- ပင်မစာမျက်နှာ
- ကားသတင်းများ
- Tesla ကို စိန်ခေါ်ရန် ရည်ရွယ်ခဲ့ပြီး တချိန်က ဒေါ်လာ ၈ ဘီလီယံ တန်ကြေးှရှိခဲ့သော Fisker လျှပ်စစ်ကား ကုမ္ပဏီမှာ ဒေဝါလီခံရန် လျှောက်ထားခဲ့ပြီးနောက်ပိုင်း ကုမ္ပဏီစီအီးအိုက ၎င်း၏လစာကို ၁ ဒေါ်လာသို့ လျှော့ချ
Tesla ကို စိန်ခေါ်ရန် ရည်ရွယ်ခဲ့ပြီး တချိန်က ဒေါ်လာ ၈ ဘီလီယံ တန်ကြေးှရှိခဲ့သော Fisker လျှပ်စစ်ကား ကုမ္ပဏီမှာ ဒေဝါလီခံရန် လျှောက်ထားခဲ့ပြီးနောက်ပိုင်း ကုမ္ပဏီစီအီးအိုက ၎င်း၏လစာကို ၁ ဒေါ်လာသို့ လျှော့ချ
- 195 views
● Fisker ၏ စီအီးအို Henrik Fisker နှင့် ဇနီးက ၎င်းတို့၏ ကုမ္ပဏီလစာကို ၁ ဒေါ်လာသို့ လျှော့ချ
● Fisker သည် တချိန်က ကန်ဒေါ်လာ ၈ ဘီလီယံ တန်ကြေးရှိခဲ့ပြီး Tesla ကို စိန်ခေါ်ရန် စီစဉ်ခဲ့
● ထွန်းသစ်စ EV ကုမ္ပဏီ Fisker သည် ဒေဝါလီခံရန် ဇွန်လအတွင်း လျှောက်ထားခဲ့
အကျပ်အတည်းနှင့် ရင်ဆိုင်နေရသော ထွန်းသစ်စ EV ကုမ္ပဏီ Fisker ကို တည်ထောင်သူသည် ဒေဝါလီခံမှု စရိတ်များ ကာမိစေရန် ၎င်း၏ လစာကို ၁ ဒေါ်လာသို့ လျှော့ချလိုက်သည်။
ဒေဝါလီခုံရုံးသို့ တင်သွင်းသော အမှုတွဲတွင် Fisker ၏ ပြန်လည်ဖွဲ့စည်းရေးအရာရှိချုပ် John DiDonato က ပြောသည်မှာ Fisker ၏ အမှုဆောင်အရာရှိချုပ် Henrik Fisker နှင့် သူ၏ ဇနီးဖြစ်သူ ကုမ္ပဏီ CFO , COO အရာရှိ ဒေါက်တာ Geeta Gupta-Fisker တို့သည် ၎င်းတို့၏ နှစ်စဉ်လစာကို မိမိတို့သဘောဆန္ဒအလျောက် ၁ ဒေါ်လာသို့ လျှော့ချခဲ့ကြောင်း၊ ကုမ္ပဏီအတွက် အရေးကြီးသည့် အသုံးစရိတ်များ ကာမိစေရန်ဖြစ်ကြောင်း ပြောသည်။
Fisker သည် ၎င်းတို့၏ ထုတ်လုပ်ပြီး ကျန်ရှိနေသော ကားများကို ရောင်းထုတ်ရန် အဆောတလျင် ကြိုးပမ်း နေသည်။
အလုပ်သမားများအား စာချုပ်မပြည့်မီ အလုပ်ရပ်ဆိုင်းရခြင်းကြောင့် ပေးရသည့်လျော်ကြေးငွေနှင့် ဝန်ထမ်း ကျန်းမာရေး စောင့်ရှောက်မှု ခံစားခွင့်များကို ရွှေ့ဆိုင်းထားရန်လည်း Fisker က ဆုံးဖြတ်ထားကြောင်း DiDonato က ပြောသည်။
၂၀၂၂ ခုနှစ်အတွင်း အမေရိကန်ရှယ်ယာဈေးကွက် ကွပ်ကဲရေးအဖွဲ့ (SEC) သို့ တင်သွင်းခဲ့သော အချက်အလက်များအရ Fisker တို့ ဇနီးမောင်နှံသည် နှစ်စဉ်လစာငွေ ကန်ဒေါ်လာ ၆၂,၄၀၀ ရရှိကြောင်း၊ ထိုအချိန်က သတ်မှတ်ထားသော ဥပဒေများအရ ၎င်းတို့၏ အနည်းဆုံး အခြေခံလစာဖြစ်ခဲ့ကြောင်း၊ ယင်းအပြင် ငွေသား ဆုကြေးငွေ ကန်ဒေါ်လာ ၇၁၀,၀၀၀ လည်း ရရှိကြောင်း ဖော်ပြသည်။
တချိန်က ကန်ဒေါ်လာ ၈ ဘီလီယံ တန်ကြေးှရှိခဲ့သော Fisker ကုမ္ပဏီသည် ဝယ်လက်ရှာဖွေရန် ကြိုးစားခဲ့ သေးသော်လည်း ဝယ်လက်ရှာမတွေ့သောကြောင့် ဒေဝါလီခံရန် တင်ပြခဲ့ခြင်း ဖြစ်သည်။
Fisker ကို တည်ထောင်သူ Henrik Fisker သည် Tesla Model S ဒီဇိုင်းရေးဆွဲရာတွင် ကူညီပေးခဲ့သူလည်း ဖြစ်သည်။
Fisker က Tesla ကို ၎င်းတို့၏ လျှပ်စစ် SUV ဖြစ်သော Ocean မော်ဒယ်ဖြင့် ယှဉ်ပြိုင်ရန် ရည်မှန်းခဲ့သည်။
Supplier များထံမှ ပေးသွင်းသောပစ္စည်းများဖြင့် တန်ဖိုးသင့် EV များ ထုတ်လုပ်မည့် အစီအစဉ်မှာ လျင်မြန်စွာ ပင် အခက်ကြုံခဲ့ရသည်။
Fisker တွင် ယခင်က လုပ်ကိုင်ခဲ့ဖူးသူများနှင့် လက်ရှိလုပ်ကိုင်နေသော အလုပ်သမားတို့က Business Insider သတင်းဌာနသို့ ပြောသည်မှာ Fisker သည် ဆက်စပ်ပစ္စည်းအစိတ်အပိုင်း ပြတ်လတ်သော ပြဿနာနှင့် ရင်ဆိုင်ခဲ့ရကြောင်း၊ customer များထံ ပေးအပ်မည့် ပထမအသုတ် Ocean မော်ဒယ်များကို ပြုပြင်မွမ်းမံရန် အတွက် CEO နှင့် CFO တို့၏ ကားများမှ အစိတ်အပိုင်းများကို ဖြုတ်ယူအသုံးပြုခဲ့ရခြင်းပင် ရှိကြောင်း ပြောပြ သည်။
(ဆက်စပ်သတင်း)
ဒေဝါလီခံသွားသော အမေရိကန် လျှပ်စစ်ကား ကုမ္ပဏီ Fisker က ကြွေးမြီများ ပေးဆပ်ရန်အတွက် ၎င်းတို့၏ နောက်ဆုံးကျန်ရှိသော လျှပ်စစ် SUV များကို တစ်စင်းလျှင် ကန်ဒေါ်လာ ၂၅၀၀ ဖြင့် ရောင်းချလျက်ရှိ
https://www.carsdb.com/my/news/758
(CarsDB Team မှ ရေးသား ဖော်ပြသည်။)
Credit: CarsDB.com
Ref: Fisker founder cuts salary to $1 to cover bankruptcy costs (businessinsider)