- ပင်မစာမျက်နှာ
- ကားသတင်းများ
- ချန်ဒူးကားပြပွဲကြီးတွင် ရေထဲ၌ မိနစ် ၄၀ အထိ မောင်းနိုင်သည့် Jetour Zongheng G700 PHEV SUV ကို စရံငွေ ၉၈ ဒေါ်လာပေးသွင်းစေကာ pre-sale စတင်ရောင်းချလျက်ရှိ
ချန်ဒူးကားပြပွဲကြီးတွင် ရေထဲ၌ မိနစ် ၄၀ အထိ မောင်းနိုင်သည့် Jetour Zongheng G700 PHEV SUV ကို စရံငွေ ၉၈ ဒေါ်လာပေးသွင်းစေကာ pre-sale စတင်ရောင်းချလျက်ရှိ
- 235 views
တရုတ်ပြည်တွင် ကျင်းပလျက်ရှိသော ၂၀၂၅ ချန်ဒူး ကားပြပွဲကြီးတွင် Chery က ၎င်း၏ Jetour Zongheng G700 plug-in hybrid off-road SUV ကို စရံငွေ ယွမ် ၇၀၀ (၉၈ ဒေါ်လာ) ပေးသွင်းစေကာ pre-sale စတင်ရောင်းချပေးလျက်ရှိသည်။
(ဆက်စပ်သတင်း)
သြဂုတ် ၂၉ ရက်တွင် စတင်ကျင်းပမည့် ချန်ဒူး နိုင်ငံတကာ ကားပြပွဲကြီးအကြောင်း
https://www.carsdb.com/my/news/1287
ထူးခြားချက်မှာ water resistant ရှိသည့် ကိုယ်ထည်ဖြစ်ပြီး ရေထဲတွင် မိနစ် ၄၀ ကြာ မနစ်မြုပ်ဘဲ ရှိနေနိုင်ခြင်း ဖြစ်သည်။
ဈေးတန်းကိုမူ မသိရသေးချေ။
Zongheng သည် Jetour အမှတ်တံဆိပ်အောက်မှ ထုတ်လုပ်သော off-road series ဖြစ်သည်။
Jetour Zongheng G700 မှာ off-road SUV တို့၏ လေးထောင့်ဆန်ဆန် ဒီဇိုင်းနှင့် နောက်ဘက် တာယာအပိုထားရှိမှုတို့ကို ဆက်လက်ထိန်းသိမ်းထားသည်။
ရှေ့နောက် ဘန်ပါတို့တွင် ကားဆွဲသည့် ချိတ် ၂ ခု ပါသည်။
Taillight မှာ ရုပ်ပုံနှင့် စာလုံးအမျိုးမျိုး ပြသနိုင်ရန် ပရိုဂရမ်ဆွဲထားသည်။
ADAS စနစ်မှာ Chery ၏ Falcon 500 ကို သုံးထားပြီး parking assist စွမ်းဆောင်ရည် ပါဝင်သည်။
Full-size SUV ဖြစ်သော Jetour Zongheng G700 ၏ အရွယ်အစားမှာ 5198/2050/1956 mm (l/w/h) ရှိပြီး wheelbase မှာ 2870 mm ရှိသည်။
အများဆုံး ground clearance မှာ ၃၂၀ မီလီမီတာ ဖြစ်သည်။
Chery ၏ တရားဝင်ထုတ်ပြန်ချက်အရ Jetour Zongheng G700 သည် ရေထဲတွင် မိနစ် ၄၀ ခန့်အထိ မောင်းနိုင်ပြီး ရေမိုင် ၄.၅ မိုင် အမြန်နှုန်းဖြင့် မောင်းနိုင်သည်ဟု ဆိုသည်။ ကားအတွင်းခန်းမှာ ရေဖိအား 20 kPa နှင့် ရေစီးအား 5 m/s ကို ခံနိုင်စွမ်းရှိသည်။
Chery ၏ Kunpeng super-performance electric hybrid CDM-O system အသုံးပြုထားသည်။
2.0T အင်ဂျင်နှင့် လျှပ်စစ်မော်တာ ၂ လုံးသုံးထားပြီး စုစုပေါင်း အထွက်အား 560 kW (751 hp) ရှိကာ ရုန်းအားမှာ 795 Nm ရှိသည်။
2.0T အင်ဂျင်၏ အမြင့်ဆုံး အထွက်အားမှာ 155 kW (208 hp) ရှိသည်။
ဆီစားနှုန်းမှာ ကီလို ၁၀၀ လျှင် ၁ ဒသမ ၃၉ လီတာဖြစ်ပြီး 0 to 100 km/h အမြန်နှုန်းကို ၄ ဒသမ ၆ စက္ကန့်အတွင်း ရနိုင်သည်။
(CarsDB Team မှ ရေးသား ဖော်ပြသည်။)
Credit: CarsDB.com
Ref: Credit: CarsDB.comRef: Jetour Zongheng G700 PHEV off-road SUV with 751hp and 970mm wading depth started pre-sale