• ပင်မစာမျက်နှာ
  • ကားသတင်းများ
  • BYD ၏ အရောင်းရဆုံး မော်ဒယ်ဖြစ်သော BYD Seagull မှာ ရုပ်ပြောင်းအဖြစ် မကြာမီ ထွက်ရှိလာရန် ရှိနေ၊ ဒီဇိုင်းနှင့် နည်းပညာ ပိုမိုအဆင့်မြင့်လာမည်

BYD ၏ အရောင်းရဆုံး မော်ဒယ်ဖြစ်သော BYD Seagull မှာ ရုပ်ပြောင်းအဖြစ် မကြာမီ ထွက်ရှိလာရန် ရှိနေ၊ ဒီဇိုင်းနှင့် နည်းပညာ ပိုမိုအဆင့်မြင့်လာမည်

  • 342 views

တရုတ်ပြည်တွင် BYD Seagull (ရုပ်ပြောင်း) မကြာမီ ထွက်လာတော့မည်ဖြစ်ပြီး အရေးကြီးသော စတိုင်နှင့် နည်းပညာ ပိုမိုအဆင့်မြှင့်တင်မှုများ ရှိလာမည်ဟု ဆိုသည်။

BYD Seagull သည် BYD ၏ အရောင်းရဆုံးမော်ဒယ်ဖြစ်ပြီး ယခုထွက်လာမည့် ရုပ်ပြောင်းတွင် ဒီဇိုင်းသစ် ရှေ့ဘန်ပါ၊ ရှေ့ ပါကင် sensor နှင့် surround-view camera တို့ ပါဝင်လာမည် ဖြစ်သည်။

အချို့နိုင်ငံများတွင် BYD Seagull ကို Dolphin Mini ဟူသော အမည်ဖြင့် ရောင်းချသည်။

BYD Seagull သည် တရုတ်ပြည်ဈေးကွက်သို့ ၂၀၂၃ ခုနှစ်၊ ဧပြီလတွင် စတင်ဝင်ရောက်လာခဲ့ခြင်း ဖြစ်သည်။

မြို့တွင်းစီးအဖြစ် ရည်ရွယ်ထားသော small 4 door electric hatchback ဖြစ်သည်။

Four seat ကားဖြစ်ပြီး 74 hp လျှပ်စစ်မော်တာသုံးထားကာ အားတစ်ကြိမ်သွင်းထားလျှင် ၄၀၅ ကီလိုမီတာ မောင်းနိုင်သည်။

BYD Seagull ၏ ဈေးတန်းမှာ ယွမ် ၆၉၈၀၀ မှ ၈၇၀၀၀ (ကန်ဒေါ်လာ ၉၅၂၀ မှ ၁၂၀၀၀) ကြား ရှိသည်။

၂၀၂၄ ခုနှစ်အတွင်း BYD ထုတ် လျှပ်စစ်ကားများအနက် BYD Seagull မှာ အရောင်းရဆုံးဖြစ်ခဲ့ပြီး အစင်းရေ ၄၅၃၅၉၃ ရောင်းချခဲ့ရသည်။

ယခုအခါ ရုပ်ပြောင်းအနေဖြင့် ထွက်ရှိလာတော့မည်ဖြစ်ပြီး ရောင်းအားပိုမိုမြင့်တက်လာမည်ဟု ယူဆရသည်။

တရုတ်အစိုးရ စက်မှုနှင့် သတင်းအချက်အလက်နည်းပညာ ဝန်ကြီးဌာန (MIIT) က BYD Seagull (ရုပ်ပြောင်း) ၏ အပြင်ပိုင်း ဒီဇိုင်းပုံစံတို့ကို ထုတ်ပြန်ခဲ့သည်။

Updated BYD Seagull design elements | photo credit: MIIT

ဒီဇိုင်းသစ်အဖြစ် ပြောင်းလဲသွားသည်မှာ သံချပ်ကာဝတ်စုံမှ လက်အိတ်အသွင် ဒီဇိုင်းဖော်အလှဆင်ထားသော ရှေ့ဘန်ပါ ၊ အနားမပြိုင် စတုဂံအသွင် ပုံဖော်ထားသော Air-Intake တို့ ဖြစ်သည်။

ကျန် အပြင်ပိုင်းဒီဇိုင်းမှာမူ ယခင်အတိုင်းဖြစ်သည်။

BYD Seagull (ရုပ်ပြောင်း) တွင် equipment အသစ်တစ်ခု ပါလာသည်။

ရုပ်ပြောင်း၏ အရေးအကြီးဆုံး highlight တစ်ခုဟုလည်း ဆိုနိုင်သည့်အရာမှာ surround-view camera system ဖြစ်သည်။

BYD Seagull (ရုပ်ပြောင်း) ၏ ရှေ့ဘန်ပါနှင့် ဘေးမှန်တို့တွင် ကင်မရာများ ပါသည်။

လက်ရှိဈေးကွက်တွင်ရှိနေသော Variant တွင်မူ rear-view camera သာ ပါသည်။

အခြားပါဝင်လာသော နည်းပညာသစ်မှာ front parking sensor များ ဖြစ်သည်။

(CarsDB Team မှ ရေးသား ဖော်ပြသည်။)

Credit: CarsDB.com

Ref: BYD Seagull gets a facelift in China, regulator revealed