၁ ဒသမ ၅ ကီလိုမီတာ ကျယ်သော ယန်စီမြစ်ကြီးကို ဖြတ်သန်းမောင်းနှင်ပြလာသော Chery ထုတ် Jetour Zongheng G700

  • 443 views

e59bbee78987-54-e1760595727558-800x450.jpg

Chery ထုတ် Jetour Zongheng G700 သည် ယန်စီမြစ်ကြီးကို အောင်မြင်စွာ ဖြတ်သန်းမောင်းနှင်ပြနိုင်သည့် ပထမဆုံး SUV ဖြစ်လာသည်။

တရုတ်ပြည်၊ အန်းဟွေ့ပြည်နယ်၊ ဝူဟူမြို့ရှိ Heisha Zhou သင်္ဘောဆိပ်တွင် အောက်တိုဘာ ၁၆ ရက်က ယန်စီမြစ်အား ဖြတ်ကူးခဲ့ခြင်းဖြစ်သည်။

ဝူဟူမြို့သည် Chery ရုံးချုပ်စိုက်သည့်နေရာ ဖြစ်သည်။

e59bbee78987-55-800x533.jpg

တရုတ်ပြည်၏ ရေစီးအသန်ဆုံး ယန်စီမြစ်ကြီးကို ၁၄၈၀ မီတာ ဖြတ်သန်းမောင်းနှင်ရာတွင် ၂၂ မိနစ် ကြာမြင့်ခဲ့သည်။ရေစီးအားမှာ တစ်နာရီလျှင် ၅ ကီလိုမီတာမှ ၁၀ ကီလိုမီတာနှုန်းခန့် ရှိသည်။

Jetour Zongheng G700 မှာ ယန်စီမြစ်ကြီးကို ဖြတ်သန်းစဉ် ကာလတစ်လျှောက်လုံး တည်တည်ငြိမ်ငြိမ်ရှိနေခဲ့ပြီး 7kmph မြန်နှုန်းဖြင့် မောင်းနှင်ခဲ့ကာ နောက်ဆုံးတွင် Nanlong သင်္ဘောဆိပ်သို့ အောင်မြင်စွာ ရောက်ရှိသွားသည်။ Jetour Zongheng G700 ၏ ကိုယ်ထည်မှာ အပေါက်လုံးဝမပါချေ။ ကားအတွင်း active air circulation system နှင့် 800V high-voltage ဆီလီကွန် ကာဘိုက် မြန်နှုန်းမြင့် တွန်းကန်အားစနစ် ပါဝင်သည်။6-axis gyroscope ဖြင့် ရေထဲတွင် ဖြတ်သန်းစဉ်အတွင်း ကားကို ဟန်ချက်ထိန်းပေးထားသည်။

e59bbee78987-56-800x533.jpg

Luxury hybrid off-road ကားဖြစ်သော Zongheng G700 ကို အောက်တိုဘာ ၁၉ ရက်တွင် စတင်မိတ်ဆက်ရန် စီစဉ်ထားသည်။ရွေးချယ်စရာ trim ၄ မျိုးရှိမည်ဖြစ်ပြီး pre-sale ရောင်းချပေးမည့် ဈေးတန်းမှာ ယွမ် ၃၄၉၉၀၀ မှ ၄၂၉၉၀၀ ကြား (ကန်ဒေါ်လာ ၄၉၀၀၀ မှ ၆၀၂၀၀ ကြား) ရှိသည်။

2.0TD hybrid-specific အင်ဂျင်သုံးထားပြီး အထွက်အား 155 kW နှင့် ရုန်းအား 340N•m ရှိသည်။ 800V architecture ဖြင့် ထုတ်လုပ်ထားပြီး ဂီယာမှာ 2-speed DHT hybrid ဖြစ်သည်။4C dual-layer ဘက်ထရီစနစ်သုံးထားပြီး မော်တာမှာ 2-speed P4 ဖြစ်သည်။စုစုပေါင်းအထွက်အား 560 kW (751 hp) နှင့် ရုန်းအား 795N•m ရှိကာ မောင်းနိုင်သည့် range မှာ ကီလို ၁၄၀၀ ဖြစ်သည်။

(CarsDB Team မှ ရေးသား ဖော်ပြသည်။)

Credit: CarsDB.com

Ref: Chery’s Jetour Zongheng G700 becomes first SUV to cross the 1.5 km wide Yangtze River  (carnewschina)