Geely က ၎င်း၏ မော်ဒယ်သစ် Lynk & Co 10 EM-P ဆီဒင်ကို ကန်ဒေါ်လာ ၂၂၈၀၀ ဖြင့် စတင်ရောင်းချ

  • 60 views

e59bbee78987-77-1536x701.jpg
Geely ၏ အမှတ်တံဆိပ်တစ်ခုဖြစ်သော Lynk & Co သည် မော်ဒယ်သစ် 10 EM-P plug-in hybrid ကို စက်တင်ဘာ ၈ ရက်တွင် တရားဝင် စတင်ရောင်းချလာသည်။

ထိုမော်ဒယ်တွင် lineup ၄ မျိုး ရနိုင်ရာ 120 AWD Ultra, 240 AWD Ultra, 240 AWD Ultra Sport နှင့် 120 AWD Halo တို့ ဖြစ်သည်။Lynk & Co 10 EM-P ၏ ဈေးတန်းမှာ ယွမ် ၁၆၃၈၀၀ မှ ၂၀၁၈၀၀ ကြား (ကန်ဒေါ်လာ ၂၂၈၀၀ မှ ၂၈၀၀၀ ကြား) ရှိသည်။

10 EM-P တွင် Geely ၏ “The Next Day” design language ကို သုံးထားသည်။

e59bbee78987-78-1536x788.jpg

Lynk & Co 10 EM-P.

အရွယ်အစားမှာ 5050/1966/1487mm in l/w/h ရှိပြီး wheelbase မှာ 3005mm ရှိသည်။

နည်းပညာပိုင်းအနေဖြင့် ၂၅ ဒသမ ၆ လက်မ AR-HUD (Augmented Reality Head-Up Display) နှင့် ၁၂ ဒသမ ၆၆ လက်မရှိ high-definition LCD instrument cluster တို့ကို တွေ့ရသည်။

၁၅ ဒသမ ၄ လက်မ central control screen ဖြင့် မျိုးဆက်သစ်  Lynk Flyme Auto infotainment system ကို အသုံးပြုနိုင်မည်ဖြစ်ပြီး Qualcomm Snapdragon 8295 chip ကို သုံးထားသည်။

e59bbee78987-79-800x600.jpg

 

e59bbee78987-80-800x533.jpg

မိုဘိုင်းဖုန်းဖြင့် ချိတ်ဆက်နိုင်မည့် option များအနေဖြင့် ICCOA1.6, HiCar နှင့် CarPlay တို့ ရှိသည်။

Lynk & Co 10 EM-P  သည် EM-P plug-in hybrid စနစ်ကို သုံးထားပြီး 1.5T hybrid အင်ဂျင်သစ် ထည့်သွင်းထားကာ စုစုပေါင်း အထွက်အား 390 kW (523 hp) နှင့် အမြင့်ဆုံး ရုန်းအား 755 Nm ရှိသည်။

မော်ဒယ်အားလုံးမှာ All-wheel drive ဖြစ်သည်။

e59bbee78987-81-1536x1152.jpg

Side of Lynk & Co 10 EM-P.

240 ဗားရှင်းတွင် 38.2kWh အားရှိသော Super Hybrid Energee ဘက်ထရီကို သုံးထားပြီး လျှပ်စစ်သီးသန့်ဖြင့်  ၂၄၀ ကီလို မောင်းနိုင်ပြီး စုစုပေါင်း range မှာ ကီလို ၁၄၀၀ အထိ မောင်းနိုင်သည်။

120 version တွင်မူ18.4kWh ဘက်ထရီသုံးထားပြီး လျှပ်စစ်သီးသန့်ဖြင့် ၁၂၀ ကီလိုမောင်းနိုင်ကာ စုစုပေါင်း range မှာ ကီလို ၁၃၀၀ ရှိသည်။

(CarsDB Team မှ ရေးသား ဖော်ပြသည်။)

Credit: CarsDB.com

Ref: Lynk & Co 10 EM-P sedan with 523 hp launched, starting from 22,800 USD