- ပင်မစာမျက်နှာ
- ကားသတင်းများ
- Tesla Cybertruck ကားပိုင်ရှင်တစ်ဦးက ကားရှေ့ဖုံး အန္တရာယ်ရှိ၊ မရှိကို လက်ချောင်းတစ်ချောင်း အကျိုးခံကာ စမ်းသပ်
Tesla Cybertruck ကားပိုင်ရှင်တစ်ဦးက ကားရှေ့ဖုံး အန္တရာယ်ရှိ၊ မရှိကို လက်ချောင်းတစ်ချောင်း အကျိုးခံကာ စမ်းသပ်
- 340 views
ကားထုတ်လုပ်မှု နယ်ပယ်တွင် Cybertruck တို့မှာ နောက်တစ်ဆင့်သို့ ရောက်ရှိသွားပြီဟု ချီးမွမ်းမှုများ ရှိသည်။
အချို့ကမူ Elon Musk ၏ Tesla သည် Cybertruck ထုတ်လုပ်မှုတွင် စံချိန်မီ အရည်အသွေးပင် မရှိဟု ဝေဖန်ကြသည်။
Cybertruck ကို ပြီးခဲ့သောနှစ် နိုဝင်ဘာလတွင် စတင်ဖြန့်ချိခဲ့ပြီးနောက်ပိုင်း အဆိုပါကားအပေါ် သုံးသပ်ဝေဖန် ထားသည့် ဗွီဒီယိုဖိုင်များစွာ လူမှုကွန်ရက်တွင် ထွက်ပေါ်ခဲ့သည်။
ယခုနှစ်စပိုင်းတွင် Cybertruck ကားပိုင်ရှင်တို့အကြား ကားရှေ့ဖုံး၏ အန္တရာယ်အကြောင်း ဝေဖန်ပြောဆိုမှု များပြားလာပြီး မုန်လာဥစမ်းသပ်ချက်များ ပြုလုပ်လာကြသည်။
ဗွီဒီယိုဖိုင်များစွာတွင် တွေ့မြင်ရမှုအရ ကားရှေ့ဖုံးပိတ်ချိန်တွင် လက်မှာ အဖုံးအောက်တွင် ရှိနေသော်လည်း အဖုံးမှာ ရပ်တန့်သွားခြင်း မရှိသည်ကို တွေ့ရသည်။
ထို့ကြောင့် အဖုံးအောက်တွင် ရှိနေသည့် လက် (သို့မဟုတ်) မည်သည့်အရာကိုမဆို ညပ်မိသွားစေမည် ဖြစ်သည်။
ထိုအခြေအနေတွင် မုန်လာဥစမ်းသပ်ချက် ပေါ်ပေါက်လာခြင်း ဖြစ်သည်။
မိမိတို့၏ လက်ချောင်းများဖြင့် စမ်းသပ်လျှင် လက်ချောင်း ဆုံးရှုံးရဖွယ်ရှိသောကြောင့် မုန်လာဥကို ထားကာ စမ်းသပ်ကြည့်ရာ ထောက်ခနဲ ပြတ်ထွက်သွားသည်ကို တွေ့ကြရသည်။
[ရဲရင့်သော (သို့မဟုတ်) မိုက်မဲသော Cybertruck ကားပိုင်ရှင်တစ်ဦးကမူ မုန်လာဥအစား လက်ချောင်းဖြင့်သာ စမ်းသပ်ကြည့်ရန် ဆုံးဖြတ်ခဲ့သည်။ ဓာတ်ပုံ-YouTube/Joe Fay]
Cybertruck ၏ ကားရှေ့ဖုံးကြောင့် လက်ချောင်းများ ဆုံးရှုံးကြရမည့်အရေးကို စိုးရိမ်မှုများ မြင့်တက်လာလျက် ရှိချိန်မျိုးတွင် အမှန်တကယ် အန္တရာယ်ရှိမရှိ စမ်းသပ်ကြည့်ထိုက်သည် မဟုတ်လော။
ရဲရင့်သော (သို့မဟုတ်) မိုက်မဲသော Cybertruck ကားပိုင်ရှင်တစ်ဦးကမူ မုန်လာဥအစား လက်ချောင်းဖြင့်သာ စမ်းသပ်ကြည့်ရန် ဆုံးဖြတ်ခဲ့သည်။
လက်ချောင်းဖြင့် စမ်းသပ်ရန် ဆုံးဖြတ်ခဲ့သူမှာ Joe Fay အမည်ဖြင့် YouTube သုံးစွဲသူဖြစ်ပြီး မေလ ၅ ရက်တွင် သူ၏ စမ်းသပ်ခဲ့ပုံကို YouTube တွင် ဗွီဒီယိုဖိုင် လွှင့်တင်ခဲ့သည်။
အန္တရာယ်မရှိနိုင်ဟု ၎င်းက ယူဆခဲ့သော်လည်း သူ၏ ယူဆချက် မှားယွင်းခဲ့သည်။
Joe Fay က တုတ်ချောင်းငယ်တစ်ခုဖြင့် ဦးစွာ စမ်းသပ်ခဲ့ရာ ထောက်ခနဲ ပြတ်သွားသည်ကို တွေ့ရသည်။
သို့ရာတွင် Joe Fay က လက်ချောင်းဖြင့် စမ်းသပ်လျှင် အန္တရာယ်မရှိနိုင်ဟု ယုံကြည်နေဆဲ ဖြစ်သည်။
Joe Fay က ဗွီဒီယိုရိုက်ရင်း စမ်းသပ်ပြခြင်းဖြစ်ရာ လက်ချောင်းညပ်သွားချိန်တွင် ကင်မရာကိုပင် တည့်တည့် မကိုင်နိုင်တော့ချေ။
နောက်ပိုင်းတွင် သူ၏လက်အား ကင်မရာရှေ့သို့ ပြန်လည်ပြသချိန်တွင် လက်ချောင်းကျိုးသွားသည်ဟု ယူဆရသည်။
သို့သော် လက်ချောင်းမှာ ပြတ်ထွက်မသွားချေ။
အဆိုပါ ဗွီဒီယိုအား မှတ်ချက်ရေးသားသူများက ဝိုင်းဝန်းဝေဖန်ရှုတ်ချကြသည်။
(Joe Fay က လက်ချောင်းဖြင့် စမ်းသပ်လျှင် အန္တရာယ်မရှိနိုင်ဟု ယူဆခဲ့သော်လည်း သူ၏ ယူဆချက် မှားယွင်းခဲ့သည်။ ဓာတ်ပုံ-YouTube/Joe Fay)
(CarsDB Team မှ ရေးသား ဖော်ပြသည်။)
Credit: CarsDB.com
Ref: Man sacrifices his own finger to test new Tesla feature (unilad)
Photo Credit- YouTube/Joe Fay