- ပင်မစာမျက်နှာ
- ကားသတင်းများ
- Ferrari ၏ ဥက္ကဋ္ဌနှင့် မိသားစု ဒဏ်ငွေ ဒေါ်လာ ၂၁၄ သန်း ပေးဆောင်ရန်နှင့် ပြည်သူ့ဝန်ဆောင်မှု ၁ နှစ် လုပ်ရန် အပြစ်ပေးခံရ
Ferrari ၏ ဥက္ကဋ္ဌနှင့် မိသားစု ဒဏ်ငွေ ဒေါ်လာ ၂၁၄ သန်း ပေးဆောင်ရန်နှင့် ပြည်သူ့ဝန်ဆောင်မှု ၁ နှစ် လုပ်ရန် အပြစ်ပေးခံရ
- 6 views
Ferrari ၏ ဥက္ကဋ္ဌဖြစ်သူ ဂျွန် အယ်လ်ကန် (John Elkann) က ပြည်သူ့ဝန်ဆောင်မှုလုပ်ဆောင်ရန်နှင့် အီတလီ အခွန်ဦးစီးဌာနအား ဒေါ်လာ ၂၁၄ သန်းပေးဆောင်ရန် သဘောတူညီလိုက်သည်။
ဂျွန် အယ်လ်ကန်သည် အဘွားထံမှ အမွေရခဲ့ပြီးနောက် ပြစ်မှုကြောင်းဖြင့် အစိုးရက စစ်ဆေးမှုများ ခံခဲ့ရသည်။
အသက် ၄၉ နှစ်အရွယ်သာ ရှိသေးသော ဂျွန် အယ်လ်ကန်သည် ဂျာနီ အန်ညယ်လီ (Gianni Agnelli) ၏ မြေးဖြစ်သည်။ဂျာနီ အန်ညယ်လီသည် Fiat ကုမ္ပဏီ၏ အဓိက ရှယ်ယာရှင်ဖြစ်ပြီး အီတလီသမိုင်းတွင် အချမ်းသာဆုံးပုဂ္ဂိုလ်များ၌ တစ်ဦး အပါအဝင် ဖြစ်သည်။အခွန်ပြဿနာမှာ ဂျွန် အယ်လ်ကန်၏ အဘွားဖြစ်သူ မာရဲလာ ကရာချိုလို (Marella Caracciolo) ကျန်ရစ်သော အမွေပစ္စည်းများနှင့် ပတ်သက်သည်။
ကရာချိုလိုသည် အန်ညယ်လီ၏ ဇနီးဖြစ်သည်။ကရာချိုလိုသည် တူရင်မြို့ရှိ နေအိမ်တွင် ၂၀၁၉ ခုနှစ်အတွင်း ကွယ်လွန်သွားခဲ့ပြီး ကွယ်လွန်ချိန်တွင် အသက် ၉၁ နှစ်ရှိပြီ ဖြစ်သည်။
အယ်လ်ကန်နှင့် မွေးချင်းများဖြစ်သော လာပို (Lapo) ၊ ဂျင်းနက်ဗ်ရာ (Ginevra) တို့မှာ ဒေါ်လာ ၂၁၄ သန်း အခွန်ငွေကို အာဏာပိုင်တို့ထံ မျှဝေ ပေးဆောင်ရမည် ဖြစ်သည်။ထို့အပြင် Ferrari ဥက္ကဋ္ဌ အယ်လ်ကန်သည် ဆေးရုံ၊ စာသင်ကျောင်း အစရှိသည့် အင်စတီကျူးရှင်း တစ်ခုခုနှင့် ဆက်သွယ်ကာ အများပြည်သူ အကျိုးပြုအလုပ်များ တစ်နှစ်လုပ်ကိုင်ရမည် ဖြစ်သည်။သက်ကြီးရွယ်အိုများကို စောင့်ရှောက်သည့်ဂေဟာ ၊ မူးယစ်ဆေးစွဲသူများကို ကုသပေးသည့် အဖွဲ့ (သို့မဟုတ်) လူမှုရေးအဖွဲ့တစ်ခုခုတွင် လုပ်ဆောင်ဖွယ်လည်း ရှိသည်။
အစိုးရရှေ့နေတို့က အယ်လ်ကန်မိသားစု၏ ဒဏ်ငွေပေးဆောင်မှုကို သဘောတူခွင့်ပြုလိုက်ပြီးနောက် လာပိုနှင့် ဂျင်းနက်ဗ်ရာတို့အပေါ် အမှုပိတ်သိမ်းပေးရန် တရားသူကြီးထံ တောင်းဆိုထားသည်။
“ဒီတောင်းဆိုမှုကို ခွင့်ပြုမယ်ဆိုရင် သူ့ကို တရားစွဲဆိုထားမှုတွေ ဆိုင်းငံ့ထားမှာဖြစ်ပြီး ခံဝန်ကာလ ပြီးဆုံးသွားတဲ့အခါမှာ ဂျွန် အယ်လ်ကန်နဲ့ ပတ်သက်တဲ့ စွဲချက်တွေကို အမိန့်ချမှတ်မှုတစ်ခုနဲ့အတူ ပိတ်သိမ်းလိုက်မှာ ဖြစ်ပါတယ်” ဟု ၎င်း၏ ရှေ့နေက ပြောသည်။
ဘီဘီစီသတင်းဌာန၏ ဖော်ပြချက်အရ အယ်လ်ကန်တို့ ညီအစ်ကိုမောင်နှမများသည် ဝင်ငွေ ဒေါ်လာ ၂၉၁ သန်းနှင့် ဒေါ်လာ ၁၁၆၅ သန်း တန်ကြေးရှိ ပိုင်ဆိုင်မှုများကို ကြေညာရန် ပျက်ကွက်ခဲ့ကြောင်း အစိုးရရှေ့နေတို့က စွပ်စွဲထားခြင်း ဖြစ်သည်။
(CarsDB Team မှ ရေးသား ဖော်ပြသည်။)
Credit: CarsDB.com
Ref: Ferrari chairman and family fined £158m with a year of community service agreed (express.co.uk)