည်။)

Credit: CarsDB.com

Ref: Man forgets where he parks his car - then finds it 20 years later (independent)