- ပင်မစာမျက်နှာ
- ကားသတင်းများ
- ဉာဏ်ကြီးရှင် Chevrolet Bolt ပိုင်ရှင်က နောက်ဘီးတွင် ဂျင်နရေတာ တပ်ထားပြီး ကားမောင်းနေချိန်အတွင်း ဘက်ထရီကို အားသွင်းပုံ
ဉာဏ်ကြီးရှင် Chevrolet Bolt ပိုင်ရှင်က နောက်ဘီးတွင် ဂျင်နရေတာ တပ်ထားပြီး ကားမောင်းနေချိန်အတွင်း ဘက်ထရီကို အားသွင်းပုံ
- 105 views
Chevrolet Bolt ကားပိုင်ရှင်တစ်ဦးက နောက်ဘီးတွင် စက်ခါးပတ်ကြိုးဖြင့် ဂျင်နရေတာ တပ်ထားကာ ကားမောင်းနေစဉ်အချိန်အတွင်း ဘီး၏ လည်ပတ်အားဖြင့် ဘက်ထရီကို အားသွင်းနိုင်ရန် စီစဉ်ထားပုံမှာ လူမှုကွန်ရက်တွင် နာမည်ကြီးနေသည်။
သို့သော် ကားကျွမ်းကျင်ပညာရှင်များနှင့် လူမှုကွန်ရက်သုံးစွဲသူတို့က ထိုလုပ်ဆောင်မှု၏ မကောင်းသော အချက်များကို ထောက်ပြကြသည်။ဂျင်နရေတာက ဆွဲယူမည့် စွမ်းအင်မှာ ၎င်းက ထုတ်လုပ်မည့် စွမ်းအင်ထက် ပိုမိုများပြားကြောင်း၊ ထို့ကြောင့် နောက်ဆုံးတွင် စွမ်းဆောင်ရည် ကျဆင်းသွားစေမည်ဖြစ်ကြောင်း မှတ်ချက်ပြုကြသည်။
ယခု DIY နည်းလမ်းမှာ စွမ်းအင်ထုတ်လုပ်မှုနှင့် ပတ်သက်ပြီး လူမှုကွန်ရက်သုံးစွဲသူတို့အကြား အခြေအတင် အငြင်းပွားဖွယ်များ ဖြစ်ပေါ်လာသည်။အချို့ကမူ ယခုနည်းလမ်းတွင် အားနည်းချက်များ ရှိနေစေကာမူ တီထွင်ဖန်တီးတတ်မှုမှာ ချီးကျူးဖွယ်ရာဖြစ်ကြောင်း မှတ်ချက်ပေးကြသည်။
((ကောင်းကျိုး၊ ဆိုးကျိုး))
နည်းလမ်း= ကားပိုင်ရှင်က နောက်ဘီးတွင် စက်ခါးပတ်တစ်ခုဖြင့် ဂျင်နရေတာတစ်ခုနှင့် ချိတ်ဆက်ထားသည်။
နောက်ဘီး လည်ပတ်မှုနှင့်အတူ ဂျင်နရေတာပါ လိုက်ပါလည်ပတ်ကာ လျှပ်စစ်ဓာတ်ထုတ်လုပ်ပြီး ကားဘက်ထရီထံ အားသွင်းရန် ရည်ရွယ်ခြင်းဖြစ်သည်။
အားနည်းချက်= ယခုနည်းလမ်း၏ အဓိက ပြဿနာမှာ စက်ခါးပတ်၏ ဆွဲအားကြောင့် စွမ်းအင်ဆုံးရှုံးရခြင်း ဖြစ်သည်။ ဂျင်နရေတာကြောင့် ကားဘီးတို့တွင် ဝန်ပိုလာသည်။ သို့အတွက် ကား၏ ပင်မ လျှပ်စစ်မော်တာမှာ အဆိုပါ ဆွဲအားကို ရုန်းနိုင်ရန် ပိုမိုအလုပ်လုပ်ရတော့သည်။
ရလဒ်= ထပ်တိုးလာသော စက်ခါးပတ်၏ ဆွဲအားအတွက် အသုံးပြုရသည့် စွမ်းအင်မှာ ဂျင်နရေတာက ထုတ်လုပ်သည့် စွမ်းအင်ထက် များပြားနေရာ အသားတင်တွက်ချက်မှုတွင် စွမ်းအင်ဆုံးရှုံးမှု ဖြစ်ပေါ်နေသည်။ ထိုနည်းလမ်းမှာ ရေကန်တစ်ခုထဲသို့ ထိုကန်မှရေများဖြင့်ပင် ပြန်ဖြည့်ပေးနေသည်နှင့် အလားတူသည်။
((လူမှုကွန်ရက်သုံးစွဲသူတို့၏ တုံ့ပြန်မှုများ ))
အချို့က တီထွင်တတ်မှုကို ချီးကျူးကြပြီး အချို့ကမူ အခြေခံရူပဗေဒသဘောတရားအရ အကျိုးမရှိသည့် နည်းလမ်းဖြစ်ကြောင်း မှတ်ချက်ပေးကြသည်။
((Regenerative Braking နည်းပညာ vs. DIY:))
လူမှုကွန်ရက်သုံးစွဲသူများစွာက မှတ်ချက်ပေးသည်မှာ EV တို့တွင် စွမ်းအင်မလေလွင့်စေသည့် စွမ်းဆောင်ရည်မြှင့်တင်ပေးသော နည်းပညာ ပါဝင်ပြီးသားဖြစ်ကြောင်း၊ regenerative braking နည်းပညာတွင် ကားအရှိန်လျှော့လိုက်ချိန်များတွင် မော်တာက ဂျင်နရေတာအဖြစ် လုပ်ဆောင်ပြီး ဘက်ထရီထံ လျှပ်စစ်ဓာတ်အား ပို့ပေးကြောင်း၊ သီးခြား ဂျင်နရေတာတစ်ခု ထည့်စရာ မလိုဘဲ ဓာတ်အားရနိုင်ကြောင်း ထောက်ပြကြသည်။
(CarsDB Team မှ ရေးသား ဖော်ပြသည်။)
Credit: CarsDB.com
Ref: Genius Chevrolet Bolt driver attaches belt to rear wheel and generator to charge its battery while driving