ဗြိတိန်တွင် ပေါင် ၂၀၀၀ အောက်ဖြင့် ဝယ်ယူနိုင်သော ဈေးအသက်သာဆုံး တပတ်ရစ်ကားများ

  • 201 views

 

မြန်နှုန်းမြင့်ကားများကို ဝယ်ယူရေးမှာ ငွေကြေးများစွာ မကုန်ကျချေ။

မြန်နှုန်းမြင့်မောင်းနိုင်သော တပတ်ရစ် ကားတစ်စင်းကို ဗြိတိန်တွင် ပေါင် ၂၀၀၀ အောက်ဖြင့် ရရှိနိုင်သည်။

 

(The Suzuki Swift Sport မှာ ဘက်စုံသုံးနိုင်သော ကားလေးဖြစ်ပြီး များစွာ ဈေးမပေးရချေ။ ဓာတ်ပုံ- Getty)

 

 

(The Toyota Yaris T-Sport ကိုလည်း ဈေးသက်သာစွာ ရရှိနိုင်သည်။ ဓာတ်ပုံ- Alamy)

 


ဈေးသက်သက်သာသာဖြင့် ရွေးချယ်စရာ ကားများရှိပြီး အကြိုက်ဆုံးကို ရွေးချယ်ရန်သာ ရှိသည်။

 

 

((Skoda Fabia vRS))

Skoda Fabia vRS သည် 0-62mph အမြန်နှုန်းကို ၉ ဒသမ ၅ စက္ကန့်အောက်ဖြင့် ရရှိနိုင်သည်။

လမ်းပေါ်တွင် လက်တွေ့စမ်းသပ်မှုများအရမူ အချိန်ထက်ပင် ပိုမိုမြန်ဆန်စွာ ရရှိနိုင်သည်ဟု ဆိုသည်။

အကယ်၍ သင့်အနေဖြင့် mileage ၁၅၀,၀၀၀ ဝန်းကျင်ရှိသော တပတ်ရစ်ကား ဝယ်မည်ဆိုပါက ပေါင် ၁၉၉၀ ဖြင့် ရရှိနိုင်မည် ဖြစ်သည်။

 

((Fiat Panda 100hp))

ဈေးသက်သာသော Fiat Panda 100hp သည် ၂၀၀၆ မှ ၂၀၁၀ ပြည့်နှစ်အတွင်း ဈေးကွက်တွင် လည်ပတ်ခဲ့သည်။

တစ်နာရီ မိုင် ၆၀ အမြန်နှုန်းကို ၉ ဒသမ ၅ စက္ကန့်အတွင်း ရရှိနိုင်ပြီး အမြင့်ဆုံးမြန်နှုန်း 115 mph အထိ မောင်းနိုင်သည်။

ဂီယာဘောက်မှာ အသုံးပြုရလွယ်ကူပြီး စတီယာရင်မှာလည်း အလွန်သွက်သည်။

အလေးချိန် ကီလိုဂရမ် ၁၀၀၀ အောက်သာရှိပြီး 1.4 litre အင်ဂျင်တပ်ဆင်ထားကာ 100bhp အားထွက်သည်။

ကံကောင်းပါက Fiat Panda 100hp တပတ်ရစ်ကားကို ၁၉၉၅ ပေါင်မျှဖြင့် ဝယ်ယူရရှိနိုင်သည်။

 


((Suzuki Swift Sport))

Suzuki Swift Sport မှာ အလေးချိန် ၉၇၅ ကီလိုဂရမ်သာရှိပြီး 1.4-litre Boosterjet turbo ဓာတ်ဆီအင်ဂျင် တပ်ဆင်ထားကာ 140 hp အား ထွက်သည်။

ယာဉ်ထိန်းချုပ်မှု cruise control, touchscreen ဂြိုဟ်တုစနစ်သုံး satnav လမ်းညွှန်စနစ်၊  နောက်ကြည့် ကင်မရာ၊ lane keep assist, sport seats, Apple CarPlay, 17in alloys, twin exhausts နှင့် carbon fibre-style trim အစရှိသည့် အားလုံးမှာ စံချိန်မီသည်။

 

((Toyota Yaris T-Sport))

Toyota Yaris T-Sport တွင် စွမ်းအားကောင်းသော 1.5-litre VVT-I အင်ဂျင် တပ်ဆင်ထားပြီး တမူထူးသော ပြိုင်ကားအသွင် အတွင်းပိုင်းမွမ်းမံမှုကို တွေ့ရသည်။

0-62mph အမြန်နှုန်းကို ၉ စက္ကန့်အောက်ဖြင့် ရရှိနိုင်ပြီး အမြင့်ဆုံး မောင်းနိုင်သော မြန်နှုန်းမှာ 118mph ဖြစ်သည်။

Toyota Yaris T-Sport တပတ်ရစ်ကားကို ၁၃၉၅ ပေါင်မျှဖြင့် ရနိုင်သည်။

 

((Alfa Romeo Mito TB 155))

Alfa Romeo Mito TB 155 သည် အီတလီထုတ် ကားဖြစ်ပြီး 1.4-litre ဓာတ်ဆီအင်ဂျင်တပ်ဆင်ထားကာ 155bhp အားထွက်သည်။
0-62mph အမြန်နှုန်းကို ၈ စက္ကန့်အတွင်းရနိုင်ပြီး အမြင့်ဆုံးမြန်နှုန်း ၁၃၄ mph ဖြင့် မောင်းနိုင်သည်။

 

(CarsDB Team မှ ရေးသား ဖော်ပြသည်။)

Credit: CarsDB.com

 

Ref: Five most economical fast cars you can pick up for less than £2,000 – including Toyota convertible and sporty BMW (thesun)

 Photo Credit:  Getty, Alamy