- ပင်မစာမျက်နှာ
- ကားသတင်းများ
- ဗြိတိန်တွင် ပေါင် ၅၀၀၀ အောက်ဖြင့် ဝယ်ယူနိုင်သော တပတ်ရစ် SUV များ
ဗြိတိန်တွင် ပေါင် ၅၀၀၀ အောက်ဖြင့် ဝယ်ယူနိုင်သော တပတ်ရစ် SUV များ
- 540 views
ဗြိတိန်မှ ကားလောကကျွမ်းကျင်သူတစ်ဦးက ပေါင် ၅၀၀၀ အောက်ဖြင့် ဝယ်ယူနိုင်သော အကောင်းဆုံး SUV များ အကြောင်း ပြောပြလာသည်။
သက်တောင့်သက်သာရှိကာ ယုံကြည်စိတ်ချရပြီး ကျယ်ကျယ်ဝန်းဝန်းရှိသော ကားများ ရှာဖွေ နေသူများ အတွက် ကားကျွမ်းကျင်ပညာရှင် Alex Robbins က Toyota အပါအဝင် SUV မော်ဒယ်အချို့ ရွေးထုတ်ပြသ လာသည်။
(ကားကျွမ်းကျင်ပညာရှင်တစ်ဦးက ပေါင် ၅၀၀၀ အောက်ဖြင့် ဝယ်ယူရရှိနိုင်သော အကောင်းဆုံး SUV များကို ရွေးချယ် ညွှန်ပြလာသည်။)
Alex သည် Telegraph သတင်းဌာနမှ ကားသတင်းဆိုင်ရာ အယ်ဒီတာဖြစ်ပြီး အောက်ဖော်ပြပါ ကားများကို ဈေးနှုန်းသက်သာစဉ် ဝယ်ယူထားကြရန် ၎င်းက တိုက်တွန်းသည်။
“တပတ်ရစ်ကားတွေရဲ့ဈေးက စတင် ကျဆင်းနေပါပြီ။ တန်ဖိုးနည်း အိမ်စီးကားတွေ ဝယ်ဖို့ အကောင်းဆုံး အချိန် စောင့်ဆိုင်းနေသူတွေအတွက် ၂၀၁၄ ဟာ အကောင်းဆုံးအချိန်ပါပဲ”ဟု Alex က ပြောသည်။
“အရင်က လက်လှမ်းမမှီခဲ့တဲ့ SUV တွေဆိုရင် ပေါင် ၅၀၀၀ လောက်နဲ့ ရနိုင်နေပါပြီ။ ”
((VW Tiguan))
(VW Tiguan. ဓာတ်ပုံ- Alamy)
● ရနိုင်သော Model များ 2008-2016
● နမူနာဈေးနှုန်း- မိုင် ၆၃၂၁၈ စီးထားသော 2008 ခုနှစ်ထုတ် Tiguan ကို ပေါင် ၄၀၀၀ ဖြင့် ရနိုင်
ဤမော်ဒယ်ကို ၂၀၀၇ တွင် စတင်ထုတ်လုပ်ခဲ့ပြီး ယနေ့တိုင် ထုတ်လုပ်နေဆဲဖြစ်သည်။
သို့သော် အစောပိုင်းကာလများမှသည် ၂၀၁၀ ပြည့်လွန်အလယ်ပိုင်းကာလများအထိ ထုတ်လုပ်ခဲ့သော ကားများကို ပေါင် ၅၀၀၀ ခန့်ဖြင့် ဝယ်ယူရရှိနိုင်သည်။
Alex က ပြောသည်မှာ ၎င်း၏ မျိုးဆက်အတွင်း သက်တောင့်သက်သာအရှိဆုံး SUV များတွင် ပါဝင်ကြောင်း ရည်ညွှန်းသည်။
(( Nissan Qashqai ))
● ရနိုင်သော မော်ဒယ်များ- 2010-2013
● နမူနာ ဈေးနှုန်း- ၁၀၄၀၀၀ မိုင် စီးထားသော ၂၀၁၀ ပြည့်နှစ်ထုတ် Nissan Qashqai ကို ၂၃၉၀ ပေါင်ဖြင့် ဝယ်ယူရရှိနိုင်
အကယ်၍ သင့်အနေဖြင့် ငွေအနည်းငယ် ပိုမိုသုံးစွဲမည်ဆိုပါက မိုင် ၇၀,၀၀၀ ခန့်သာ မောင်းထားသော ၂၀၁၂ ခုနှစ်ထုတ် မော်ဒယ်ကို ပေါင် ၅,၀၀၀ ဖြင့် ရနိုင်သည်။
(( Hyundai Santa Fe ))
(Hyundai Sanat Fe ။ ဓာတ်ပုံ- Alamy)
● ရရှိနိုင်သော မော်ဒယ်-2006-2012
● နမူနာ ဈေးနှုန်း- ၉၅၁၁၀ မိုင် စီးထားသော ၂၀၁၀ ထုတ် Hyundai Santa Fe ကို ၄၆၉၀ ပေါင်ဖြင့် ဝယ်ယူ ရရှိနိုင်
((Toyota RAV4))
(Toyota RAV4 ။ ဓာတ်ပုံ- Getty)
● ရရှိနိုင်သော မော်ဒယ်များ- 2006-12
● နမူနာ ဈေးနှုန်း- ၈၉၀၀၀ မိုင် စီးထားသော ၂၀၀၈ ခုနှစ်ထုတ် RAV4 ကို ၃၉၉၅ ပေါင်ဖြင့် ရရှိနိုင်
((Honda CR-V))
(Honda CR-V ။ ဓာတ်ပုံ- Alamy)
● ရရှိနိုင်သော မော်ဒယ်များ- 2007-2012
● နမူနာဈေးနှုန်း- ၇၉၀၀၀ မိုင် စီးထားသော ၂၀၀၇ ခုနှစ်ထုတ် CR-V ကို ၃၉၉၉ ပေါင်ဖြင့် ဝယ်ယူရရှိနိုင်
(CarsDB Team မှ ရေးသား ဖော်ပြသည်။)
Credit: CarsDB.com
Ref: Five SUVs that can be bought for under £5,000 – including reliable Toyota with a ‘reputation for longevity’ (thesun)
Photo Credit: Alamy, Getty