• ပင်မစာမျက်နှာ
  • ကားသတင်းများ
  • ဒေဝါလီခံသွားသော အမေရိကန် လျှပ်စစ်ကား ကုမ္ပဏီ Fisker က ကြွေးမြီများ ပေးဆပ်ရန်အတွက် ၎င်းတို့၏ နောက်ဆုံးကျန်ရှိသော လျှပ်စစ် SUV များကို တစ်စင်းလျှင် ကန်ဒေါ်လာ ၂၅၀၀ ဖြင့် ရောင်းချလျက်ရှိ

ဒေဝါလီခံသွားသော အမေရိကန် လျှပ်စစ်ကား ကုမ္ပဏီ Fisker က ကြွေးမြီများ ပေးဆပ်ရန်အတွက် ၎င်းတို့၏ နောက်ဆုံးကျန်ရှိသော လျှပ်စစ် SUV များကို တစ်စင်းလျှင် ကန်ဒေါ်လာ ၂၅၀၀ ဖြင့် ရောင်းချလျက်ရှိ

  • 362 views

ဒေဝါလီခံသွားသော အမေရိကန် လျှပ်စစ်ကား ကုမ္ပဏီ Fisker သည် ကြွေးမြီများ ပေးဆပ်ရန်အတွက် ၎င်းတို့၏ နောက်ဆုံးကျန်ရှိသော လျှပ်စစ် SUV များကို တစ်စင်းလျှင် ကန်ဒေါ်လာ ၂၅၀၀ ဖြင့် ရောင်းချလျက်ရှိသည်။

အဆိုပါ အမေရိကန် ထွန်းသစ်စကုမ္ပဏီသည် လပေါင်းများစွာ ဘဏ္ဍာရေးအကျပ်ဆိုက်ခဲ့သည်။

ကမ္ဘာ့ထိပ်တန်း ကားကုမ္ပဏီကြီးနှင့် မိတ်ဘက်အဖြစ် ပူးပေါင်းလုပ်ကိုင်ရေး ဆွေးနွေးခဲ့မှုမှာလည်း မအောင်မြင်သောကြောင့် ဇွန်လအတွင်း ဒေဝါလီခံရန် လျှောက်ထားခဲ့ခြင်း ဖြစ်သည်။

Tesla Model Y ၏ ပြိုင်ဘက် SUV အနေဖြင့် ထုတ်လုပ်ခဲ့သော Fisker Ocean မော်ဒယ်မှာ မတ်လတွင် ထုတ်လုပ်မှု ရပ်ဆိုင်းသွားခဲ့သည်။

၎င်းတို့၏ ထုတ်လုပ်ပြီး ကားများဈေးနှုန်းမှာ ၄၀ ရာခိုင်နှုန်း ကျဆင်းခဲ့သည်။

 

 

ယခုအခါတွင် ထိုကား၏ ဈေးနှုန်းမှာ အောက်ဆုံးအဆင့်အထိ ထိုးကျသွားပြီ ဖြစ်သည်။

ကုမ္ပဏီက နောက်ဆုံးကျန်ရှိနေသော ကားအစင်းရေ ၃၂၃၁ စင်းကို တစ်စီးလျှင် ကန်ဒေါ်လာ ၂၅၀၀ မျှဖြင့် ရောင်းချရန် စီစဉ်နေကြောင်း InsideEVs က ရေးသားဖော်ပြသည်။

InsideEVs ၏ ဖော်ပြချက်အရ Fisker သည် ဇူလိုင်လအစောပိုင်းတွင် ဒေဝါလီခံရန် လျှောက်ထားခဲ့ပြီး ကားများ ရောင်းချရေးနှင့် ပတ်သက်ပြီး ဆွေးနွေးနေကြောင်း ဖော်ပြသည်။

Wall Street ဂျာနယ်၏ ဖော်ပြချက်အရ Fisker ၏ လျှပ်စစ်ကားများကို ဝယ်ယူရန် ဆွေးနွေးနေသော ကုမ္ပဏီ မှာ American Lease ဖြစ်သည်ဟု ဆိုသည်။

New York ပြည်နယ်တွင် ridesharing ယာဉ်များအားလုံး ၂၀၃၀ ပြည့်နှစ်မှစပြီး လျှပ်စစ်ကားများ ဖြစ်ရမည် ဟူသော စည်းမျဉ်းသစ်ကြောင့် American Lease က Fisker ၏ Ocean များကို ဝယ်ယူရန် စိတ်ဝင်စားခြင်း လည်း ဖြစ်သည်။

 

American Lease က Fisker ထုတ်လုပ်ထားသော Ocean အားလုံးဝယ်ယူရန် သဘောတူထားကြောင်း WSJ က ဖော်ပြသည်။

ထိုကားများသည် အမေရိကန် (သို့မဟုတ်) ကနေဒါနိုင်ငံသားများအတွက် ရည်ရွယ် ထုတ်လုပ်ထားခြင်း ဖြစ်သည်။
အသစ်စက်စက်ကားများကို တစ်စင်းလျှင် ကန်ဒေါ်လာ ၁၆၅၀၀ ဖြင့် ဝယ်ယူရန် သဘောတူညီထားပြီး အစင်းရေ ၂၇၁၁ ရှိကြောင်း Fisker က ပြောသည်။

ထိခိုက်ထားသော ကားများကိုမူ ကန်ဒေါ်လာ ၂၅၀၀ ဖြင့် ရောင်းချမည်ဖြစ်ပြီး တပတ်ရစ်များကို ကန်ဒေါ်လာ ၃၂၀၀ ဖြင့် ရောင်းချမည် ဖြစ်သည်။

 

(CarsDB Team မှ ရေးသား ဖော်ပြသည်။)

Credit: CarsDB.com


Ref: Bankrupt Tesla rival to sell off electric SUVs for $3700 each – report (drive)