• ပင်မစာမျက်နှာ
  • ကားသတင်းများ
  • Changan က ၁ စက္ကန့်အားသွင်းလျှင် ၁ ကီလိုမောင်းနိုင်သည့် 6C ဘက်ထရီသုံး Nevo A06 ဆီဒင်ကို စတင်ချပြလာ ၊ BEV နှင့် EREV ဟု variant ၂ မျိုးလာမည်

Changan က ၁ စက္ကန့်အားသွင်းလျှင် ၁ ကီလိုမောင်းနိုင်သည့် 6C ဘက်ထရီသုံး Nevo A06 ဆီဒင်ကို စတင်ချပြလာ ၊ BEV နှင့် EREV ဟု variant ၂ မျိုးလာမည်

  • 23 views

1000.jpg

Changan သည် ၎င်း၏ မော်ဒယ်သစ် Nevo A06 ဆီဒင်ကို တရားဝင်ချပြလာသည်။ Nevo A06 တွင် BEV နှင့် EREV ဟူ၍ variant ၂ မျိုးရနိုင်မည်ဟု ဆိုသည်။

Nevo A06 တွင် 6C ဘက်ထရီကို သုံးထားသည်။ ထိုဘက်ထရီသည် ၁ စက္ကန့် အားသွင်းလျှင် ၁ ကီလိုမီတာ မောင်းနိုင်သည့်အား ရရှိကြောင်း တရားဝင်ထုတ်ပြန်ထားသည့် ဘက်ထရီဖြစ်သည်။

၂၀၂၅ နှစ်ကုန်ပိုင်းတွင် ဈေးကွက်သို့ ဝင်ရောက်လာမည်ဟု ခန့်မှန်းထားသည်။

1000025758.png

Nevo A06 ၏ အရွယ်အစားမှာ 4885/1916/1496 mm (l/w/h) ရှိပြီး wheelbase မှာ 2922 mm ဖြစ်ကာ Changan ၏ SDA (Super DNA) platform ဖြင့် ထုတ်လုပ်ထားသည်။

အမိုးပေါ်တွင် LiDAR ၁ ခု၊ millimeter-wave ရေဒါ ၃ ခု၊ ultrasonic ရေဒါ ၁၂ ခု၊ ကင်မရာ ၁၁ လုံး ပါဝင်ပြီး level 2 အဆင့် ADAS စွမ်းဆောင်ရည် ရှိသည်။

၂၂၅၈ မီလီမီတာ ရှည်လျားသော ရှေ့မီးကြီးကို LED ၂၃၆ လုံးဖြင့် ဖွဲ့စည်းထားပြီး ပြုံးနေသောမျက်နှာဟန် ပုံဖော်ထားသည်။

1000025760-800x574.png

Full body view.

BEV variant တွင် high-power ဗားရှင်းနှင့် Low-power ဗားရှင်းဟု ၂ မျိုးရနိုင်သည်။

High-power ဗားရှင်းတွင် အထွက်အား 210 kW (282 hp) ရှိသော လျှပ်စစ်မော်တာကို သုံးထားပြီး low-power ဗားရှင်းတွင်မူ 120 kW (161 hp) အားရှိသော မော်တာကို သုံးထားသည်။

လီသီယမ် အိုင်းယွန်း ဖော့စဖိတ် ဘက်ထရီများသုံးထားပြီး ရွေးချယ်စရာ ၃ မျိုးရှိရာ 42.12 kWh, 51.48 kWh နှင့် 63.18 kWh ဘက်ထရီများဖြစ်ပြီး CLTC range အနေဖြင့် ၄၂၀ ကီလို၊ ၅၁၀ ကီလိုနှင့် ၆၃၀ ကီလိုဟု အစားစား ရှိသည်။

1000025752-800x466.jpg

Full body view.

High-power ဗားရှင်းတွင် 0 to 60 km/h အမြန်နှုန်းကို ၆ စက္ကန့်အတွင်း ရနိုင်သည်။

EREV variant တွင်မူ 1.5L naturally aspirated အင်ဂျင်ကို range-extender အနေဖြင့် သုံးထားပြီး အထွက်အားမှာ 72 kW (97 hp) ရှိသည်။ ထို variant တွင် 120 kW အားရှိသော မော်တာနှင့် 28.39 kWh ဘက်ထရီတို့ သုံးထားပြီး လျှပ်စစ်သီးသန့်ဖြင့် မောင်းလျှင် ၁၈၀ ကီလို မောင်းနိုင်မည် ဖြစ်သည်။

1000025751-800x615.jpg

Front view.

 

dc3e00da-f360-4baf-bfce-a01e1e03b5e0-1_all_10077-800x363.png

Front view.

6C အမြန်အားသွင်းစနစ်ဖြင့်ဆိုလျှင် ၃၀ မှ ၈၀ ရာခိုင်နှုန်းအထိ ရရန် ၉ မိနစ်သာ ကြာမြင့်ပြီး ၁၀ ရာခိုင်နှုန်းမှ ၈၀ ရာခိုင်နှုန်းကို အားသွင်းလျှင် ၁၂ မိနစ်ဖြစ်သည်။

 

1000025755.jpg

1000025756-800x355.jpg

1000025757-800x405.jpg

1000025753.jpg

1000025765.jpg

1000025766.jpg

 

(CarsDB Team မှ ရေးသား ဖော်ပြသည်။)

Credit: CarsDB.com

Ref: Changan debuts Nevo A06 sedan wit
h 6C battery, available in BEV and EREV (carnewschina)