၂၀၂၄ မော်ဒယ် Suzuki Swift Hybrid ကို လေ့လာခြင်း

  • 739 views

မြို့တွင်းစီးကား Suzuki Swift သည် သြစတေးလျ customer များကြား နာမည်ကျော်နေသည်မှာ ကြာခဲ့ပြီ ဖြစ်သည်။

အတွင်းအပြင် စွဲမက်ဖွယ် style နှင့် နောက်ဆုံးပေါ်နည်းပညာ အဆင့်မြှင့်တင်မှုများအတွက် အထင်ကြီးခံရမှုများ ပိုင်ဆိုင်ထားသော Suzuki Swift ကို လူအများနှစ်သက်ကြသည်မှာ အံ့သြဖွယ်ရာ မရှိချေ။

၂၀၂၄ မော်ဒယ်တွင် ဒီဇိုင်းပိုင်း၊ အတွင်းပိုင်း၊ feature များ အစရှိသည်တို့ အသစ်ဖြစ်လာသည်။

Drive ၏ Expert rating တွင် 7.2 ရရှိထားသည်။

ရီဗြူးအတွက် စမ်းသပ်ခဲ့သော မော်ဒယ်မှာ 2024 Suzuki Swift ဖြစ်သည်။

(အားသာချက်များ)

● ဈေးတန်းမှာ Rival များအောက် များစွာသက်သာခြင်း
● ဆီစားသက်သာခြင်း
● စီးရ မောင်းရသည်မှာ စိတ်ကျေနပ်မှု ပေးစွမ်းခြင်း

(အားနည်းချက်များ)

● hybrid အစစ် မဟုတ်ခြင်း
● နောက်ခုံနေရာ ကျဉ်းကျပ်ပြီး amenities များ အားနည်းခြင်း
● touchscreen မှာ ယခင်ကထက် ကောင်းလာသည်ဟု ဆိုနိုင်သော်လည်း basic အဆင့်သာ ရှိနေသေးခြင်း

 

မြို့တွင်းစီးကားတို့မှာ မကြာမီ မျိုးသုဉ်း ပျောက်ကွယ်သွားတော့မည့် endangered species များ ဖြစ်နေသည်။

တချိန်က လင်းလက်တောက်ပခဲ့ဖူးသော Honda Jazz, Hyundai Accent, Kia Rio, Renault Clio နှင့် Nissan Micra တို့မှာ မကြာသေးမီ နှစ်များက နေဝင်သွားခဲ့သည်။
Suzuki Swift မှာမူ သက်ရှိထင်ရှားရှိနေဆဲပင်။

၂၀၂၄ အတွက် မော်ဒယ်သစ်ပင် ထွက်လာသေးသည်။

၇ နှစ်တာအတွင်း ပထမဆုံး မော်ဒယ်သစ် ထုတ်လာသော ၂၀၂၄ Suzuki Swift မှာ အသွင်သစ်၊ နည်းပညာသစ်များဖြင့် လန်းဆန်းနေသည်။

((Hybrid အစစ်မဟုတ်သော mild-hybrid ၏ လုပ်ဆောင်ချက်))

၂၀၂၄ Suzuki Swift တွင် mild-hybrid system ပါလာသည်။

Hybrid အစစ်မဟုတ်သောကြောင့် electric power သီးသန့်ဖြင့် ကားမောင်း၍ မရချေ။
ဓာတ်ဆီအင်ဂျင်ကို support ပေးရန်အတွက် ISG ဟုခေါ်သော 12-volt mechanical device တစ်ခုကို သုံးထားသည်။ 

ကား အရှိန်လျှော့လိုက်ချိန်နှင့် ဘရိတ်အုပ်လိုက်ချိန်များတွင် ထွက်ပေါ်လာသော စွမ်းအင်ဖြင့် ဘက်ထရီတစ်ခုကို အားသွင်းထားကာ ထိုဘက်ထရီအားဖြင့် ISG ကို ပါဝါပေးသည်။

ISG သည် ကားစက်နှိုးခြင်း၊ ဂီယာအချိန်းများတွင် ရုန်းအားဖြည့်ပေးခြင်း၊ ကားရပ်ချိန်တွင် အင်ဂျင်ကို ပိတ်ပေးခြင်း အစရှိသည့် function များ လုပ်ဆောင်ပေးသည်။

((Variant များ))

Suzuki Swift Hybrid ၏ lineup တွင် variant  ၃ မျိုးလာသည်။

Base hybrid, mid-grade ဖြစ်သော Hybrid Plus နှင့် flagship အဖြစ် Hybrid GLX တို့ ဖြစ်ကာ အားလုံးမှာ mild-hybrid များချည်း ဖြစ်သည်။

Base မော်ဒယ်တွင် five speed manual နှင့် CVT Auto ဟူ၍ ရွေးချယ်စရာ ရှိသည်။
Plus နှင့် GLX တို့တွင်မူ Auto သာ လာသည်။

((ဈေးတန်းများ))

ဈေးတန်းအနေဖြင့် manual hybrid အသင့်စီးရုံကို ဒေါ်လာ ၂၄၄၉၀ မှ စသည်။
ယခင်မော်ဒယ်ဖြစ်သော Suzuki Swift GL ထက် ဒေါ်လာ ၅၀၀ ပိုသည်။

Suzuki Swift Hybrid GLX အသင့်စီးရုံမှာ ဒေါ်လာ ၂၉၄၉၀ ဖြစ်ရာ ယခင်မော်ဒယ် Suzuki Swift GLX Turbo အောက် ဒေါ်လာ ၁၈၀၀ ဈေးသက်သာသွားသည်။

All model တွင် 1.2-litre non-turbo three-cylinder အင်ဂျင်သုံးထားပြီး 12-volt mild-hybrid ပါလာသည်။

Media preview အဖြစ် စမ်းသပ်မောင်းနှင်ခဲ့သည်မှာ top-of-the-range ဖြစ်သော GLX ဖြစ်ပြီး ပုံမှန်ဈေး ဒေါ်လာ ၂၉၄၉၀ ဖြစ်ကာ Metallic paint ဖြင့်ဆိုလျှင် ဒေါ်လာ ၃၀၀၈၅ ဖြစ်သည်။

အဆိုပါ ဈေးတန်းဖြင့် competitor များကို ကြည့်မည်ဆိုလျှင် MG 3 Hybrid Excite (27990 ဒေါ်လာ)၊ Mazda 2 G15 Pure SP (ဒေါ်လာ ၂၉၀၀၀ မှ ၂၉၈၀၀ ကြား)၊ Toyota Yaris Ascent Sport Hybrid (ဒေါ်လာ ၃၁၄၀၀ မှ ၃၂၆၀၀ ကြား) နှင့် Volkswagen Polo Lite (ဒေါ်လာ ၃၁၉၉၀) တို့ ရှိသည်။

GLX ၏ specific feature များအနေဖြင့် ၁၆ လက်မ အလွိုင်း၊ wireless phone charging ၊ climate-control air conditioning ၊ folding side mirror တို့ရှိသည်။

((ဆီစားနှုန်း))

CVT Auto မျိုးကွဲတွင် ဆီစားနှုန်းမှာ ကီလို ၁၀၀ လျှင် ၄ လီတာဖြစ်ပြီး base မော်ဒယ်ဖြစ်သော manual တွင်မူ ကီလို ၁၀၀ လျှင် ၃ ဒသမ ၈ လီတာဖြစ်သည်။
သို့သော် ထိုဆီစားနှုန်း ရရှိစေရန် 95-octane (91 မဟုတ်) premium ဓာတ်ဆီကို သုံးရန် လိုအပ်သည်။

ယခုဆီစားနှုန်းမှာ ယခင်မော်ဒယ်ဖြစ်သော 1.2-litre four-cylinder Swift ၏ ဆီစားနှုန်းဖြစ်သည့် ကီလို ၁၀၀ လျှင် ၄ ဒသမ ၈ လီတာ (auto) နှင့် ကီလို ၁၀၀ လျှင် ၄ ဒသမ ၆ လီတာ (manual) တို့အောက် ဆီစားပိုမို သက်သာလာသည်ကို တွေ့ရသည်။
Three-cylinder အင်ဂျင်သစ်နှင့် mild-hybrid system တို့ကြောင့် ယခုကဲ့သို့ ဆီစားနှုန်း အနည်းငယ် ပိုမိုသက်သာသွားခြင်း ဖြစ်နိုင်သည်။

On paper တွင် Suzuki Swift Hybrid သည် Toyota Yaris Hybrid ပြီးလျှင် မြို့တွင်းစီး ကားများအနက် ဒုတိယမြောက် ဆီစားအသက်သာဆုံးကားအဖြစ် ရပ်တည်နေသည်။
Toyota Yaris Hybrid ၏ ဆီစားနှုန်းမှာ ကီလို ၁၀၀ လျှင် ၃ ဒသမ ၃ လီတာ ဖြစ်သည်။
Suzuki Swift Hybrid ကို အခြား မော်ဒယ်များနည်းတူ 5 years warranty / unlimited km ပေးထားသည်။

(CarsDB Team မှ ရေးသား ဖော်ပြသည်။)

Credit: CarsDB.com

Ref: 2024 Suzuki Swift Hybrid review