Huawei ၏ Saic H5 SUV မှာ အစင်းရေ 80,000 pre-order ရောင်းချထားရ

  • 22 views

1234.jpg

Saic H5 SUV သည် တရုတ်ပြည်တွင် pre-sale စတင်ရောင်းချပေးခဲ့ပြီး ၁၄ ရက်အတွင်း အစင်းရေ ၈၀၀၀၀ ရောင်းချထားရပြီ ဖြစ်သည်။

အဆိုပါ SUV ကို ရှန်ဟိုင်း ကားလုပ်ငန်း ကော်ပိုရေးရှင်း (SAIC) နှင့် Huawei တို့ ပူးပေါင်း ထုတ်လုပ်ထားခြင်း ဖြစ်သည်။

ဈေးနှုန်းမှာ ယွမ် ၁၆၉၈၀၀ (ကန်ဒေါ်လာ ၂၃၈၀၀) ဖြစ်ပြီး ကား၏ အလျားမှာ ၄၇၈၀ မီလီမီတာ ရှိကာ BEV နှင့် EREV variant များ ရွေးစရာရှိမည် ဖြစ်သည်။

hima_brands_chengdu-1536x864.jpg

Hima brands at the Chengdu Auto Show 2025. Credit: HIMA

ယခုမော်ဒယ်သစ်၏ ပြည်တွင်းအမည်မှာ Shangjie ဖြစ်ပြီး Huawei ဦးဆောင်သော တရုတ်ပြည် ကားလောက ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့  (HIMA) ၏ အစိတ်အပိုင်းတစ်ခုဖြစ်ကာ Aito, Luxeed, Stelato နှင့် Maextro တို့ကဲ့သို့ brand များ ပါဝင်သည်။

ယခုမော်ဒယ် မထွက်လာသေးမီက “Shangjie” ဟုသာ ရည်ညွှန်းခေါ်ဝေါ်ခဲ့ကြသည်။

 

saic_h5-9-800x450.jpg

Saic H5 at the Chengdu Auto Show

saic_h5-10-800x450.jpg

Saic H5 at the Chengdu Auto Show

saic_h5-11-800x450.jpg

Saic H5 at the Chengdu Auto Show

 

ယခုမော်ဒယ်၏ နိုင်ငံတကာအမည်မှာ SAIC ဖြစ်သည်။ ထိုအမည်မှာ ရှန်ဟိုင်း ကားလုပ်ငန်း ကော်ပိုရေးရှင်း (SAIC) နှင့် နာမည်ချင်းတူနေသည်။

Huawei ၏ ယခုကား ထုတ်လုပ်ရာတွင်လည်း platform နှင့် ထုတ်လုပ်ရေးကဏ္ဍကို SAIC က တာဝန်ယူထားခြင်း ဖြစ်သည်။

ယခု ကားမော်ဒယ်နှင့် ရှန်ဟိုင်းကားလုပ်ငန်း ကော်ပိုရေးရှင်းတို့၏ အမည်များကို ခွဲခြားဖော်ပြနိုင်ရန်အတွက် ကားမော်ဒယ်ကို အသေးစာလုံးများ အသုံးပြုထားပြီး ကုမ္ပဏီ၏ အမည်ကိုမူ အကြီးစာလုံးများ အသုံးပြုထားပါသည်။

Saic H5 မှာ Presale စတင်ရောင်းချပေးပြီး စက်တင်ဘာ ၈ ရက်သို့ အရောက်တွင် အစင်းရေ ၈၀၀၀၀ အမှာစာ ရရှိထားပြီဖြစ်ကြောင်း Saic မှ ထုတ်ပြန်သည်။

သြဂုတ်လ ၂၅ ရက်မှ စတင်ပြီး pre-sale စတင်ရောင်းချပေးခဲ့ခြင်း ဖြစ်သည်။

၁၄ ရက်အတွင်း အစင်းရေ ၈၀၀၀၀ ရောင်းအားမှာ သင့်တင့်သော ရောင်းအားဟု ဆိုရမည်ဖြစ်သော်လည်း အစင်းရေ ၅၀၀၀၀ မှာ Pre-sale စတင်ရောင်းချပြီး ၁၈ နာရီအတွင်း အမှာစာ ရရှိခဲ့ခြင်း ဖြစ်သည်။

H5 ကို စက်တင်ဘာ ၂၃ ရက်တွင် တရားဝင် စတင်ရောင်းချပေးမည်ဟု ဆိုသည်။ 

Presale ရောင်းချပေးခဲ့သည့် ဈေးနှုန်းမှာ ယွမ် ၁၆၉၈၀၀ (ကန်ဒေါ်လာ ၂၃၈၀၀) ဖြစ်သည်။

Saic H5 သည် mid-size SUV ဖြစ်ပြီး အရွယ်အစားမှာ 4780/1910/1664 mm ရှိကာ wheelbase မှာ 2,840 mm ဖြစ်သည်။

Five-seat ကားဖြစ်ပြီး အမိုးပေါ်တွင် LiDAR , center console တွင် ကြီးမားသော floating touchscreen ၊ D ပုံသဏ္ဍာန် စတီယာရင်တို့ ပါဝင်ပြီး စတီယာရင် နောက်ဘက်တွင် gear shifter ရှိသည်။

(( Saic H5 ၏ ဈေးနှုန်းများ))

Saic H5 EREV Pro – ၁၆၉၈၀၀ ယွမ် (၂၃၈၀၀ ဒေါ်လာ)
Saic H5 EREV Max – ၁၈၉၈၀၀ ယွမ် (၂၆၆၀၀ ဒေါ်လာ)
Saic H5 BEV Pro – ၁၇၅၈၀၀ ယွမ် (၂၄၆၅၀ ဒေါ်လာ)
SAIC H5 BEV Pro LR – ၁၈၉၈၀၀ ယွမ် (၂၆၆၀၀ ဒေါ်လာ)
SAIC H5 BEV Max – ၁၉၅၈၀၀ ယွမ် (၂၇၄၅၀ ဒေါ်လာ)
SAIC H5 BEV Max LR – ၂၀၉၈၀၀ ယွမ် (၂၉၄၁၀ ဒေါ်လာ)

saic_h5-4-1536x864.jpg

Saic H5 crossover

 

(CarsDB Team မှ ရေးသား ဖော်ပြသည်။)

Credit: CarsDB.com

Ref: Huawei’s Saic H5 new energy SUV got 80,000 orders in China (carnewschina)