- ပင်မစာမျက်နှာ
- ကားသတင်းများ
- Chery က ကီလို ၁၄၀၀ range ရှိသော Fulwin T11 EREV SUV ကို အောက်တိုဘာ ၁၃ ရက်တွင် pre-sale စတင်ရောင်းချပေးမည်
Chery က ကီလို ၁၄၀၀ range ရှိသော Fulwin T11 EREV SUV ကို အောက်တိုဘာ ၁၃ ရက်တွင် pre-sale စတင်ရောင်းချပေးမည်
- 92 views
Chery သည် ၎င်း၏ မော်ဒယ်သစ် အကြီးစား SUV ဖြစ်သော Fulwin T11 ကို အောက်တိုဘာ ၁၃ ရက်တွင် Pre-order စတင်ရောင်းချပေးမည်ဖြစ်ကြောင်း တရားဝင်ကြေညာလာသည်။
Fulwin T11 တွင် 1.5T extended-range electric powertrain ၊ အမိုးပေါ်တွင် LiDAR system တို့ သုံးထားပြီး ADAS စနစ်အနေဖြင့် Falcon 700 ကို သုံးထားသည်။
ရှေ့မီးကြီးများမှာ ခပ်သွယ်သွယ်ဒီဇိုင်းဖြစ်ပြီး LED daytime running light ဖြင့် ဆက်သွယ်ပေးထားကာ grille မှာ ရေတံခွန်ဒီဇိုင်းဖြစ်သည်။
ကားဘေးဘက်တွင် လိုင်းစင်းတစ်ခု ထည့်ပေးထားသည်။ရှေ့နောက်ဘီးများမှာ ၂၁ လက်မ ဘီးများဖြစ်သည်။
Fulwin T11 ၏ အရွယ်အစားမှာ 5150/ 1995/ 1800mm ရှိပြီး wheelbase မှာ 3120mm ဖြစ်သည်။ အတွင်းပိုင်းတွင် full LCD instrument cluster နှင့် AR-HUD head-up display တို့ရှိသည်။စတီယာရင်မှာ two-spoke စတီယာရင်ဖြစ်သည်။Centre console တွင် ၃၀ လက်မ panoramic 6K multimedia touchscreen က နေရာယူထားသည်။ထိုင်ခုံအခင်းအကျင်းမှာ 2+2+2 ဖြစ်ပြီး အသံစနစ်တွင် စပီကာ ၂၃ လုံး သုံးထားသည်။
Intelligent driving စနစ်အနေဖြင့် Falcon 500 assistance system ကို သုံးထားပြီး highway driving assistance နှင့် parking assistance များ support ပေးသည်။
အမြင့်တန်းမော်ဒယ်များတွင်မူ Falcon 700 assistance system ကို သုံးထားရာ အလိုအလျောက် မောင်းနှင်စနစ် -NOA (Navigate on Autopilot) နှင့် ETC (Electronic Toll Collection) စနစ်တို့ ပါဝင်လာသည်။
1.5L extended-range hybrid system ကို သုံးထားပြီး ရှေ့နောက် မော်တာများ ပါဝင်ကာ intelligent all-wheel-drive system ဖြင့် မောင်းနိုင်သည်။အင်ဂျင်အထွက်အားမှာ 115 kW (154 hp) ရှိပြီး အမြန်နှုန်း တင်နိုင်စွမ်းအနေဖြင့် 0-100km/h ကို ၅ စက္ကန့်အတွင်း ရနိုင်သည်။
တရုတ် စက်မှုနှင့် သတင်းအချက်အလက်နည်းပညာ ဝန်ကြီးဌာန (MIIT) မှ ထုတ်ပြန်ချက်အရ Fulwin T11 တွင် ဘက်ထရီ ရွေးချယ်စရာ ၂ မျိုးရှိပြီး 33.6798kWh နှင့် 39.9168kWh လီသီယမ် အိုင်းယွန်း ဖော့စ်ဖိတ် ဘက်ထရီများ ဖြစ်သည်။မောင်းနိုင်သည့် Range အနေဖြင့် လျှပ်စစ်သီးသန့်ဖြင့် ကီလို ၁၇၀ နှင့် ၁၈၀ ဟူ၍ ၂ မျိုးရှိသည်။စုစုပေါင်းမောင်းနိုင်သည့် combined range မှာမူ ကီလို ၁၄၀၀ အထိ ရှိသည်။
(CarsDB Team မှ ရေးသား ဖော်ပြသည်။)
Credit: CarsDB.com
Ref: Chery Fulwin T11 EREV SUV with 1400 km combined range to start pre-sale October 13th (carnewschina)