အားတစ်ကြိမ်သွင်းထားလျှင် ၇၃၀ ကီလိုမီတာ မောင်းနိုင်သော Hongqi EHS7 ကို တရုတ်ပြည်တွင် စတင်ဖြန့်ချိ ….

  • 358 views

Hongqi EHS7 ကို တရုတ်ပြည်တွင် Hongqi Tiangong 08 ဟူသော အမည်ဖြင့် ဖြန့်ချိလာသည်။

Hongqi EHS7 မှာ ဥရောပအတွက် ရည်ရွယ်ထားခြင်းဖြစ်ပြီး ပဲရစ်ကားပြပွဲတွင် ဥရောပ၌ Pre-sale စတင်ရောင်းချပေးခဲ့သည်။

Tiangong အပေါ်တွင် အခြေခံကာ တည်ဆောက်ထားပြီး ဗားရှင်း ၅ မျိုးလာသည်။
ဈေးတန်းအားဖြင့် ယွမ်ငွေ ၂၃၉၈၀၀ (ကန်ဒေါ်လာ ၃၂၇၅၀) မှ ၃၃၉၈၀၀ အထိ ရှိသည်။

Pure electric SUV ဖြစ်ပြီး ဗားရှင်းနှင့် ဈေးတန်းများမှာ အောက်ပါအတိုင်းဖြစ်သည်။

● 520 Max ယွမ် ၂၃၉,၈၀၀ (32,750 USD)

● 605 Max ယွမ် ၂၄၉၈၀၀၀ (34,100 USD)

● 565 Ultra (AWD) ယွမ် ၂၇၉၈၀၀ (38,200 USD)

● 730 Max ယွမ် ၃၀၉၈၀၀ (42,300 USD)

● 680 Ultra (AWD) ယွမ် ၃၃၉၈၀၀ (46,400 USD)

Hongqi EHS7 ၏ Dimension မှာ 4925,1950,1680mm ဖြစ်ပြီး wheelbase မှာ ၃ မီတာအတိ ဖြစ်သည်။

ရှေ့ပိုင်းတွင် ရှေ့မီးကြီးမှာ အင်္ဂလိပ်အက္ခရာ 7 အသွင် ဖြစ်သည်။

နောက်ခြမ်းတွင်လည်း အလားတူ Light cluster ရှိသည်။

အရောင် ၆ မျိုး ရွေးချယ်နိုင်ပြီး Distant Mountain Purple, Cloud Stream White, Quiet Sea Blue, Quarter Moon Gray, Galaxy Silver နှင့် Polar Night Black တို့ ဖြစ်သည်။

Air Suspension အသုံးပြုထားပြီး rear-wheel steering ရသည်။

အနာဂတ်တွင် OTA ဖြင့် crab walking mode ရလာဖွယ် ရှိသည်။

Turning radius မှာ ၅ ဒသမ ၃ မီတာ ဖြစ်ပြီး နောက်ဘီးအတွက် အများဆုံး ကွေ့နိုင်သည့် angle မှာ + or - 8 degree ဖြစ်သည်။

Hongqi EHS7 ၏ အတွင်းပိုင်းမှာ ယနေ့တွေ့ရသည့် EV အများစုနှင့် အတော်လေး ခြားနားသည်။

ဒက်ရှ်ဘုတ်တွင် ၁၅ ဒသမ ၅ လက်မ Infotainment screen အပြင် ၆ လက်မ instrument screen လည်း ပါဝင်သည်။

Tiangong 08 တွင် iFlytek ၏ နောက်ဆုံးပေါ် Smart TTS ကို အသုံးပြုထားသည့် AI voice system ထည့်သွင်းပေးထားသည်။

(CarsDB Team မှ ရေးသား ဖော်ပြသည်။)

Credit: CarsDB.com

Ref: Hongqi EHS7 launches in China with 111 kWh battery and up to 730 km range