- ပင်မစာမျက်နှာ
- ကားသတင်းများ
- ဥရောပ၏ အရောင်းရဆုံး လျှပ်စစ်ကားဖြစ်လာသော Tesla Model Y
ဥရောပ၏ အရောင်းရဆုံး လျှပ်စစ်ကားဖြစ်လာသော Tesla Model Y
- 219 views
ဥရောပ၏ အရောင်းရဆုံးကားသစ်မှာ Combustion အင်ဂျင်သုံး ကားမဟုတ်ချေ။
Tesla Model Y သည် ပြီးခဲ့သောနှစ်အတွင်း ဥရောပ၏ လမ်းများပေါ်တွင် ကားအစင်းရေ ၁ သန်း၏ လေးပုံတစ်ပုံကျော် ရောက်ရှိခဲ့ပြီး ၂၀၂၃ ခုနှစ် ဥရောပ၏ အရောင်းရဆုံးကား ဖြစ်ခဲ့သည်။
(ဥရောပ၏ အရောင်းရဆုံးကားမှာ လျှပ်စစ်ကား ဖြစ်နေသည်။ Tesla Model Y သည် ဥရောပတွင် အခြား ဓာတ်ဆီ (သို့မဟုတ်) ဒီဇယ်ကားများထက် ပိုမိုရောင်းချခဲ့ရသည်။)
(ပြီးခဲ့သောနှစ်အတွင်း ဥရောပတွင် Tesla Model Y အစင်းရေ ၂၅၄၈၂၂ မှတ်ပုံတင်ခဲ့ရာ ၂၀၂၂ ရောင်းအား ထက် ၈၅ ရာခိုင်နှုန်း မြင့်တက်ခဲ့သည်။)
၂၀၂၂ ခုနှစ်အတွင်းက Tesla Model Y သည် ဥရောပတွင် အစင်းရေ ၁၃၇၆၀၈ ရောင်းချခဲ့ရသည်။
Tesla က ၂၀၂၃ နှစ်စပိုင်းတွင် ဥရောပနှင့် အခြားကမ္ဘာ့ဈေးကွက်များတွင် ကားဈေးနှုန်း ပေါင် ၉၀၀၀ အထက် လျှော့ချရန် ဆုံးဖြတ်ခဲ့ခြင်းကြောင့် Tesla Model Y ၏ ရောင်းအား မြင့်တက်ခဲ့ခြင်း ဖြစ်သည်။
ဥရောပ၏ အကြီးဆုံးကားဈေးကွက်ဖြစ်သော ဂျာမနီတွင်လည်း Tesla Model Y မှာ အရောင်းရဆုံး ဖြစ်ခဲ့သည်။
ဂျာမနီတွင် ၂၀၂၃ ခုနှစ်အတွင်း Tesla Model Y အစင်းရေ ၄၅၆၁၈ မှတ်ပုံတင်ခဲ့သည်။
((ဥရောပ၏ အရောင်းရဆုံး ထိပ်တန်း ၂၀ ))
1. Tesla Model Y - 254,822
2. Dacia Sandero - 235,893
3. VW T-Roc - 206,438
4. Renault Clio - 202,942
5. Peugeot 208 - 194,376
6. Opel Corsa - 188,662
7. VW Golf - 184,279
8. Toyota Yaris Cross - 176,685
9. VW Tiguan - 174,267
10. Skoda Octavia - 161,784
11. Ford Puma -159,778
12. Toyota Yaris - 158,838
13. Hyundai Tucson - 158,831
14. Peugeot 2008 - 158,571
15. Dacia Duster - 156,556
16. Kia Sportage - 152,342
17. Citroen C3 - 146,008
18. Nissan Qashqai - 145,476
19. Renault Captur - 145,078
20. VW Polo - 139,761
Source: Dataforce
(ဥရောပ၏ အကြီးမားဆုံး ဈေးကွက်ဖြစ်သော ဂျာမနီတွင် Tesla Model Y မှာ အရောင်းရဆုံးဖြစ်ခဲ့သည်။)
(Tesla Model Y သည် ဥရောပ၏ လူကြိုက်အများဆုံးကား ဖြစ်ခဲ့ဖွယ်ရှိသော်လည်း ပြီးခဲ့သောနှစ်အတွင်း အမေရိကနှင့် ဗြိတိန်တို့တွင် အကျော်ကြားဆုံး ကားမော်ဒယ်များ၌ နံပါတ် ၅ နေရာ၌ ရပ်တည်နေသည်။)
(ဥရောပ၏ ဒုတိယအရောင်းရဆုံး ကားဖြစ်ခဲ့သော Dacia Sandero )
(ဥရောပ၏ တတိယအကျော်ကြားဆုံးကား VW T-Roc)
(ဥရောပ၏ စတုတ္ထအရောင်းရဆုံးကား Renault Clio သည် ပြင်သစ်တွင် အလွန်ကျော်ကြားသည်။)
(Peugeot’s 208 သည် ၂၀၂၂ တွင် ဥရောပ၌ အရောင်းရဆုံးကားသစ်ဖြစ်ခဲ့သော်လည်း ၂၀၂၃ တွင် ပဉ္စမ နေရာ၌ ရပ်တည်ခဲ့သည်။)
(CarsDB Team မှ ရေးသား ဖော်ပြသည်။)
Credit: CarsDB.com
Ref: How the Tesla Model Y became Europe's first ever ELECTRIC best-selling car (dailymail)
Photo Credit: dailymail