- ပင်မစာမျက်နှာ
- ကားသတင်းများ
- Hyundai က တရုတ်ပြည်တွင် ပထမဆုံး ထုတ်လုပ်သည့် EV ဖြစ်သော Elexio EO ကို ယနေ့ (အောက်တိုဘာ ၁၆) pre-sale စတင်ရောင်းချပေးမည်
Hyundai က တရုတ်ပြည်တွင် ပထမဆုံး ထုတ်လုပ်သည့် EV ဖြစ်သော Elexio EO ကို ယနေ့ (အောက်တိုဘာ ၁၆) pre-sale စတင်ရောင်းချပေးမည်
- 77 views
Hyundai နှင့် တရုတ်အစိုးရတို့ ပူးပေါင်းထုတ်လုပ်သော Elexio EO SUV ကို အောက်တိုဘာ ၁၆ ရက်တွင် စတင်ထုတ်လုပ်မည်ဖြစ်ပြီး တချိန်တည်းတွင် pre-sale စတင်ရောင်းချပေးမည်ဖြစ်ကြောင်း ထုတ်လုပ်သည့်ဖက်စပ်ကုမ္ပဏီက ကြေညာသည်။
Elexio EO သည် တရုတ်-Hyundai ဖက်စပ်ကုမ္ပဏီ၏ ပထမဆုံး လျှပ်စစ် SUV ဖြစ်ပြီး Hyundai ၏ E-GMP (Electric Global Modular Platform) ဖြင့် ထုတ်လုပ်ထားကာ Qualcomm Snapdragon SA8295P chip ကို အသုံးပြုထားသည်။
Elexio EO သည် CLTC range ၇၂၂ ကီလိုအထိ မောင်းနိုင်သည်ဟု ဆိုသည်။Elexio EO သည် မော့စ်ကုဒ် H ကို inspire ယူကာ ထုတ်လုပ်ထားခြင်းဖြစ်ပြီး H မှာ အစက် ၄ ခု ပါဝင်သည့် ကုဒ် ဖြစ်သည်။
လေးထောင့် ရှေ့မီးကြီးတွင် LED ၁၅၂ လုံးဖြင့် ဖွဲ့စည်းထားသည်။Elexio EO ၏ အရွယ်အစားမှာ 4615/1875/1675 mm (l/w/h) ရှိကာ wheelbase မှာ 2750 mm ဖြစ်သည်။
အရောင် ရွေးစရာ ၇ မျိုးရှိရာ ခရမ်း၊ ငွေရောင်၊ ပုလဲဖြူ၊ အပြာ၊ အဖြူမှိုင်း၊ အနက်နှင့် မီးခိုးရောင်တို့ ဖြစ်သည်။ရှေ့ယက်နှင့် AWD ဟူ၍ ၂ မျိုးလာသည်။
ရှေ့ယက်တွင် အထွက်အား 160 kW (215 hp) ရှိသော မော်တာ သုံးထားပြီး AWD တွင် အထွက်အား 73 kW (98 hp) ရှိ မော်တာတစ်လုံး ထပ်မံ တပ်ဆင်ထားသည်။
Elexio EO တွင် 64.2 kWh, 64.2 kWh နှင့် 88.1 kWh ဘက်ထရီများ အသုံးပြုထားပြီး CLTC ranges အနေဖြင့် ၅၁၈ ကီလို၊ ၅၄၀ ကီလို၊ ၅၉၀ ကီလို၊ ၆၉၂ ကီလိုနှင့် ၇၂၂ ကီလိုဟု အမျိုးမျိုးရှိသည်။
အမြန်အားသွင်းစနစ်ဖြင့် အားသွင်းမည်ဆိုလျှင် ၃၀ မှ ၈၀ ရာခိုင်နှုန်းအထိရရန် ၂၇ မိနစ်ဖြစ်သည်။
ရှေ့ခန်းတွင် ၂၇ လက်မ integrated display ပါဝင်ရာ ကြီးမားသော central control screen နှင့် co-pilot
entertainment screen တို့ရှိပြီး ရုပ်ထွက်မှာ 4K resolution ရှိသည်။
Center console တွင် သမားရိုးကျ physical button များ မပါချေ။
Looking ahead, in accordance with its strategy of “In China, for China, and to the world”, Beijing-Hyundai ဖက်စပ်ကုမ္ပဏီသည် “တရုတ်ပြည်တွင်..တရုတ်ပြည်အတွက်…ကမ္ဘာသို့” မဟာဗျူဟာကို ကိုင်စွဲထားပြီး လာမည့် ၄ နှစ်တာအတွင်း နှစ်စဉ် မော်ဒယ်သစ် ၂ မျိုးမှ ၃ မျိုးအထိ ထုတ်လုပ်မည်ဖြစ်ကာ ဆီဒင်၊ SUV များနှင့် MPV များ ပါဝင်မည်ဖြစ်သည်။
Powertrain အနေဖြင့်လည်း BEV, PHEV နှင့် EREV variant များ ပါဝင်မည် ဖြစ်သည်။
(CarsDB Team မှ ရေးသား ဖော်ပြသည်။)
Credit: CarsDB.com
Ref: Hyundai’s first Chinese EV, Elexio EO, will open pre-sale on October 16 with max 722 km range (carnewschina)