Huawei က ၂၀၂၆ မော်ဒယ် Aito M7 ကို ယနေ့ (စက်တင်ဘာ ၅ ) pre-order စတင်ရောင်းချမည်

  • 61 views

e59bbee78987-4.jpg

၂၀၂၆ မော်ဒယ် Aito M7 ကို စက်တင်ဘာ ၅ ရက်တွင် pre-order စတင်ရောင်းချပေးမည်ဖြစ်ကြောင်း HIMA က ကြေညာသည်။

(မှတ်ချက်။ HIMA ဟူသည်မှာ Huawei ဦးဆောင်သော တရုတ်ပြည်ကားလောက ပူးပေါင်းဆောင်ရွက်ရေး မဟာမိတ်အဖွဲ့ကြီးဖြစ်ပြီး Aito, Luxeed (Chery), Stelato (BAIC), Maextro (JAC Group) နှင့် SAIC တို့ ပါဝင်သည်။)ဈေးကွက်တွင် တရားဝင်စတင်ရောင်းချမည့်ကာလမှာ စက်တင်ဘာ ၂၃ ရက် ဖြစ်သည်။

Aito M7 သည် Aito (Seres) နှင့် Huawei တို့ ပူးပေါင်းကာ ၂၀၂၂ ခုနှစ်ကတည်းက ထုတ်လုပ်နေသည့် mid-size SUV ဖြစ်ပြီး Huawei ၏ မောင်းသူမဲ့စနစ်နှင့် HarmonyOS တို့ကို အသုံးပြုထားသည်။

e59bbee78987-5.jpg

ယခု ၂၀၂၆ မော်ဒယ်တွင် အတွင်းအပြင် ဒီဇိုင်းများ ဆန်းသစ်လာမည်ဖြစ်ပြီး Huawei ၏ ADS 4 intelligent driving assistance system ကို အသုံးပြုထားမည် ဖြစ်သည်။ထို့အပြင် ကားလောက၏ ပထမဆုံးဟု ဆိုနိုင်သော in-cabin laser vision solution ဖြစ်သည့် Limera ထည့်သွင်းပေးထားခြင်းမှာ ထူးခြားချက် ဖြစ်သည်။ရှေ့မျက်နှာစာမှာ သားနားသော အပိတ်ဒီဇိုင်းဖြစ်ကာ Aito ၏ signature ဖြစ်သော cluster ရှေ့မီးကြီးများ ပြန်လည်ပါဝင်လာသည်။

တံခါးလက်ကိုင်များမှာ semi-hidden ဖြစ်ရာ လေခုခံအား လျော့ကျစေမည် ဖြစ်သည်။အရွယ်အစားမှာ 5080mm/1999mm/1780mm ဖြစ်ကာ wheelbase မှာ 3030mm ရှိသည်။ဒက်ရှ်ဘုတ်တွင် ၁၆ ဒသမ ၁ လက်မရှိ central control screen က အဓိက နေရာယူထားသည်။အပူအအေး storage box တစ်ခုလည်း ထည့်ပေးထားသည်။

e59bbee78987-2.jpg

Aito M7 တွင် extended-range electric vehicle (EREV) နှင့် pure electric vehicle (BEV) ဟူသော ဗားရှင်း ၂ မျိုးလာသည်။

EREV variant တွင် ဘက်ထရီ ရွေးစရာ ၂ မျိုးရှိရာ 37kWh နှင့် 53kWh တို့ဖြစ်ပြီး မောင်းနိုင်မည့် range မှာ ကီလို ၁၆၀၀ အထိ ဖြစ်သည်။

BEV variant တွင် 100kWh ဘက်ထရီသုံးထားပြီး မောင်းနိုင်မည့် range မှာ ကီလို ၇၀၀ ကျော် ဖြစ်သည်။

e59bbee78987-6.jpg

Aito M7 မော်ဒယ်သစ်၏ အဓိက ထူးခြားချက်မှာ Huawei ၏ Limera in-cabin laser vision solution နှင့် စတင်မိတ်ဆက်ပေးထားခြင်း ဖြစ်သည်။ထိုစနစ်တွင် နောက်ကြည့်မှန်နောက်ဘက်နှင့် လေကာမှန်ထဲ၌ LiDAR နှင့် ကင်မရာတစ်လုံး လျှို့ဝှက် တပ်ဆင်ပေးထားသည်။Roof -mounted LiDAR နှင့် စပ်လျဉ်းပြီး စိတ်ပူသူတို့အတွက် အဖြေတစ်ခုလည်း ဖြစ်သည်။

e59bbee78987-7.jpg

ထို sensor ကို သဘာဝအကြောင်းရပ်များဖြစ်သော ဖုန်၊ မိုးစက်၊ အင်းဆက်တို့ရန်မှ အကာအကွယ်ပေးထားသောကြောင့် တစ်သက်တာ သန့်ရှင်းရေးလုပ်စရာ မလိုတော့ချေ။

Ref: Huawei’s Aito M7, featuring industry-first in-cabin LiDAR, opens pre-orders September 5 (carnewschina)