• ပင်မစာမျက်နှာ
  • ကားသတင်းများ
  • အိန္ဒိယနိုင်ငံ၊ ပူနေးမြို့က ဒေသခံတွေ ကျောက်ခဲနဲ့ ပေါက်နေကြတဲ့ သရဲခြောက်တဲ့ စွန့်ပစ်ခံရိုးရွိုက်စ်ကားတစ်စီး အကြောင်း

အိန္ဒိယနိုင်ငံ၊ ပူနေးမြို့က ဒေသခံတွေ ကျောက်ခဲနဲ့ ပေါက်နေကြတဲ့ သရဲခြောက်တဲ့ စွန့်ပစ်ခံရိုးရွိုက်စ်ကားတစ်စီး အကြောင်း

  • 10548 views

သင့်အနေဖြင့် သရဲခြောက်သော နေအိမ်ကြီးများအကြောင်း များစွာဖတ်ဖူးကြားဖူးပြီးဖြစ်မည်။

ယခုဖော်ပြမည့် အကြောင်းအရာမှာ အာရီးရှ ဗီလာ (Ayesha Villa) စံအိမ်ကြီးမှ သရဲခြောက်သော Rolls-Royce ကားတစ်စီးအကြောင်း ဖြစ်ပါသည်။

အိန္ဒိယနိုင်ငံ၊ မွမ်ဘိုင်းမြို့အနီး လိုနာဗာလာ တောင်ပေါ်ဒေသမှ အာရီးရှ ဗီလာအမည်ရှိ စံအိမ်ကြီးနှင့် စွန့်ပစ်ထားသော Rolls-Royce Silver Shadow ကားတစ်စီးမှာ ဒေသခံများအကြား ပြောဆိုစရာ ပုံပြင်အမျိုးမျိုး ရှိနေသည်။

ဆာယာဒရီ တောင်တန်းပေါ်တွင် တည်ရှိသော ထိုဒေသ၌ စွန့်ပစ်ခံ သရဲခြောက်သော ကားတွင် ကြေကွဲဖွယ် ဇာတ်ကြောင်းတစ်ခု ရှိနေသည်။

နှစ်ပေါင်းများစွာ ကာလအတွင်း အမျိုးမျိုးအဖုံဖုံ ပြောဆိုမှုများရှိသော်လည်း ဒေသခံတို့ အစဉ်အဆက် ပြောခဲ့ကြသည်မှာ အာရီးရှ ဗီလာစံအိမ်ကြီးတွင် နေထိုင်ခဲ့သော မိသားစုမှာ ရက်ရက်စက်စက် အသတ်ခံခဲ့ကြရ သည်ဟု ဆိုသည်။

လူသတ်မှုကြီးဖြစ်ပွားပြီးနောက်ပိုင်း မဟာရပ်ရှ်တရာပြည်နယ်၊ ပူနေးမြို့မှ ဒေသခံများသည် အာရီးရှ ဗီလာ စံအိမ်ကြီးနှင့် ရိုးရွိုက်စ်ကားတို့တွင် ထူးဆန်းသော အသံများကြားရခြင်း၊ တစ္ဆေ သရဲသဏ္ဍာန်များ မြင်ရခြင်းများ တွေ့ကြုံလာကြသည်။

လူသတ်မှုနောက်ပိုင်း စံအိမ်တွင် နေထိုင်ကြသူများသည်လည်း ဆန်းကြယ်စွာ သေဆုံးသွားကြပြီး ၎င်းတို့သည် လည်း အဆိုပါစံအိမ်ကြီးတွင် ယခင် ပရလောကသားများနှင့် ပူးပေါင်းကာ မကျွတ်မလွတ်ဘဲ ခြောက်လှန့်နေကြ သည်ဟု ဆိုကြသည်။

နေဝင်ဖြိုးဖျအချိန်များတွင် ခြံဝန်းအတွင်း အမျိုးသမီးငယ်တစ်ဦး လှည့်လည်သွားလာနေသည်ကို တွေ့ရလေ့ ရှိသည်ဟူသော သတင်းများလည်း ရှိသည်။

စွန့်ပစ်ထားသော နေအိမ်ကြီးထဲမှ ထူးဆန်းသောအသံများ မကြာခဏ ကြားရတတ်သည်။

သရဲခြောက်သည်ဆိုသော စွန့်ပစ်ခံ ရိုးရွိုက်စ်ကားမှာ 6.75 liter V8 ဓာတ်ဆီအင်ဂျင်တပ်ဆင်ထားသော ကားဖြစ်သည်။

ဒေသခံတို့က သရဲခြောက်သော ရိုးရွိုက်စ်ကို မကြာခဏ ကျောက်ခဲများဖြင့် ပေါက်လေ့ရှိကြသည်။

ထို့ကြောင့် ကားလေကာမှန်နှင့် ရှေ့မီးကြီးတို့မှာ ကျောက်ခဲဒဏ်ကြောင့် ကွဲကြေပျက်စီးနေသည်။

 

တစ်နေရာတည်းတွင် မရွေ့မပြောင်း ကာလကြာရှည်ရှိနေရာ ကားအတွင်းပိုင်းမှာလည်း မိုးရေကြောင့် ပျက်စီးမှုများ ရှိနေသည်။

ဤသရဲခြောက်သော ရိုးရွိုက်စ်မော်တော်ကားသည် ၂၀၀၄ ခုနှစ်က ရုံတင်ပြသခဲ့သော ဘောလိဝုဒ်ရုပ်ရှင် Lakeer ဇာတ်ကားတွင်ပင် ပါဝင်ခဲ့ဖူးသည်။

လူသတ်မှုကြီးဖြစ်ပွားခဲ့သောကာလမှာ အိန္ဒိယနိုင်ငံ အင်္ဂလိပ်ကိုလိုနီဘဝကတည်းက ဖြစ်သည်ဟူသော သတင်းများရှိသည်။

သို့သော် Rolls Royce Silver Shadow မော်ဒယ်မှာမူ ၁၉၆၅ မှ ၁၉၈၀ ပြည့်နှစ်အကြား ထုတ်လုပ်ခဲ့ခြင်း ဖြစ်သည်။

၂၀၂၅ ခုနှစ်မော်ဒယ် Rolls Royce Cullinan Series II ကို အီတလီနိုင်ငံ၊ Villa d’Este တွင် ပွဲထုတ်ထားသည်။

 

(CarsDB Team မှ ရေးသား ဖော်ပြသည်။)

Credit: CarsDB.com

Ref: Haunted’ Rolls-Royce known to locals has a thrilling theory behind it (supercarblondie)