- ပင်မစာမျက်နှာ
- ကားသတင်းများ
- စက်တင်ဘာ ၉ ရက် မြူးနစ် ကားပြပွဲတွင် Stellantis ကျောထောက်နောက်ခံပေးထားသော Leapmotor က မော်ဒယ်သစ် Lafa 5 hatchback ကို ပွဲထုတ်မည်
စက်တင်ဘာ ၉ ရက် မြူးနစ် ကားပြပွဲတွင် Stellantis ကျောထောက်နောက်ခံပေးထားသော Leapmotor က မော်ဒယ်သစ် Lafa 5 hatchback ကို ပွဲထုတ်မည်
- 75 views
Stellantis ကျောထောက်နောက်ခံပေးထားသော တရုတ်ပြည်မှ ကားထုတ်လုပ်သူ Leapmotor က မော်ဒယ်သစ် Lafa 5 electric SUV ၏ ဓာတ်ပုံများ ထုတ်ပြန်လာသည်။
Lafa 5 hatchback ကို ဂျာမနီနိုင်ငံ မြူးနစ်မြို့တွင် စက်တင်ဘာလ ၉ ရက်၌ ကျင်းပမည့် ကားပြပွဲကြီးဖြစ်သော IAA Mobility 2025 တွင် ပွဲထုတ်ရန် စီစဉ်ထားသည်။
ယခင်က Leapmotor ၏ ကားများကို နာမည်ပေးလျှင် ၂ လုံးပေးခဲ့ရာမှ ယခုအခါ Lafa ဟုသာ အမည်ပေးထားသည်ကို တွေ့ရသည်။
Lafa 5 သည် compact hatchback ဖြစ်ပြီး မြို့တွင်းစီးအတွက် ရည်ရွယ်သည့် ကားဖြစ်သည်။
Leapmotor ၏ ရှယ်ယာတစိတ်တပိုင်းကို Stellantis က ပြီးခဲ့သောနှစ်အတွင်း ဝယ်ယူခဲ့ပြီးနောက် ကုမ္ပဏီမှာ တဖြေးဖြေးချင်း တိုးတက်လာနေသည်။
၂၀၂၅ ခုနှစ်၊ သြဂုတ်လအတွင်း Leapmotor ၏ ကားများမှာ ကမ္ဘာတလွှားတွင် အစင်းရေ ၅၇၀၆၆ စင်း ရောင်းချထားရပြီး ဖြစ်သည်။
ထိုပမာဏမှာ ၂၀၂၄ ခုနှစ်၊ သြဂုတ်လနှင့် နှိုင်းယှဉ်လျှင် ၈၈ ရာခိုင်နှုန်း မြင့်တက်လာခြင်း ဖြစ်သည်။
၂၀၂၅ ခုနှစ်၊ ဇန်နဝါရီမှ သြဂုတ်လအထိ အစင်းရေ ၃၂၈၈၅၉ စင်း ရောင်းချထားရသည်။
တရုတ်ပြည်တွင်းတွင် လက်ရှိအားဖြင့် Leapmotor ၏ မော်ဒယ်လိုင်းတွင် ၇ မျိုးရှိသည်။
ကမ္ဘာတဝန်း ရောင်းချပေးသည်မှာ မော်ဒယ် ၃ မျိုး ဖြစ်သည်။
IAA Mobility 2025 မြူးနစ်ကားပြပွဲတွင် မိတ်ဆက်မည့် Lafa 5 BEV hatchback မှာ all-new ကားတစ်စင်းဖြစ်သည်။
Lafa 5 ကို ယခင်က codename B05 ဟု အများသိထားခဲ့ကြသည်။
LEAP 3.5 modular architecture ကို အခြေခံထားပြီး B10 crossover နှင့် အသွင်တူသည်။
LED ရှေ့မီးကြီး အကွေးများ၊ ခေါက်သိမ်းနိုင်သော တံခါးလက်ကိုင်များ၊ ပြိုင်ကားဆန်သော roof spoiler နှင့် taillight တစ်ခုတို့ ပါသည်။
အမိုးပေါ်တွင် LiDAR ထည့်ပေးထားသည်မှာ ထူးခြားသော အားသာချက်ဖြစ်သည်။ တန်ဖိုးနည်း လျှပ်စစ်ကားများတွင် ပါလေ့မရှိချေ။
Lafa 5 ၏ အရွယ်အစား မည်မျှရှိသည်ကိုမူ မသိရသေးချေ။
သို့သော် Volkswagen ID.3 ၏ အရွယ်အစားနှင့် နီးစပ်ဖွယ် ရှိသည်။
ဂျာမနီထုတ် ID.3 ၏ အရွယ်အစားမှာ 4,262 mm/1,809 mm/ 1,552 mm (အလျား၊ ဗျက်၊ အမြင့်) ရှိသည်။
(CarsDB Team မှ ရေးသား ဖော်ပြသည်။)
Credit: CarsDB.com
Ref: Stellantis-backed Leapmotor teased the new Lafa 5 hatchback ahead of debut in Munich