စင်ကာပူတွင် ကားဝယ်လိုပါက ပိုင်ဆိုင်ခွင့်လက်မှတ်အတွက် ဒေါ်လာ ၈၀၀၀၀ (မြန်မာငွေ ၁၂၄၀ သိန်း) ပေးရ

  • 219 views

1081984-0921030001692852938.jpg

အမေရိကန်ပြည်ထောင်စုတွင် ကားဝါသနာအိုးတစ်ဦးဖြစ်ရခြင်းမှာ စိန်ခေါ်မှုများရှိသည်။

ကားများကို အချို့သော modify ပြုလုပ်မှုများ တားမြစ်ပိတ်ပင်ထားသည်။အသံဆူညံသော exhaust တပ်ဆင်ပါက သင်၏ယာဉ်မှာ လမ်းပေါ်တွင် မောင်းနှင်ခွင့် မရနိုင်ချေ။သို့သော် စင်ကာပူတွင်ဆိုလျှင် ထို့ထက်ဆိုးရွားသော အခြေအနေနှင့် သင်ရင်ဆိုင်ရမည် ဖြစ်သည်။

နာမည်ကြီး ဓာတ်ပုံဆရာ၊ ကားဝါသနာရှင် Larry Chen သည် စင်ကာပူ၏ မယုံနိုင်ဖွယ် ကားဓလေ့ကို မီးမောင်းထိုးပြရန် စင်ကာပူသို့ မကြာသေးမီက သွားခဲ့သည်။

1168603.jpg

“ကားဝါသနာအိုးတွေအားလုံး သဘောတူတဲ့ ကောက်ချက်တစ်ခုက စင်ကာပူအစိုးရဟာ ခင်ဗျားတို့ကို ကားမရှိတာ ပိုသဘောကျတယ်ဆိုတာပါပဲ”ဟု ၎င်းက ပြောသည်။

“ဒါက သိပ်သိသာပါတယ်။ ဘာကြောင့်လဲဆိုတော့ စင်ကာပူမှာ ကားတစ်စီးပိုင်ဆိုင်ဖို့၊ အများပြည်သူ သွားလာရာ လမ်းမတွေမှာ မောင်းနှင်ဖို့ဆိုရင် ….. ‘ပိုင်ဆိုင်ခွင့်လက်မှတ်- COE’ …ဆိုတာ ရှိနေပါတယ်”

1168609.jpg

စင်ကာပူသည် အကျယ်အဝန်းကျဉ်းမြောင်းသေးငယ်သော နိုင်ငံငယ်ကလေးဖြစ်ရာ ကားအစင်းရေ ပမာဏကို ထိန်းချုပ်ရန်အတွက် အစိုးရက COE ဟူသည်ကို ထုတ်ပြန်လာခဲ့သည်။ ကားပိုင်ဆိုင်လိုသူတို့အနေဖြင့် အဆိုပါ COE လိုင်စင်ကို လျှောက်ထားရမည်ဖြစ်ပြီး ထိုလိုင်စင်ရှိမှသာ ကားမှတ်ပုံတင်ခွင့်နှင့် စင်ကာပူတွင် ကားပိုင်ဆိုင်ခွင့်ရမည် ဖြစ်သည်။

သင်သည် ဈေးသက်သာသော Toyota Corolla ဝယ်သည်ဖြစ်စေ၊ ဈေးမြင့်သော Rolls-Royce Phantom ဝယ်သည်ဖြစ်စေ ကားပိုင်ဆိုင်ခွင့်ရရန် အလွန်များပြားလှသောငွေများ ပေးဆောင်ရမည် ဖြစ်သည်။ထို့အပြင် ထို COE လက်မှတ်မှာ သက်တမ်း ၁၀ နှစ်သာ ပေးထားသည်။

11686051.jpg

“ပေးဆောင်ရမယ့်ငွေ ဆက်မပေးဘူးဆိုရင် ကားကို ဖျက်ဆီးပစ်ခံရမှာ ဖြစ်ပါတယ်။ ဒါမှမဟုတ် ကားကို စင်ကာပူရဲ့ အပြင်ဘက်ကို ရောင်းထုတ်ပစ်ရမှာ ဖြစ်ပါတယ်”

ထိုအချက်ကြောင့်ပင် စင်ကာပူမှ အသုံးပြုပြီးသော အရည်အသွေးမြင့် ကားများစွာကို သြစတေးလျ၊ နယူးဇီလန်တို့နှင့် အခြားသော ဒေသတွင်းနိုင်ငံများစွာတွင် တွေ့လာရခြင်း ဖြစ်သည်။စင်ကာပူတွင် ကားပိုင်ဆိုင်ရေးပြဿနာမှာ ဤမျှဖြင့် မပြီးသေး။ စင်ကာပူ၏ ကားသစ်တစ်စီး ဈေးနှုန်းကို လေ့လာကြည့်ပါ။

1168604.jpg

စင်ကာပူတွင် Luxury များထဲမှ အနိမ့်ဆုံးအဆင့် ကားတစ်စီးအတွက်ပင်လျှင် ဈေးနှုန်းမြင့်မားစွာ ပေးရသည်။ အောက်အဆင့် Mercedes-Benz C-Class (C180 Avantgarde ) ကားတစ်စီး၏ တန်ဖိုးမှာ စင်္ကာပူဒေါ်လာ ၃၁၅၈၈၈ (ကန်ဒေါ်လာ ၂၃၃၀၀၀) ခန့် ပေးရသည်။

ထိုသို့ ကုန်ကျစရိတ် ကြီးမားလှသော်လည်း စင်ကာပူတွင် အကောင်းဆုံးဂျပန်ကားတစ်ချို့နှင့် ဥရောပမှ ကားဆန်းများ စင်ကာပူတွင် နေရာတကာ၌ တွေ့နိုင်သည်။

Chen နှင့် သူ၏ လမ်းညွှန် Ben တို့သည် စင်ကာပူရှိ ရွက်လှေကလပ်တွင် ပြုလုပ်ခဲ့သော ကားဝါသနာအိုးများ တွေ့ဆုံပွဲသို့ တက်ရောက်ခဲ့သည်။

1168606.jpg

ထိုပွဲတွင် Lamborghini Aventador များ ၊ Skyline GT-R များနှင့် အခြားသော တန်ဖိုးကြီးကားများစွာ တွေ့ရသည်။ စင်ကာပူတွင် ထိုသို့သော ကားများ ပိုင်ဆိုင်ရမှုအတွက် မည်မျှကုန်ကျမည်ကို တွေးတောကြည့်နိုင်သည်။
ဈေးသက်သာသော Toyota AE86 ကားမျိုးပင်လျှင် စင်ကာပူတွင် ဈေးနှုန်းမြင့်မားသည်။

နောက်ဆုံးရောင်းခဲ့သည့် တစ်စီးမှာ ဒေါ်လာ ၂၇၅၀၀၀ ဖြင့် ရောင်းချခဲ့ခြင်း ဖြစ်သည်။

(CarsDB Team မှ ရေးသား ဖော်ပြသည်။)

Credit: CarsDB.com

Ref: Singapore Charges $80,000 For The Right To Own A Car (carbuzz)