- ပင်မစာမျက်နှာ
- ကားသတင်းများ
- Geely က ၂၀၂၆ မော်ဒယ် Geome Xingyuan compact hatch ကို တရုတ်ပြည်တွင် ဒေါ်လာ ၉၂၆၀ မျှဖြင့် စတင်မိတ်ဆက်
Geely က ၂၀၂၆ မော်ဒယ် Geome Xingyuan compact hatch ကို တရုတ်ပြည်တွင် ဒေါ်လာ ၉၂၆၀ မျှဖြင့် စတင်မိတ်ဆက်
- 76 views
Geely သည် ၎င်း၏ အရောင်းရဆုံး လျှပ်စစ် compact hatchback ဖြစ်သော Geome Xingyuan ၏ ၂၀၂၆ မော်ဒယ်ကို တရုတ်ပြည်တွင် တရားဝင် စတင်မိတ်ဆက်လိုက်ပြီ ဖြစ်သည်။
၂၀၂၆ မော်ဒယ်၏ သတ်မှတ်ဈေးနှုန်းမှာ ယွမ် ၆၈၈၀၀ (ဒေါ်လာ ၉၆၇၀) ဖြစ်သော်လည်း သတ်မှတ်အချိန် အကန့်အသတ်အတွင်း ယွမ် ၆၅၈၀၀ (ဒေါ်လာ ၉၂၆၀) မျှဖြင့် ရောင်းချပေးမည် ဖြစ်သည်။Range ၂ မျိုးလာရာ ကီလို ၃၁၀ နှင့် ကီလို ၄၁၀ ဟူ၍ ဖြစ်သည်။
၂၀၂၆ မော်ဒယ်တွင် Star Limited Edition ဟူသော trim တစ်မျိုးလည်း ပါဝင်ပြီး အစင်းရေ ၁၀၀၀ သာ ကန့်သတ်ထုတ်လုပ်ထားခြင်း ဖြစ်သည်။
((trim နှင့် ဈေးနှုန်းများ))
((မှတ်ချက် - ဈေးနှုန်း ၂ မျိုးဖော်ပြထားရာ ပထမ ဖော်ပြသည့် ကိန်းဂဏန်းမှာ သတ်မှတ်ဈေးနှုန်းဖြစ်ပြီး ဒုတိယဈေးနှုန်းမှာ သတ်မှတ်အချိန်ကာလအတွင်း ရောင်းချပေးမည့် အထူးလျှော့ဈေး ဖြစ်သည်။)
● Youth Edition = range ကီလို ၃၁၀၊ သတ်မှတ်ဈေး ယွမ် ၆၈၈၀၀ (ဒေါ်လာ ၉၆၇၀)/ ကန့်သတ် အချိန်ကာလ အတွင်းတွင်သာ ရောင်းချပေးမည့် အထူးလျှော့ဈေး ယွမ် ၆၅၈၀၀ (ဒေါ်လာ ၉၂၆၀)
● Dream Edition = ကီလို ၃၁၀၊ ယွမ် ၇၆၈၀၀ (ဒေါ်လာ ၁၀၈၀၀)/ ယွမ် ၇၃၈၀၀ (ဒေါ်လာ ၁၀၃၈၀)
● Comfort Edition= ကီလို ၄၁၀ ၊ ယွမ် ၇၆၈၀၀ (ဒေါ်လာ ၁၀၈၀၀)/ ယွမ် ၇၃၈၀၀ (ဒေါ်လာ ၁၀၃၈၀)
● Freedom Edition = ကီလို ၄၁၀ ၊ ယွမ် ၈၁၈၀၀ (ဒေါ်လာ ၁၁၅၀၀)/ ယွမ် ၇၈၈၀၀ (ဒေါ်လာ ၁၁၀၇၀)
● Explorer Edition = ကီလို ၄၁၀၊ ယွမ် ၈၇၈၀၀ (ဒေါ်လာ ၁၂၃၄၀)/ ယွမ် ၈၄၈၀၀ (ဒေါ်လာ ၁၁၉၂၀)
● Star Limited Edition= ကီလို ၄၁၀၊ ယွမ် ၉၈၈၀၀ (ဒေါ်လာ ၁၃၉၀၀)/ ယွမ် ၉၅၈၀၀ (ဒေါ်လာ ၁၃၄၇၀)
ဆေးရောင်ရွေးချယ်စရာ ၂ မျိုးထပ်တိုးလာရာ Chanson Purple နှင့် Cocoa Beige တို့ ဖြစ်သည်။ထို့ကြောင့် စုစုပေါင်း ရွေးစရာ အရောင် ၈ မျိုးရှိလာသည်။
အရွယ်အစားမှာ 4,135/1,805/1,570 mm ရှိပြီး wheelbase မှာ 2,650 mm ဖြစ်သည်။နောက်ဘက် trunk အပါအဝင် ကုန်သယ်ရန် နေရာအကျယ်အဝန်း 375 L ရှိကာ ရှေ့ပိုင်း Trunk အကျယ်အဝန်းမှာ 70 L ဖြစ်သည်။အတွင်းခန်း အခင်းအကျင်းမှာ အချိုးညီပြီး လွယ်ကူရိုးစင်းကာ user-friendly ဖြစ်သည်။
Instrument cluster မှာ ၈ ဒသမ ၈ လက်မရှိပြီး central screen မှာ ၁၀ ဒသမ ၁ လက်မ (သို့မဟုတ်) ၁၄ ဒသမ ၆ လက်မဟူ၍ trim အပေါ်မူတည်ပြီး ကွဲပြားသည်။
နောက်ယက်တွင် ရွေးစရာ ၂ မျိုးလာရာ
310 km ဗားရှင်း= အထွက်အား 58 kW မော်တာ၊ ရုန်းအား 130 Nm နှင့် 30.12 kWh LFP ဘက်ထရီ
410 km ဗားရှင်း= အထွက်အား 85 kW မော်တာ၊ ရုန်းအား 150 Nm နှင့် 40.16 kWh LFP ဘက်ထရီ
(CarsDB Team မှ ရေးသား ဖော်ပြသည်။)
Credit: CarsDB.com
Ref: Geely’s 2026 Geome Xingyuan compact hatch launches from 9,260 USD in China (carnewschina)