- ပင်မစာမျက်နှာ
- ကားသတင်းများ
- လန်ဒန်တွင် အလွန်တရာရှားပါးလှသော ပြိုင်ကားတစ်စင်းကို လူတိုင်းရပ်ကာ ကြည့်ရှုခဲ့ကြရာ Ferrari ကားပိုင်ရှင်ပင်လျှင် ကားရပ်ကာ ကြည့်ရှုခဲ့
လန်ဒန်တွင် အလွန်တရာရှားပါးလှသော ပြိုင်ကားတစ်စင်းကို လူတိုင်းရပ်ကာ ကြည့်ရှုခဲ့ကြရာ Ferrari ကားပိုင်ရှင်ပင်လျှင် ကားရပ်ကာ ကြည့်ရှုခဲ့
- 569 views
လန်ဒန်မြို့တွင် မကြာသေးမီက Ferrari Monza SP2 ပြိုင်ကားတစ်စင်းကို တွေ့ခဲ့ကြသည်။
ထိုကားမှာ အလွန်တရာရှားပါးလှသောကားဖြစ်ရာ လူတိုင်းရပ်တန့်ကာ ကြည့်ရှုခဲ့ကြသည်။
Ferrari 488 ကားပိုင်ရှင်တစ်ဦးသည်ပင်လျှင် ကားရပ်ကာ ကြည့်ရှုခဲ့သည်။
(ဓာတ်ပုံ-hlsupercars1)
(ဓာတ်ပုံ-hlsupercars1)
လန်ဒန်သည် ပြိုင်ကားများ တွေ့မြင်ကြည့်ရှုနိုင်ရန် ကမ္ဘာ့အကောင်းဆုံးနေရာများတွင် တစ်ခုအပါအဝင် ဖြစ်သည်။
အကောင်းဆုံးနေရာမှာ Knightbridge အရပ်မှ ကမ္ဘာ့အကျော်ကြားဆုံး ကုန်တိုက်တစ်ခုဖြစ်သော Harrods အနီးဝန်းကျင် ဖြစ်သည်။
မည်သည့်နေ့တွင်မဆို ထိုဒေသသို့သွားကာ ကော်ဖီတစ်ခွက် ထိုင်သောက်နေမည်ဆိုပါက စိတ်ဝင်စားဖွယ်ရာ ကားအချို့ တွေ့ရမည်ဖြစ်ကြောင်း အာမခံနိုင်ပါသည်။
ထိုကားများအနက်အချို့မှာ ဗြိတိန်နံပါတ်ပြားများမဟုတ်ဘဲ အခြားနိုင်ငံများမှ နံပါတ်ပြားများဖြစ်နေသည်ကို တွေ့ရနိုင်သည်။
နှစ်စဉ်နှစ်တိုင်း ကူဝိတ်၊ ကာတာ၊ ဆော်ဒီအာရေးဗီးယားနှင့် အာရပ်စော်ဘွားများပြည်ထောင်စုတို့မှ ဘီလျံနာ များသည် လန်ဒန်သို့ အလည်အပတ်လာကြရာတွင် ၎င်းတို့၏ ကားများကို လေကြောင်းဖြင့် သယ်ယူလာလေ့ ရှိရာ လန်ဒန်မြို့တခွင်တွင် အဆိုပါတန်ဖိုးကြီးကားများကို တွေ့ရလေ့ရှိသည်။
ဆော်ဒီ လူငယ်ဘီလျံနာတစ်ဦးဆိုလျှင် လန်ဒန်သို့လာလျှင် သူ၏ တန်ဖိုးကြီးရွှေရောင်ကားများကို လေကြောင်း ဖြင့် သယ်ယူလာလေ့ရှိရာ ဒေါ်လာ ၄၆၂၀၀၀ ခန့် အနည်းဆုံးတန်ကြေးရှိသော Mercedes AMG G63 6×6 တစ်စီးလည်း အပါအဝင် ဖြစ်သည်။
((Ferrari Monza SP2 အကြောင်း))
လန်ဒန်မြို့တွင် တွေ့ရသော Ferrari Monza SP2 မှာ အလွန်ရှားပါးလှသော ကားတစ်စီး ဖြစ်သည်။
အမိုးမဲ့ကားဖြစ်ပြီး လေကာမှန်လည်း မပါဝင်။
တစ်ယောက်စီး SP1 နှင့် ၂ ယောက်စီး SP2 ဟူ၍ ထုတ်လုပ်ထားသည်။
V12 အင်ဂျင်တပ်ဆင်ထားပြီး မြင်းကောင်ရေ ၇၉၉ အား ထွက်သည်။
Ferrari Monza SP2 သည် 0-100km/h အမြန်နှုန်းကို ၂ ဒသမ ၉ စက္ကန့်မျှဖြင့်လည်းကောင်း၊ 0-200 km/h အမြန်နှုန်းကို ၇ ဒသမ ၉ စက္ကန့်ဖြင့်လည်းကောင်း ရရှိနိုင်သည်။
အမြင့်ဆုံးမြန်နှုန်း ၁ နာရီလျှင် ၂၉၉ ကီလိုမီတာ (၁၈၆ မိုင်) ဖြင့် မောင်းနှင်နိုင်သည်။
(CarsDB Team မှ ရေးသား ဖော်ပြသည်။)
Credit: CarsDB.com
Ref: Supercar spotted in London is so rare even a Ferrari driver stopped to look (supercarblondie)