သြဂုတ် ၂၉ ရက်တွင် စတင်ကျင်းပမည့် ချန်ဒူး နိုင်ငံတကာ ကားပြပွဲကြီးအကြောင်း

  • 606 views

Auto-Show-2.jpg

ချန်ဒူး နိုင်ငံတကာ ကားပြပွဲ (Chengdu International Auto Show 2025) ကို လာမည့် သြဂုတ် ၂၉ ရက်မှ စက်တင်ဘာလ ၇ ရက်အထိ တရုတ်ပြည် အနောက်တောင်ပိုင်း စီချွမ်ပြည်နယ်၏ မြို့တော် ချန်ဒူးမြို့တွင် ကျင်းပရန် စီစဉ်ထားသည်။

တရုတ်ပြည်၏ အကြီးမားဆုံး ကားပြပွဲကြီး ၄ ခုတွင် တစ်ခုအပါအဝင်ဖြစ်သော ချန်ဒူးကားပြပွဲသည် တရုတ်ပြည်အနောက်ပိုင်း ကားလောက၏ ပဓာနပြပွဲကြီးဖြစ်ပြီး ပြပွဲဧရိယာ စတုရန်းမီတာ ၂၀၀,၀၀၀ ခန့်ရှိကာ ဝင်ရောက်ပြသသူပေါင်း ၁၆၀၀ ကျော်ရှိသည့် ကားပြပွဲကြီးဖြစ်သည်။

ချန်ဒူးကားပြပွဲကြီးတွင် အိမ်စီးကားများ၊ လုပ်ငန်းသုံးကားများ၊ ကားပစ္စည်းအစိတ်အပိုင်းများ၊ aftermarket ဝန်ဆောင်မှုများ၊ modification ပစ္စည်းများ၊ ကားဝပ်ရှော့သုံး ကိရိယာများ၊ ပါကင်စနစ်များ၊ ကားလုပ်ငန်းနည်းပညာများ အစရှိသဖြင့် ကားနယ်ပယ်နှင့် စပ်လျဉ်းသည့် အလုံးစုံ ပြသသွားမည် ဖြစ်သည်။

Auto-Show-1.jpg

ယခုနှစ် ပြပွဲကြီးသို့ လာရောက်လေ့လာသူ ၇၅၀၀၀၀ ကျော် ရှိမည်ဟု ခန့်မှန်းထားသည်။
ယခုပြပွဲကြီးသည် ထုတ်လုပ်သူများ၊ ဝယ်လက်များ၊ ရင်းနှီးမြှုပ်နှံသူများနှင့် လေ့လာသူများအတွက် ကုန်သွယ်ရေး၊ လုပ်ငန်းအဆက်အသွယ်၊ အနာဂတ် ကားလောက ဈေးကွက်မြင်ကွင်း အစရှိသည်တို့နှင့် ထိတွေ့ခွင့် ရရှိစေမည် ဖြစ်သည်။

● ကျင်းပမည့်ရက်စွဲ= သြဂုတ် ၂၉ မှ စက်တင်ဘာလ ၇ ရက်အထိ
● ကျင်းပမည့်နေရာ= ချန်ဒူးမြို့၊ Western China International Expo City ပြပွဲနေရာ
● အရေးပါမှု= ချန်ဒူးကားပြပွဲသည် တရုတ်ပြည်၏ အကြီးမားဆုံး ကားပြပွဲကြီး ၄ ခုတွင် ပါဝင်သည်။
● ကားသစ် မိတ်ဆက်မှု= ချန်ဒူးကားပြပွဲကြီးတွင် Zeekr 9X SUV ကို pre-sale စတင်ရောင်းချပေးမည်ဖြစ်ပြီး ခရီးဝေးမောင်းနိုင်သော hybrid ကား ဖြစ်သည်။

Auto-Show-3.jpg

● ပါဝင်ပြသမည့်အရာများ 


► မော်တော်ကားများ
အိမ်စီးကား၊ ပြိုင်ကား၊ SUV ၊ MPV ၊ နမူနာကားများ၊ modified ကားများ၊ ဘတ်စ်ကားနှင့် လိုက်ထရပ်တို့ အပါအဝင် လုပ်ငန်းသုံးကားများ
► ကားပစ္စည်းအစိတ်အပိုင်းများ
အင်ဂျင်များ၊ chassis များ၊ ဘရိတ်စနစ်များ၊ စတီယာရင်စနစ်များ၊ ကိုယ်ထည်အစိတ်အပိုင်းများ၊ အိတ်ဇောစနစ်များနှင့် တာယာများ
► Aftermarket ထုတ်ကုန်နှင့် ဝန်ဆောင်မှုများ
ကား electronic ပိုင်း၊ accessories ပစ္စည်းများ၊ modification ပစ္စည်းများ၊ စမ်းသပ်စစ်ဆေးခြင်းနှင့် ကားပြုပြင်ရေး အသုံးအဆောင်ပစ္စည်းများ၊ ဆေးမှုတ်လုပ်ငန်းပစ္စည်းများ၊ ကားကလပ်နှင့် အသင်းအဖွဲ့များ

Auto-Show-4.jpg

● ရည်ရွယ်သည့် ပရိသတ်


ကားအရောင်းစင်တာများ၊ ကားထုတ်လုပ်သူများ၊ aftermarket ဝန်ဆောင်မှုပေးသူများ၊ ကားပစ္စည်းအစိတ်အပိုင်း ထုတ်လုပ်သူများ၊ ကားအငှားလုပ်ငန်း လုပ်ကိုင်သူများ၊ ကား အင်ဂျင်နီယာများ၊ ကားလောက သတင်းမီဒီယာများ၊ ရင်းနှီးမြှုပ်နှံသူများ၊ လေ့လာသူများ၊ လုပ်ငန်းလိုအပ်ချက်အတွက် ဝယ်ယူမည့်သူများ


ကြီးမှူးကျင်းပသူ= Hannover Milano Fair (Shanghai) Co.
ပြပွဲနေရာ လိပ်စာ=Western China International Expo Center, No. 88, East Section of Fuzhou Road, Tianfu New District, Chengdu, Sichuan Province, China (四川省成都市天府新区福州路东段88号) (Map)

(CarsDB Team မှ ရေးသား ဖော်ပြသည်။)

Credit: CarsDB.com

Ref: Chengdu International Auto Show 2025