- ပင်မစာမျက်နှာ
- ကားသတင်းများ
- တရုတ်ပြည်တွင် မောင်းသူမဲ့ လယ်ထွန်စက်များ တီထွင်ထုတ်လုပ်လျက်ရှိ၊ AI နည်းပညာ၊ 5G စနစ်နှင့် ဂြိုဟ်တု လမ်းညွှန်စနစ်တို့ အသုံးပြုထား၊ လုပ်သားရှားပါးမှုကို ဖြေရှင်းရန် ထုတ်လုပ်ခြင်းဖြစ်
တရုတ်ပြည်တွင် မောင်းသူမဲ့ လယ်ထွန်စက်များ တီထွင်ထုတ်လုပ်လျက်ရှိ၊ AI နည်းပညာ၊ 5G စနစ်နှင့် ဂြိုဟ်တု လမ်းညွှန်စနစ်တို့ အသုံးပြုထား၊ လုပ်သားရှားပါးမှုကို ဖြေရှင်းရန် ထုတ်လုပ်ခြင်းဖြစ်
- 58 views
တရုတ်ပြည်တွင် AI နည်းပညာ၊ 5G ကွန်ရက်၊ ဂြိုဟ်တု လမ်းညွှန်စနစ်တို့ အသုံးပြုထားသည့် အလိုအလျောက် မောင်းနှင်စနစ်သုံး လယ်ထွန်စက်များ တီထွင်ကာ စိုက်ပျိုးရေးကဏ္ဍကို အဆင့်မြှင့်တင်လျက်ရှိသည်။
လယ်ယာကဏ္ဍကို ခေတ်မီအဆင့်မြှင့်တင်ရန်၊ စွမ်းဆောင်ရည်မြှင့်တင်ရန်နှင့် လယ်ယာကဏ္ဍတွင် လုပ်သားရှားပါးမှု ပြဿနာကို ဖြေရှင်းနိုင်ရန် ရည်ရွယ်ကာ ထုတ်လုပ်ခြင်းဖြစ်သည်။
■ ((အသုံးပြုထားသော အဆင့်မြင့် နည်းပညာများ))
အလိုအလျောက်မောင်းနှင်စနစ်သုံး လယ်ထွန်စက်တွင် အသုံးပြုထားသည့် နောက်ဆုံးပေါ် နည်းပညာများမှာ-
● AI နည်းပညာ= လယ်ထွန်ခြင်း၊ ပျိုးချခြင်းကဲ့သို့ အလုပ်များကို အချိန်နှင့်တပြေးညီ ဆုံးဖြတ်ချက် ချနိုင်စွမ်း ရှိသည်။
● 5G ကွန်ရက် ဆက်သွယ်မှု= လယ်ထွန်စက်များနှင့် ထိန်းချုပ်ရေးစင်တာများအကြား အချက်အလက်ပေးပို့မှု အလွန်မြန်ဆန်စေမည်။
● ဂြိုဟ်တု လမ်းညွှန်စနစ်= လမ်ကွင်းများအတွင်း တည်နေရာနှင့် ရွေ့လျားမှုကို ထိန်းချုပ်ပေးသည်။
အဆိုပါနည်းပညာများကြောင့် လူတစ်ဦးမှ မရှိဘဲ ၎င်းဘာသာ လယ်ထွန်ခြင်း၊ ပျိုးချခြင်းတို့ လုပ်ဆောင်နိုင်စွမ်းရှိရာ လုပ်သားအပေါ် မှီခိုနေရမှုကို လျှော့ချပေးနိုင်မည် ဖြစ်သည်။
■ ((စိုက်ပျိုးရေးကဏ္ဍအတွက် ရရှိလာမည့် အကျိုးကျေးဇူးများ))
မောင်းသူမဲ့ လယ်ထွန်စက်များ အသုံးပြုခြင်းအားဖြင့် အားသာချက်များစွာ ရရှိနိုင်ရာ-
● စွမ်းဆောင်ရည်မြင့်တက်လာခြင်း= အလိုအလျောက်စနစ်သုံး မောင်းသူမဲ့ လယ်ထွန်စက်ကြောင့် လယ်ယာလုပ်ငန်းခွင်ကိစ္စများ မြန်ဆန်လာမည်ဖြစ်ကာ ထုတ်လုပ်နိုင်စွမ်း မြင့်တက်လာမည်။
● ကုန်ကျစရိတ် လျှော့ချနိုင်ခြင်း= လုပ်သားစရိတ် နည်းပါးသွားမည်ဖြစ်ပြီး လူတို့ကြောင့်ဖြစ်ပေါ်သည့် အမှားအယွင်းများ လျှော့ချပေးနိုင်မည်။
● ဖြုန်းတီးမှု ကျဆင်းစေခြင်း= လုပ်ငန်းဆောင်ရွက်မှု တိကျသောကြောင့် သွင်းအားစုများ အချည်းနှီးဖြစ်ရမှုကို လျှော့ချပေးနိုင်သည်။
🔮 ((အနာဂတ် အလားအလာများ))
စိုက်ပျိုးရေးကဏ္ဍတွင် တီထွင်ဆန်းသစ်မှုများ ပြုလုပ်မည်ဟု တရုတ်အစိုးရက ကတိပြုခဲ့မှုမှာ မောင်းသူမဲ့ လယ်ထွန်စက် တီထွင်မှုက သက်သေပြနေသည်။
ယခု မောင်းသူမဲ့ လယ်ထွန်စက်များကို ပိုမိုအသုံးပြုလာကြကာ ပိုမိုအဆင့်မြှင့်တင်လာနိုင်သည်နှင့်အမျှ စိုက်ပျိုးရေးကို ခေတ်မီအသွင်ပြောင်းစေရေးအတွက် အရေးပါသော အခန်းကဏ္ဍတွင် ပါဝင်လာမည်ဟု မျှော်လင့်ရသည်။
(CarsDB Team မှ ရေးသား ဖော်ပြသည်။)
Credit: CarsDB.com
Ref: China Develops Self-Driving Tractors Powered by AI, 5G, and Satellite Navigation (globaltimes)