Geely က Zeekr 9X full-size SUV ကို တရုတ်ပြည်တွင် ဒေါ်လာ ၆၃၉၁၀ ဖြင့် စတင်ရောင်းချ

  • 63 views

zeekr_9x_launch-1-1536x864.jpg

Geely သည် Zeekr 9X full-size plug-in hybrid SUV ကို တရုတ်ပြည်တွင် စတင်ရောင်းချပေးလာသည်။

အထွက်အား 1,381 hp ရှိပြီး စုစုပေါင်း မောင်းနိုင်သည့် range ၁၂၅၀ ကီလိုအထိ ရှိသည်ဟု ဆိုသည်။

အနိမ့်ဆုံးဈေးနှုန်း ယွမ် ၄၅၅၉၀၀ (ဒေါ်လာ ၆၃၉၁၀) မှ စသည်။

Zeekr 9X ကို တရုတ်ပြည်တွင် pre-sale ရောင်းချပေးခဲ့စဉ်က တစ်နာရီအတွင်း အစင်းရေ ၄၂၆၆၇ အမှာစာ လက်ခံရရှိခဲ့သည်။

Geely Automobile သည် Zeekr ကို အမြင့်တန်း EV အနေဖြင့် ၂၀၂၁ ခုနှစ်တွင် စတင်မိတ်ဆက်ခဲ့ခြင်း ဖြစ်သည်။

Zeekr က ယခုနှစ်အတွင်း plug-in hybrid များဆီသို့ ကြီးမားသည့် မဟာဗျူဟာ အပြောင်းအလဲလုပ်ခဲ့ကြောင်း ကြေညာသည်။

အဆိုပါ brand ၏ ပထမဆုံး PHEV မော်ဒယ်မှာ flagship crossover 9X ဖြစ်သည်။

Zeekr 9X ကို တရုတ်ပြည်တွင် ပြီးခဲ့သည့် စက်တင်ဘာ ၂၉ ရက်မှစတင်ရောင်းချပေးနေခြင်း ဖြစ်သည်။

Zeekr 9X full-size SUV ၏ အရွယ်အစားမှာ 5239/2029/1819 mm ရှိပြီး wheelbase မှာ 3,169 mm ဖြစ်သည်။

zeekr_9x_launch-2-1536x864.jpg

နှိုင်းယှဉ်ချက်အားဖြင့် ကြည့်မည်ဆိုလျှင် Mercedes-Benz GLS ထက် ၃၂ မီလီမီတာ ပိုမိုရှည်လျားပြီး ၇၅ မီလီမီတာ ပိုမိုဗျက်ကျယ်သည်။ သို့သော် အမြင့်မှာမူ ၄ မီလီမီတာ ပိုနိမ့်သည်။

Zeekr 9X full-size SUV ၏ အပြင်ပိုင်းတွင် ကြီးမားသော C ပုံသဏ္ဍာန် ရှေ့မီးကြီးများ၊ ကြီးမားသော grille နှင့် active air intake တစ်ခုတို့ ပါသည်။

တံခါးလက်ကိုင်များမှာ သမားရိုးကျ တံခါးလက်ကိုင်များဖြစ်ပြီး taillight မှာ စက်ဝန်းသဏ္ဍာန် ဖြစ်သည်။

အရောင် ရွေးချယ်စရာ ၅ မျိုးလာရာ အနက်၊ အဖြူ၊ ငွေရောင်၊ မီးခိုးနှင့် ခရမ်းရောင်တို့ ဖြစ်သည်။

ကိုယ်ထည်တွင် LiDAR sensor ၅ ခုပါဝင်သည်။ 

suspension အမြင့်ဆုံး အနေအထားတွင် ထားရှိလျှင် ground clearance မှာ ၂၈၈ မီလီမီတာ ရှိသည်။

အနိမ့်ဆုံး အနေအထားတွင်ဆိုလျှင် ၁၇၈ မီလီမီတာ ဖြစ်သည်။

ရှေ့မီးကြီးများမှတဆင့် လမ်းပေါ်တွင် ပုံရိပ်များ ပေါ်စေနိုင်ပြီး အခြားကားများ၊ လမ်းသွားလမ်းလာများကို အချက်ပြနိုင်သည်။

 

((အတွင်းပိုင်း))

Zeekr 9X တွင် 2+2+2 ထိုင်ခုံ အခင်းအကျင်းဖြင့် ဖွဲ့စည်းထားပြီး အပြာရင့်၊ သနပ်ခါးရောင်နှင့် အညိုရောင်ဟူ၍ အတွင်းပိုင်းတွင် အရောင် ၃ မျိုး သုံးထားသည်။

Center console တွင် ၁၆ လက်မ screen ၂ ခုပါသည်။

Customer တို့အနေဖြင့် ၁၆ လက် screen တစ်ခုတည်းသာရှိသော ဗားရှင်းကိုလည်း ရွေးချယ်နိုင်ပြီး ထိုဗားရှင်းအတွက် ယွမ် ၅၀၀၀ (ဒေါ်လာ ၇၀၀ ခန့်) discount ရမည် ဖြစ်သည်။

Zeekr 9X တွင် ၄၇ လက်မ head-up display တစ်ခုလည်း ပါသည်။

နောက်ခုံတွင် လိုက်ပါမည့်သူများအတွက်လည်း မျက်နှာကျက်တွင် ၁၇ လက်မ 3K display တစ်ခု ထည့်ထားပေးသည်။

zeekr_9x_launch-3-1536x864.jpg

((Trim နှင့် ဈေးနှုန်းများ))

The Zeekr 9X full-size တွင် trim ၄ မျိုးလာသည်။
၁။ Entry-level Max variant သည် 4WD system ဖြစ်ပြီး အထွက်အား 660 kW (885 hp) ရှိကာ ဈေးနှုန်းမှာ ယွမ် ၄၆၅၉၀၀ (ဒေါ်လာ ၆၅၃၁၀) ဖြစ်သည်။

၂။ ဒုတိယ trim ဖြစ်သော Ultra ၏ ဒုတိယတန်း ထိုင်ခုံများမှာ သက်သောင့်သက်သာရှိပြီး ဘေးပြတင်းများတွင် privacy sunshade များ ထည့်ပေးထားသည်။ ဈေးနှုန်းမှာ ယွမ် ၄၈၅၉၀၀ (ဒေါ်လာ ၆၈၁၁၀) ဖြစ်သည်။

၃။ တတိယ trim ဖြစ်သော Zeekr 9X Hyper ၏ ဒုတိယတန်း ခုံများမှာ ဆုံလည်လှည့်နိုင်သည်။ ဈေးနှုန်းမှာ ယွမ် ၅၅၉၉၀၀ (ဒေါ်လာ ၇၈၄၉၀) ဖြစ်သည်။

၄။ Top-trim ဖြစ်သော Zeekr 9X Obsidian Black ၏ ဈေးနှုန်းမှာ ယွမ် ၅၉၉၉၀၀ (ဒေါ်လာ ၈၄၁၀၀) ဖြစ်သည်။

၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၃၁ ရက်နေ့မတိုင်မီ Zeekr 9X full-size SUV ဝယ်ယူသော Customer များအနေဖြင့် ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) discount ရမည်ဟု ဆိုသည်။

(ဆက်စပ်သတင်း)

တရုတ်ပြည်တွင် သြဂုတ်လကုန်ပိုင်း ကျင်းပမည့် ချန်ဒူး ကားပြပွဲကြီးတွင် Zeekr 9X Hybrid SUV ကို pre-sale ရောင်းချပေးမည်ဟုဆို

https://www.CarsDB.com/my/news/1256

(CarsDB Team မှ ရေးသား ဖော်ပြသည်။)

Credit: CarsDB.com 

Ref: Zeekr 9X full-size SUV from Geely launched in China for 63,910 USD (carnewschina)