- ပင်မစာမျက်နှာ
- ကားသတင်းများ
- Tesla China က Model 3 Long Range ၏ ဈေးနှုန်းကို ယွမ် ၁၀,၀၀၀ (ဒေါ်လာ ၁,၄၀၀) အထိ လျှော့ချပေးလာ၊ စတင်မိတ်ဆက်ပြီး ၁ လပင် မရှိသေးချိန်တွင် ဈေးချပေးလာခြင်းဖြစ်
Tesla China က Model 3 Long Range ၏ ဈေးနှုန်းကို ယွမ် ၁၀,၀၀၀ (ဒေါ်လာ ၁,၄၀၀) အထိ လျှော့ချပေးလာ၊ စတင်မိတ်ဆက်ပြီး ၁ လပင် မရှိသေးချိန်တွင် ဈေးချပေးလာခြင်းဖြစ်
- 90 views
Tesla China က နောက်ယက် Model 3 Long Range variant ကို တရုတ်ပြည်တွင် ယွမ် ၁၀,၀၀၀ (ဒေါ်လာ ၁၄၀၀) ဈေးလျှော့ပေးလာသည်။
ထို့ကြောင့် Model 3 Long Range ၏ ဈေးနှုန်းမှာ ယွမ် ၂၅၉,၅၀၀ (ဒေါ်လာ ၃၆,၀၇၀) သို့ ဈေးကျသွားသည်။
ဈေးကွက်တွင် စတင်မိတ်ဆက်ပြီး တစ်လပင် မရှိသေးချိန်၌ ဈေးချပေးလာခြင်းလည်း ဖြစ်သည်။
Model 3 Long Range RWD ၏ မောင်းနိုင်သော range မှာ ကီလို ၈၃၀ ရှိပြီး 0-100 km/h အမြန်နှုန်းကို ၅ ဒသမ ၂ စက္ကန့်အတွင်း ရနိုင်သည်။
အဆိုပါမော်ဒယ်ကို သြဂုတ်လ ၁၂ ရက်က စတင်မိတ်ဆက်ခဲ့ချိန်တွင် အနိမ့်ဆုံးဈေးမှာ ယွမ် ၂၆၉၅၀၀ (ကန်ဒေါ်လာ ၃၇၄၇၀) ဖြစ်သည်။
ယခုကဲ့သို့ ဈေးနှုန်းလျှော့ချပေးမှုကို Tesla ၏ ဝက်ဘ်ဆိုက်တွင် တရားဝင်ကြေညာထားပြီး စက်တင်ဘာ ၁ ရက်မှ စတင်မည် ဖြစ်သည်။
ထို့အပြင် Model 3 ၏ variant ၄ မျိုးလုံးကိုလည်း range upgrade များ ပြုလုပ်ထားသည်ဟု ဆိုသည်။
တရုတ်ပြည်တွင် သြဂုတ်လ ၁၉ ရက်က Model Y L varint ကို စတင်မိတ်ဆက်ခဲ့သေးသည်။
Model Y L ၏ အနိမ့်ဆုံးဈေးမှာ ယွမ် ၃၃၉၀၀၀ (ဒေါ်လာ ၄၇၁၂၀) ဖြစ်သည်။
China Passenger Car Association (CPCA) ၏ အချက်အလက်များအရ Tesla ၏ ရှန်ဟိုင်း Gigafactory မှ ရောင်းအားနှေးကွေးလျက်ရှိကြောင်း သိရသည်။
၂၀၂၅ ခုနှစ်၊ ဇူလိုင်လတွင် အစင်ေးရ ၆၇၀၀၀ ရောင်းချခဲ့ရရာ ၂၀၂၄ ခုနှစ်၊ ဇူလိုင်လတွင် အစင်းရေ ၇၄၀၀၀ ရောင်းချခဲ့ရမှုနှင့် နှိုင်းယှဉ်လျှင် ရောင်းအား ၈ ဒသမ ၄ ရာခိုင်နှုန်း ကျဆင်းသွားသည်။
ဇွန်လ ရောင်းအားမှာ အစင်းရေ ၇၁၀၀၀ ဖြစ်ပြီး ယခင်နှစ်အောက် ၅ ဒသမ ၂ ရာခိုင်နှုန်း နည်းပါးနေသည်။
တရုတ်ပြည်တွင် Tesla ၏ ကားများ ယခုနှစ် ဇန်နဝါရီမှ ဇူလိုင်လအထိ ရောင်းအားမှာ အစင်းရေ ၄၃၂၀၀၀ ခန့်ရှိရာ ၂၀၂၄ ခုနှစ် အလားတူ ကာလရောင်းအားဖြစ်သော အစင်းရေ ၅၀၀၀၀၀ နှင့် နှိုင်းယှဉ်လျှင် ၁၃ ဒသမ ၆ ရာခိုင်နှုန်း ကျဆင်းသွားသည်။
ထိုသို့ ရောင်းအားကျဆင်းလာမှုကို ကိုင်တွယ်ရန်အတွက် Tesla က ဈေးနှုန်း လျော့ချပေးမှုများ ပြုလုပ်လာခြင်း ဖြစ်သည်။
မကြာသေးမီက မိတ်ဆက်ခဲ့သော Model 3 Long Range RWD နှင့် Model Y L တို့အပြင် Model Y ၏ ပိုမိုဈေးသက်သာသည့် ဗားရှင်းကိုလည်း ထုတ်လုပ်နိုင်ရန် စီစဉ်နေသည်။
Tesla က မကြာမီ မိတ်ဆက်ပေးရန် စီစဉ်နေသည့် တန်ဖိုးသင့်ကားမှာ Model Y ၏ ဗားရှင်းသစ်တစ်ခု ဖြစ်လိမ့်မည်ဖြစ်ပြီး ၂၀၂၅ ဒုတိယနှစ်ဝက်ကာလတွင် အလုံးအရင်းထုတ်လုပ်ရန် စီစဉ်ထားကြောင်း Elon Musk က ပြောကြားထားသည်။
(CarsDB Team မှ ရေးသား ဖော်ပြသည်။)
Credit: CarsDB.com
Ref: Tesla China slashes Model 3 Long Range price by 1,400 USD less than a month after launch (carnewschina)