• ပင်မစာမျက်နှာ
  • ကားသတင်းများ
  • Telegraph သတင်းဌာနမှ အယ်ဒီတာ Alex Robbins က ၂၀၂၄ ခုနှစ်အတွင်း ပေါင် ၅၀၀၀ အောက်ဖြင့် ဝယ်ယူနိုင်သည့် အကောင်းဆုံး တပတ်ရစ်ကားများကို စုစည်းရေးသားဖော်ပြလာ

Telegraph သတင်းဌာနမှ အယ်ဒီတာ Alex Robbins က ၂၀၂၄ ခုနှစ်အတွင်း ပေါင် ၅၀၀၀ အောက်ဖြင့် ဝယ်ယူနိုင်သည့် အကောင်းဆုံး တပတ်ရစ်ကားများကို စုစည်းရေးသားဖော်ပြလာ

  • 270 views

အရစ်ကျဝယ်ယူမည့် ကားသစ်တစ်စင်းအတွက် လက်ငင်းပေးသွင်းငွေ ပမာဏမျှဖြင့် တပတ်ရစ်ကား ကောင်းကောင်းတစ်စီးကို အပြည့်အဝ ပိုင်ဆိုင်နိုင်သည့် အခွင့်အလမ်းများရှိနေသည်။

 

 


(ပေါင် ၅၀၀၀ အောက်ဖြင့် ဝယ်ယူပိုင်ဆိုင်နိုင်မည့် အကောင်းဆုံး တပတ်ရစ်ကားများစာရင်းကို စုစည်းဖော်ပြ လာသည်။ ဓာတ်ပုံ-Getty)

တယ်လီဂရပ် သတင်းဌာနမှ အယ်ဒီတာတစ်ဦးဖြစ်သူ Alex Robbin က “တကယ်လို့ ခင်ဗျားမှာ ကားဝယ်ဖို့ အတွက် စုထားတဲ့ငွေ ပေါင် ၅၀၀၀ ရှိမယ်ဆိုရင် ကားသစ်တစ်စီးကို အရစ်ကျဝယ်ဖို့အတွက် Deposit သွင်းဖို့ ဖြုန်းတီး မပစ်ပါနဲ့။ အဲဒီငွေနဲ့ ဈေးသက်သာတဲ့ တပတ်ရစ်ကားတစ်စီးကို ဝယ်ပြီး ချက်ချင်းပိုင်ဆိုင်တဲ့ နည်းလမ်း ကို ဘာကြောင့် မစဉ်းစားတာလဲ”ဟု ရေးသားဖော်ပြထားသည်။

 


((Toyota Auris Hybrid))

 

(Toyota Auris Hybrid ။ဓာတ်ပုံ- Alamy)

Toyota Auris Hybrid ၏ အဓိကအားသာချက်မှာ စရိတ် သက်သာခြင်း ဖြစ်သည်။

Hybrid ဖြစ်ပြီး လျှပ်စစ်မော်တာနှင့်အတူ 60mpg ထွက်သော ဓာတ်ဆီအင်ဂျင်ငယ်တစ်ခု သုံးထားသည်။

သဘာဝပတ်ဝန်းကျင်အား အန္တရာယ်ဖြစ်စေသည့် ဓာတ်ငွေ့ထုတ်လွှတ်မှု နည်းပါးသောကြောင့် လမ်းခွန် မပေးဆောင်ရချေ။

၂၀၁၀ မှ ၂၀၁၂ ခုနှစ်အကြား ထုတ်လုပ်ခဲ့သော မော်ဒယ်များကို ပေါင် ၄၅၀၀ ဝန်းကျင်ဖြင့် ရရှိနိုင်သည်။

 


((Honda CR-V))

 

(Honda CR-V ။ ဓာတ်ပုံ-Getty)

 

Honda သည် SUV များဖြင့် နာမည်ကျော်သည်။

Honda CR-V သည် Land Cruiser ကို အခြေခံကာ တည်ဆောက်ထားပြီး 4 wheel drive ဖြစ်သည့်အပြင် ဈေးသက်သာစွာဖြင့် ကျယ်ဝန်းသည့် နေရာ ရရှိနိုင်သည်။

အိမ်မွေးတိရ စ္ဆာန်ရှိသူများအတွက် Honda CR-V မှာ အသင့်တော်ဆုံးဖြစ်ကြောင်း Alex က ပြောသည်။

၂၀၁၆ မှ ၂၀၁၂ အထိ ထုတ်လုပ်ခဲ့သော မော်ဒယ်များကို ပေါင် ၃၅၀၀ မျှဖြင့် ရရှိနိုင်သည်။

 


((Mini Convertible))

 

(Mini Convertible ။ ဓာတ်ပုံ-Alamy)

မိုးလေဝသဌာနက မည်သို့ ထုတ်ပြန်သည်ဖြစ်စေ အင်္ဂလန်တွင် မကြာမီ နွေရာသီသို့ ရောက်တော့မည် ဖြစ်ရာ မွန်းလွဲချိန်များတွင် Mini Convertible ဖြင့် သွားလာလည်ပတ်နိုင်မည့်အချိန် ရောက်ရှိလာတော့မည် ဖြစ်သည်။

၂၀၀၉ မှ ၂၀၁၅ ခုနှစ်အကြား ထုတ်လုပ်ခဲ့သော မော်ဒယ်များကို ပေါင် ၁၅၀၀ မျှဖြင့် ရရှိနိုင်သည်။

 


((Skoda Octavia))

 

(Skoda Octavia ။ ဓာတ်ပုံ-Getty )

 

မိသားစုရှိသူများအတွက် Skoda Octavia မှာ အသင့်တော်ဆုံးဖြစ်ကြောင် Alex က ပြောသည်။

အတွင်းခန်းကျယ်ဝန်းခြင်း၊ အင်ဂျင်အားကောင်းခြင်းတို့အပြင် ဆီစားသက်သာသော အားသာချက်များ ရှိသည်။

၂၀၀၄ မှ ၂၀၁၃ ခုနှစ်အကြား ထုတ်လုပ်ခဲ့သော မော်ဒယ်များကို ပေါင် ၁၅၀၀ ခန့်ဖြင့် ရရှိနိုင်သည်။

 

 

((Audi TT))

 

(Audi TT ။ ဓာတ်ပုံ-Alamy)

၂၀၀၆ မှ ၂၀၁၄ ခုနှစ်အကြား ထုတ်လုပ်ခဲ့သော Skoda Octavia မော်ဒယ်များကို ပေါင် ၂၅၀၀ ခန့်မှ စတင်ကာ ရရှိနိုင်သည်။

ပြီးခဲ့သောနှစ်အတွင်း ထုတ်လုပ်မှု ရပ်ဆိုင်းသွားရာ ဈေးမတက်မီ ၁ စီး ဝယ်ယူထားလိုက်ပါ။


(ဆက်စပ်သတင်း) 

ဗြိတိန်တွင် ပေါင် ၅၀၀၀ အောက်ဖြင့် ဝယ်ယူနိုင်သော တပတ်ရစ် SUV များ

https://www.carsdb.com/my/news/635

 

(CarsDB Team မှ ရေးသား ဖော်ပြသည်။)

Credit: CarsDB.com


Ref: Five of the best used cars you can buy in 2024 for under £5k – including family saloon ‘with space in back seats & boot’ (thesun)

Photo Credit- Alamy, Getty