- ပင်မစာမျက်နှာ
- ကားသတင်းများ
- Chery က ကီလို ၁၄၀၀ range ရှိသော Exeed Yaoguang C-DM Global Edition PHEV ကို ဒေါ်လာ ၁၉၆၀၀ မျှဖြင့် စတင်ရောင်းချ
Chery က ကီလို ၁၄၀၀ range ရှိသော Exeed Yaoguang C-DM Global Edition PHEV ကို ဒေါ်လာ ၁၉၆၀၀ မျှဖြင့် စတင်ရောင်းချ
- 58 views
Chery သည် ၎င်း၏ မော်ဒယ်သစ် Exeed Yaoguang C-DM Global Edition ကို တရုတ်ပြည်ဈေးကွက်တွင် စတင်ရောင်းချပေးလာပြီး trim ၃ မျိုး လာသည်။
အဓိက အပြောင်းအလဲမှာ powertrain ဖြစ်ပြီး comprehensive range အနေဖြင့် ကီလို ၁၄၀၀ အထိ မောင်းနိုင်သည်။အပြင်ဒီဇိုင်းမှာမူ ယခင်မော်ဒယ်အတိုင်းသာ ဖြစ်သည်။မော်ဒယ်အမည်အရ ပြည်ပဈေးကွက်များသို့လည်း တင်ပို့ဖွယ်ရှိသည်ဟု ခန့်မှန်းရသည်။
((ရွေးချယ်နိုင်သော trim များ))
● 120 Long-Range 2WD= ယွမ် ၁၃၉၉၀၀ (ဒေါ်လာ ၁၉၆၀၀)
● 210 Ultra-Long-Range 2WD = ယွမ် ၁၆၉၉၀၀ (ဒေါ်လာ ၂၃၈၀၀)
● 200 Ultra-Long-Range 4WD = ယွမ် ၁၈၉၉၀၀ (ဒေါ်လာ ၂၆၆၀၀)
ရှေ့ပိုင်း LED မီးတန်းမှာ ယခင်အတိုင်းဖြစ်ပြီး နှစ်ဘက်လုံးတွင် ဒေါင်လိုက်မီးတန်းများဖြင့် ပေါင်းစပ်ထားသည်။
အပြင်ပိုင်း နှစ်ရောင်စပ် ဒီဇိုင်း (အဖြူ+အနက်) မှာမူ အသစ် ဖြစ်လာသည်။
နောက်ဘက်ရှိ taillight မှာ ယခင်အတိုင်းဖြစ်သည်။
အရွယ်အစားမှာလည်း မပြောင်းလဲချေ။ ယခင်အတိုင်း 4781/1920/1671 mm (l/w/h) ရှိပြီး wheelbase မှာ 2815 mm ဖြစ်သည်။ယာဉ်၏ အသားတင်အလေးချိန်မှာ ၁၉၁၃ ကီလိုဂရမ်မှ ၂၁၇၁ ကီလိုဂရမ်ကြား အစားစားရှိသည်။
ယခင်မော်ဒယ်၏ powertrain ကို ကြည့်မည်ဆိုလျှင် 1.5T အင်ဂျင်၊ trim အပေါ် မူတည်ပြီး မော်တာ ၂ လုံးမှ ၃ လုံးပါသည်။ စုစုပေါင်း မောင်းနိုင်သည့် range မှာ ကီလို ၁၄၀၀ ဖြစ်သည်။ယခု Global Edition ၏ powertrain configuration မှာလည်း ယခင်အတိုင်းသာ ဖြစ်သည်။1.5TGDI အင်ဂျင်မှာ အထွက်အား 115 kW (154 hp) ရှိပြီး ရုန်းအားမှာ 220 Nm ရှိသည်။Trim အသီးသီး၏ powertrain specification မှာ အောက်ပါအတိုင်း ဖြစ်ပါသည်။
● 120 Long-Range 2WD = ရှေ့မော်တာ အထွက်အား 150 kW (201 hp)/ ရုန်းအား 310 Nm၊ 19.53 kWh လီသီယံအိုင်းယွန်းဖော့စဖိတ် ဘက်ထရီ (Chery က ကိုယ်တိုင်ထုတ်လုပ်) ၊ လျှပ်စစ်သီးသန့်ဖြင့် ကီလို ၁၂၀ မောင်းနိုင်
● 210 Ultra-Long-Range 2WD= အထွက်အား 165 kW (221 hp) နှင့် ရုန်းအား 390 Nm ရှိ ရှေ့မော်တာ ၂ လုံး၊ CATL ထုတ် 34.46 kWh M3P LFP ဘက်ထရီ၊ လျှပ်စစ်သီးသန့်ဖြင့် ကီလို ၂၁၀ မောင်းနိုင်
● 200 Ultra-Long-Range 4WD= အထွက်အား 165 kW (221 hp) နှင့် ရုန်းအား 390 Nm ရှိ ရှေ့မော်တာ ၂ လုံး၊ အထွက်အား 175 kW (235 hp) နှင့် ရုန်းအား 310 Nm ရှိ နောက်မော်တာ ၁ လုံး၊ CATL ထုတ် 34.46 kWh M3P LFP ဘက်ထရီ၊ လျှပ်စစ်သီးသန့်ဖြင့် ကီလို ၂၀၀ မောင်းနိုင်
(CarsDB Team မှ ရေးသား ဖော်ပြသည်။)
Credit: CarsDB.com
Ref: Chery Exeed Yaoguang C-DM Global Edition PHEV launched from 19,600 USD: 1,400 km range, updated powertrain (carnewschina)