တရုတ်ပြည်တွင် သြဂုတ်လကုန်ပိုင်း ကျင်းပမည့် ချန်ဒူး ကားပြပွဲကြီးတွင် Zeekr 9X Hybrid SUV ကို pre-sale ရောင်းချပေးမည်ဟုဆို

  • 231 views

008gikxegy1i3qpimu2nij31o0280e84-large-large-picsart-aiimageenhancer-768x400.jpg

Geely ၏ အမှတ်တံဆိပ်တစ်ခုဖြစ်သော Zeekr က ၎င်း၏ ပထမဆုံး hybrid မော်ဒယ်ဖြစ်သော Zeekr 9X ကို ၂၀၂၅ ခုနှစ်၊ သြဂုတ်လကုန်ပိုင်းတွင် ကျင်းပမည့် ချန်ဒူးကားပြပွဲကြီး၌ pre-order ရောင်းချပေးသွားမည် ဖြစ်ကြောင်း ကြေညာလာသည်။

Geely ၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်မှာ Zeekr 9X ၏ ဈေးနှုန်းကို မသတ်မှတ်ရသေးကြောင်း၊ အတည်ပြုပြီးပါက အများပြည်သူတို့ကို ထုတ်ပြန်အသိပေးမည်ဖြစ်ကြောင်း ဖော်ပြသည်။Zeekr ၏ mid- to large-sized ကားများမှာ အဓိကအားဖြင့် လျှပ်စစ်ကားများသာ ထုတ်လုပ်မည်ဖြစ်သော်လည်း Zeekr 9X ကိုမူ hybrid အနေဖြင့် ထုတ်လုပ်မည်ဟု ဖော်ပြသည်။Zeekr 9X ကို လျှပ်စစ်ကားစစ်စစ်အနေဖြင့် ထုတ်လုပ်ရန် လက်ရှိအားဖြင့် အစီအစဉ် မရှိသေးချေ။

Zeekr 9X တွင် SEA Hybrid (Haohan Hybrid) နည်းပညာကို အသုံးပြုထားပြီး တရုတ်ပြည်၌ Haohan-S ဟု သိထားကြသည်။

2.0-litre turbocharged အင်ဂျင်နှင့် ဆီလီကွန် ကာဘိုက် လျှပ်စစ်မော်တာ ၃ လုံးတပ်ဆင်ထားကာ စုစုပေါင်းအထွက်အားမှာ 1,030 kW (1,381 hp) ရှိသည်။အမြန်နှုန်းတင်နိုင်စွမ်းအနေဖြင့် 0 to 100 km/h ကို ၃ ဒသမ ၁ စက္ကန့်အတွင်း ရနိုင်ပြီး အမြင့်ဆုံး မြန်နှုန်းမှာ 240 km/h ဖြစ်သည်။

70 kWh CATL Freevoy ဘက်ထရီကို အသုံးပြုထားရာ မည်သည့် PHEV နှင့် နှိုင်းယှဉ်သည်ဖြစ်စေ အကြီးမားဆုံး ဘက်ထရီများတွင် ပါဝင်သည်။6C charging စွမ်းဆောင်ရည်ရှိပြီး ၂၀ မှ ၈၀ ရာခိုင်နှုန်းကို ၉ မိနစ်အတွင်း အားသွင်းနိုင်သည်။

(CarsDB Team မှ ရေးသား ဖော်ပြသည်။)

Credit: CarsDB.com 

Ref: Zeekr 9X Hybrid SUV pre-sale to begin at Chengdu Auto Show in late August, no BEV planned  (carnewschina)