• ပင်မစာမျက်နှာ
  • ကားသတင်းများ
  • Chery Fulwin T11 EREV ကို တရုတ်ပြည်တွင် ကန်ဒေါ်လာ ၂၈၀၉၀ ဖြင့် pre-sale စတင်ရောင်းချပေးနေပြီး အောက်တိုဘာလကုန်တွင် တရားဝင်စတင်မိတ်ဆက်မည်

Chery Fulwin T11 EREV ကို တရုတ်ပြည်တွင် ကန်ဒေါ်လာ ၂၈၀၉၀ ဖြင့် pre-sale စတင်ရောင်းချပေးနေပြီး အောက်တိုဘာလကုန်တွင် တရားဝင်စတင်မိတ်ဆက်မည်

  • 85 views

973fff58fc6e1af6e2506064873325ce-800x507.jpg

Chery သည် ၎င်း၏ extended-range SUV မော်ဒယ်သစ်ဖြစ်သော Fulwin T11 EREV ကို pre-sale စတင်ရောင်းချပေးလာသည်။

ထိုမော်ဒယ်တွင် variant ၄ မျိုးလာပြီး ဈေးတန်းမှာ ယွမ် ၁၉၉၉၀၀ မှ ၂၆၄၉၀၀ ကြား (ကန်ဒေါ်လာ ၂၈၀၉၀ မှ ၃၇၂၉၀ ကြား) ရှိသည်။အောက်တိုဘာ လကုန်ပိုင်းတွင် တရားဝင်စတင်ရောင်းချပေးမည် ဖြစ်သည်။

1200x0_1_autohomecar__chxpvmjt3a-ajjiyadx6at1gzku230-800x587.jpg

((Chery Fulwin T11 EREV ၏ Variant များ))

● 220 RWD Boya Giant Screen Edition= ယွမ် ၁၉၉၉၀၀ ၊ ဒေါ်လာ ၂၈၀၉၀
● 220 RWD Dual Imax Cinema Edition = ယွမ် ၂၁၉၉၀၀ ၊ ဒေါ်လာ ၃၀၈၉၀
● 220 AWD Dual Imax Cinema Edition = ယွမ် ၂၄၃၉၀၀ ၊ ဒေါ်လာ ၃၄၂၆၀
● 220 AWD Family Package Edition = ယွမ် ၂၆၄၉၀၀ ၊ ဒေါ်လာ ၃၇၂၉၀

((Compiled by CarNewsChina))

1400x1050_autohomecar__chxpv2jt25marhnuadlqmqnvqj0811-800x600.jpg

Fulwin T11 သည် six-seat flagship SUV ဖြစ်ပြီး ထိုင်ခုံအခင်းအကျင်းမှာ 2+2+2 ပုံစံ ဖြစ်သည်။

အရွယ်အစားမှာ 5,205/ 1,998/ 1,800 mm ရှိကာ wheelbase မှာ 3,120 mm ဖြစ်သည်။

1400x1050_autohomecar__chxpvmjt2_sabsrmadfn5_y8cry459-800x600.jpg

ADAS စနစ်အတွက် အမိုးပေါ်တွင် LiDAR တစ်ခု ပါဝင်သည်။အရောင် ၆ ရောင်လာပြီး Aurora Green, Cloud Blue, Moon Shadow Grey, Ink Black, Sand Gold နှင့် Rouge Red တို့ ဖြစ်သည်။Sand Gold နှင့် Rouge Red တို့မှာ ဆေးရောင်အတွက် ထပ်ဆောင်း အခကြေးငွေ ပေးဆောင်ရမည် ဖြစ်သည်။

weixin-image_20251013213556_461_10-800x599.jpg

လက်မ ၃၀ ရှိသော integrated screen မှာ ဒက်ရှ်ဘုတ်တစ်ခုလုံးတွင် ဖြန့်ကျက်ထားပြီး front passenger နေရာအထိ ရောက်သည်။

၁၀ ဒသမ ၂၅ လက်မ instrument display နှင့် ၁၇ ဒသမ ၃ လက်မ rear ceiling screen တို့လည်း ပါဝင်သည်။

1400x1050_autohomecar__chxpvmjt2_sam9ljaddf3cjjklk867-800x600.jpg

အတွင်းပိုင်းအရောင်မှာ Tourmaline Black, Amber Brown (သို့မဟုတ်) Ivory White ဖြစ်နိုင်သည်။

T11 တွင် 1.5-litre turbocharged အင်ဂျင်ကို range-extender အဖြစ် သုံးထားပြီး လျှပ်စစ်မော်တာ ၁ လုံး (သို့မဟုတ်) ၂ လုံး ပါမည်ဖြစ်သည်။နောက်ယက်ဗားရှင်းမှာ ပါဝါအား 195 kW ထွက်ပြီး အမြန်နှုန်း တင်နိုင်စွမ်းအနေဖြင့် 0–100 km/h မြန်နှုန်းကို ၉ ဒသမ ၃ စက္ကန့်အတွင်း ရနိုင်သည်။4WD ဗားရှင်းတွင် စုစုပေါင်းအထွက်အား 345 kW ရှိပြီး ရုန်းအားမှာ 634 Nm ရှိသည်။ထိုဗားရှင်း ၂ မျိုးလုံးတွင် လီသီယမ် အိုင်းယွန်း ဖော့စ်ဖိတ် ဘက်ထရီသုံးထားသည်။နောက်ယက်တွင် 33.68 kWh ဘက်ထရီဖြစ်ပြီး 4WD တွင် 39.92 kWh ဘက်ထရီသုံးထားကာ လျှပ်စစ်သီးသန့်ဖြင့် မောင်းနိုင်သည့် CLTC range မှာ ကီလို ၂၂၀ ဖြစ်သည်။

1400x1050_autohomecar__chxpvmjt3a2acavzadxyhhculcm481-800x600.jpg

စုစုပေါင်းမောင်းနိုင်မည့် combined range မှာ ကီလို ၁၄၀၀ ဖြစ်သည်။အားသွင်းကြာချိန်မှာ ၃၀ မှ ၈၀ ရာခိုင်နှုန်းအထိရရန် မိနစ် ၂၀ ဖြစ်သည်။

weixin-image_20251013213557_462_10-large-800x523.jpg

1200x0_1_autohomecar__chxpwgjtxqoamxvyafzswzf1e-u85-large-800x521.jpg


(ဆက်စပ်သတင်းများ)

Chery က ကီလို ၁၄၀၀ range ရှိသော Fulwin T11 EREV SUV ကို အောက်တိုဘာ ၁၃ ရက်တွင် pre-sale စတင်ရောင်းချပေးမည်

https://www.carsdb.com/my/news/1363

 

Chery က Fulwin X3 နှင့် X3 Plus လျှပ်စစ် off-road SUV မော်ဒယ်သစ်များကို ကန်ဒေါ်လာ ၁၂၅၀၀ ဖြင့် စတင်ရောင်းချပေးလာ

https://www.carsdb.com/my/news/1283

 

(CarsDB Team မှ ရေးသား ဖော်ပြသည်။)

Credit: CarsDB.com


Ref: Chery Fulwin T11 EREV, six-seat SUV with 1,400 km range, starts pre-sale in China from 28,090 USD (carnewschina)