Chery က Fulwin X3 နှင့် X3 Plus လျှပ်စစ် off-road SUV မော်ဒယ်သစ်များကို ကန်ဒေါ်လာ ၁၂၅၀၀ ဖြင့် စတင်ရောင်းချပေးလာ

  • 251 views

75014802-1536x1264.jpg

Chery က ထုတ်လုပ်သော Fulwin X3 နှင့် X3 Plus all-electric off-road SUV များ သြဂုတ်လ ၁၆ ရက်တွင် တရုတ်ပြည်ဈေးကွက်သို့ စတင်ဝင်ရောက်လာပြီး မောင်းနိုင်သော range မှာ ၄၀၁ ကီလိုနှင့် ၅၂၀ ကီလို အသီးသီး ရှိသည်။

X3 မှာ ဈေးတန်း ယွမ် ၈၉၉၀၀ မှ ၁၀၉၉၀၀ ကြား (ကန်ဒေါ်လာ ၁၂၅၀၀ မှ ၁၅၃၀၀ ကြား) ရှိသည်။

X3 Plus ၏ ဈေးတန်းမှာ ယွမ် ၁၀၉၉၀၀ မှ ၁၃၉၉၀၀ ကြား (ကန်ဒေါ်လာ ၁၅၃၀၀ မှ ၁၉၅၀၀ ကြား) ဖြစ်သည်။

ထို့အပြင် တတိယမော်ဒယ်တစ်ခုဖြစ်သော Chery Fulwin X3L EREV ကို သြဂုတ် ၂၉ ရက်တွင် ကျင်းပမည့် ချန်ဒူးကားပြပွဲကြီးတွင် တရားဝင်စတင်မိတ်ဆက်မည် ဖြစ်သည်။

1000024131-4-800x612.jpgChery Fulwin X3 in green exterior paint

 

1000024138-800x623.jpgChery Fulwin X3 Plus in red exterior paint

 

Chery Fulwin X3 နှင့် X3 Plus မော်ဒယ် ၂ ခုလုံးမှာ အကြမ်းဖျင်းအားဖြင့် ရုပ်ထွက်တူညီကြပြီး L ပုံသဏ္ဍာန် ရှေ့မီးကြီးများ၊ အမိုးပေါ် ကုန်တင်စင်၊ နောက်ဖက်တွင် storage container တို့ ပါသည်။

Chery Fulwin X3 ၏ dimension မှာ 4327/1910/1715 mm (l/w/h) ရှိပြီး wheelbase မှာ 2715 mm ရှိသည်။

1000024132-2-800x717.jpg

Chery Fulwin X3 in green exterior paint

 

1000024139-800x740.jpg

Chery Fulwin X3 Plus in red exterior paint

X3 Plus မှာ ပိုမိုကြီးမားပြီး 4380/1916/1741 mm ရှိကာ wheelbase မှာ အတူတူပင် ဖြစ်သည်။

Chery Fulwin X3 မှာ နောက်ယက်ဖြစ်ပြီး အထွက်အား 185 kW (248 hp) ရှိသော လျှပ်စစ်မော်တာတစ်လုံး တပ်ဆင်ထားပြီး ရုန်းအားမှာ 300 Nm ရှိသည်။

ဘက်ထရီများမှာ 50.79 kWh နှင့် 68.36 kWh လီသီယမ်အိုင်းယွန်း ဖော့စဖိတ်ဘက်ထရီများ သုံးထားပြီး range မှာ ၄၀၁ ကီလိုနှင့် ၅၂၀ ကီလို အသီးသီး ရှိသည်။

Chery X3 Plus မှာမူ နောက်ယက်နှင့် AWD ၂ မျိုးလုံး လာသည်။

1000024130-2-800x546.jpg

X3 side view

 

1000024137-800x530.jpg

X3 Plus side view

 

1000024144-1536x1490.jpg

X3 Plus powertrain.

● RWD: 185 kW/300 Nm e-motor, 50.79 kWh lithium iron phosphate battery, 401 km range

● AWD: an additional front 70 kW (94 hp)/165 Nm e-motor, 68.36 kWh lithium iron phosphate battery, 520 km range

(CarsDB Team မှ ရေးသား ဖော်ပြသည်။)

Credit: CarsDB.com

Ref: Chery Fulwin X3 and X3 Plus all-electric off-road SUV launched starting at 12,500 USD (carnewschina)