- ပင်မစာမျက်နှာ
- ကားသတင်းများ
- Voyah Dream MPV ကို တရုတ်ပြည်တွင် ဒေါ်လာ ၄၆၃၀၀ ဖြင့် စတင်ရောင်းချပေးလာ၊ EV range မှာ ကီလို ၃၅၀ မောင်းနိုင်
Voyah Dream MPV ကို တရုတ်ပြည်တွင် ဒေါ်လာ ၄၆၃၀၀ ဖြင့် စတင်ရောင်းချပေးလာ၊ EV range မှာ ကီလို ၃၅၀ မောင်းနိုင်
- 39 views
Dongfeng မှ ထုတ်လုပ်သော ၂၀၂၆ မော်ဒယ် Voyah Dream 5.3-meter minivan ကို တရားဝင် စတင်ရောင်းချပေးလာပြီး BEV နှင့် PHEV ဟူ၍ powertrain variant ၂ မျိုး ရနိုင်သည်။
Voyah Dream တွင် Huawei ၏ နည်းပညာများကိုလည်း အသုံးပြုထားပြီး ဈေးနှုန်းမှာ အနိမ့်ဆုံး ယွမ် ၃၂၉၉၀၀ (ကန်ဒေါ်လာ ၄၆၃၀၀) မှ စသည်။
PHEV variant တွင် 62.5 kWh ဘက်ထရီအသုံးပြုထားပြီး လျှပ်စစ်သီးသန့်ဖြင့် ကီလို ၃၅၀ မောင်းနိုင်သည်။
Voyah Dream minivan ကို တရုတ်ပြည်တွင် ၂၀၂၂ ခုနှစ်၌ စတင်မိတ်ဆက်ခဲ့ခြင်း ဖြစ်သည်။
၂၀၂၄ ခုနှစ်၊ သြဂုတ်လတွင် ရုပ်ပြောင်း variant ကို တရုတ်ပြည်ဈေးကွက်တွင် ရောင်းချပေးခဲ့ပြီး Huawei ၏ နည်းပညာများ ပါဝင်လာသည်။
Update လုပ်ထားသော Dream မော်ဒယ်မှာ နာမည်ကျော်လာပြီး ၁၂ လအတွင်း အစင်းရေ ၈၅၆၂၇ ရောင်းချခဲ့ရကြောင်း China EV DataTacker က ဖော်ပြသည်။
၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၁၅ ရက်တွင်မူ ၂၀၂၆ မော်ဒယ် Dream minivan ကို စတင်မိတ်ဆက်လာခြင်း ဖြစ်သည်။
(( ၂၀၂၆ မော်ဒယ် Voyah Dream အကြောင်း))
၂၀၂၆ မော်ဒယ် Voyah Dream သည် ၂၀၂၄ ရုပ်ထွက် design language အတိုင်းပင် ဖြစ်သည်။
အရောင်အနေဖြင့် ရွေးချယ်စရာ ၆ မျိုးလာရာ အနက်၊ အဖြူ၊ ခရမ်း၊ အနီ၊ ရွှေရောင်နှင့် အပြာတို့ ဖြစ်သည်။
Voyah Dream ၏ အရွယ်အစားမှာ 5315/1980/1820 mm ရှိပြီး wheelbase မှာ 3,200 mm ဖြစ်သည်။
အတွင်းပိုင်း ခုံအခင်းအကျင်းမှာ 2+2+3 ပုံစံဖြစ်သည်။
2026 model year Voyah Dream minivan
Center console တွင် ၁၅ ဒသမ ၆ လက်မ touchscreen ကြီးရှိပြီး Huawei ၏ HarmonyOS ကို သုံးထားသည်။
ယာဉ်မောင်းအတွက် ၂၉ လက်မရှိသော head-up display ရှိသည်။
ဒုတိယမှ passenger များအတွက်လည်း ၁၇ ဒသမ ၃ လက်မအရွယ်အစားရှိ ceiling-mounted screen တစ်ခုထားပေးထားကာ ၁၃ လီတာ အကျယ်အဝန်းရှိ ရေခဲသေတ္တာနှင့် power sunshade များ ပါသည်။
၂၀၂၆ မော်ဒယ် Voyah Dream တွင် Kunpeng နှင့် Qiankun ဟူသော variant သစ်များ ပါလာသည်။
ပထမ variant တွင် Huawei ၏ ADS4 driver assistance system မပါ။ သို့သော် Voyah Dream Qiankun တွင်မူ ADS4 အသုံးပြုထားရာ ထိုစနစ်ပါသည့် ကမ္ဘာ့ပထမဆုံး MPV ဟု ဆိုနိုင်သည်။
192-line LiDAR တစ်ခုနှင့် millimeter-wave ၃ ခုပါသည်။
Dream MPV ၏ PHEV variant တွင် 62.5 kWh ဘက်ထရီနှင့် 5C charging system တို့ သုံးထားသည်။
လျှပ်စစ်သီးသန့်ဖြင့် ကီလို ၃၅၀ မောင်းနိုင်သည်။
Dream minivan တွင် 1.5-liter turbocharged အင်ဂျင်ပါပြီး အထွက်အား 110 Kw ရှိသည်။
ထို့အပြင် လျှပ်စစ်မော်တာ ၂ လုံး အသုံးပြုထားရာ စုစုပေါင်း အထွက်အားမှာ 480 kW (644 hp) ရှိသည်။
အမြန်နှုန်း တင်နိုင်စွမ်းအနေဖြင့် 100 km/h ကို ၅ ဒသမ ၉ စက္ကန့်အတွင်း ရနိုင်သည်။
((မော်ဒယ်နှင့် ဈေးနှုန်းများ))
Voyah Dream Kunpeng Pro PHEV = ၃၂၉၉၀၀ ယွမ် (၄၆၃၀၀ ဒေါ်လာ)
Voyah Dream Kunpeng Max PHEV =၃၅၉၉၀၀ ယွမ် (၅၀၅၂၀ ဒေါ်လာ)
Voyah Dream Kunpeng Max EV =၃၆၉၉၀၀ ယွမ် (၅၁၉၂၀ ဒေါ်လာ)
Voyah Dream Qiankun Pro PHEV =၃၅၉၉၀၀ ယွမ် (၅၀၅၂၀ ဒေါ်လာ)
Voyah Dream Qiankun Max PHEV =၃၈၉၉၀၀ ယွမ် (၅၄၇၂၅ ဒေါ်လာ)
Voyah Dream Qiankun Max EV =၃၉၉၉၀၀ ယွမ် (၅၆၁၃၀ ဒေါ်လာ)
Voyah Dream Qiankun Ultra PHEV =၄၂၉၉၀၀ ယွမ် (၆၀၃၄၀ ဒေါ်လာ)
Voyah Dream Qiankun Ultra EV =၄၃၉၉၀၀ ယွမ် (၆၁၇၄၀ ဒေါ်လာ)
(CarsDB Team မှ ရေးသား ဖော်ပြသည်။)
Credit: CarsDB.com
Ref: Voyah Dream 5.3-meter MPV with 350 km of EV range launched in China for 46,300 USD (carnewschina)