- ပင်မစာမျက်နှာ
- ကားသတင်းများ
- ၂၀၂၄ မော်ဒယ် Toyota Land Cruiser ကို ဧပြီလ ၂၆ ရက်မှ စတင်ကာ အမှာစာလက်ခံနေပြီး ဆောင်းရာသီတွင် ဝယ်လက်များထံ စတင်ဖြန့်ချီမည်
၂၀၂၄ မော်ဒယ် Toyota Land Cruiser ကို ဧပြီလ ၂၆ ရက်မှ စတင်ကာ အမှာစာလက်ခံနေပြီး ဆောင်းရာသီတွင် ဝယ်လက်များထံ စတင်ဖြန့်ချီမည်
- 527 views
မျိုးဆက်သစ် Toyota Land Cruiser မှာ ဗြိတိန်ကဲ့သို့ ဥရောပနိုင်ငံများထံ ရောက်ရှိရေး အနည်းငယ် စောင့်ဆိုင်းရဦးမည်ဖြစ်သည်။
သို့သော် Toyota က ၎င်း၏ အထင်ကရ SUV ဖြစ်သော Land Cruiser မော်ဒယ်သစ်အတွက် အမှာစာများ စတင်လက်ခံနေပြီ ဖြစ်သည်။
Toyota က ၂၀၂၄ မော်ဒယ် Land Cruiser ကို ဗားရှင်း ၂ မျိုးဖြင့် ထုတ်လုပ်မည်ဖြစ်ပြီး First Edition နှင့် Invincible ဟု ဖြစ်သည်။
ထိုဗားရှင်း ၂ မျိုးမှာ တစ်မျိုးနှင့်တစ်မျိုး အလွန်ကွဲပြား ခြားနားမည် ဖြစ်သည်။
First Edition မှာ ဂန္ထဝင် Land Cruiser 40 ကို အမှတ်ရစေမည်ဖြစ်ပြီး ရှေ့မီးဝိုင်းများ၊ Light Sand (သို့မဟုတ်) Smoky Blue ကို Light Gray roof နှင့် ၂ ရောင်စပ် ဖွဲ့စည်းမှုများ တွေ့ရမည် ဖြစ်သည်။
ဤမော်ဒယ်တွင် အနက်ရောင် ၁၈ လက်မ အလွိုင်းများတွေ့ရမည်ဖြစ်ပြီး exclusive အဖြစ် ပါဝင်မည်မှာ upholstery, door trims နှင့် instrument panel တို့ ဖြစ်သည်။
Toyota က ၂၀၂၄ ထုတ် First Edition ကို ယခုနှစ်တွင် အစင်းရေ အကန့်အသတ်ဖြင့်သာ ထုတ်လုပ်မည် ဖြစ်ပြီး ဈေးနှုန်း ကန်ဒေါ်လာ ၉၉,၉၃၉ သတ်မှတ်ထားသည်။
အခြား ဗားရှင်းတစ်ခုဖြစ်သော Invincible ကိုမူ ကန်ဒေါ်လာ ၉၃,၆၉၃ ဖြင့် ဝယ်ယူနိုင်မည် ဖြစ်သည်။
ဗားရှင်း ၂ မျိုးလုံးမှာ တံခါး ၅ ပေါက် ကိုယ်ထည်၊ ထိုင်ခုံ ၇ လုံးပါ အတွင်းပိုင်း၊ အနက်ရောင် သားရေ upholstery ၊ လေအေးပေးစက်၊ ၁၂ ဒသမ ၃ လက်မ touchscreen infotainment စနစ်တို့ ပါဝင်သည်။
ထို့အပြင် cloud-based navigation အပြင် head up display လည်း ပါဝင်ရာ အချက်အလက်များစွာကို ကြည့်ရှုရန်အတွက် လမ်းမှ အာရုံလွှဲရန် မလိုချေ။
First Edition တွင် ၁၈ လက်မဘီးများ တင်ဆင်ထားပြီး Invincible တွင်မူ လက်မ ၂၀ alloy များ ပါဝင်မည် ဖြစ်သည်။
First Edition နှင့် Invincible ဗားရှင်း ၂ မျိုးလုံးတွင် 2.8-liter turbo ဒီဇယ်အင်ဂျင် တပ်ဆင်ထားပြီး ဂီယာဘောက်မှာ automatic transmission ဖြစ်ကာ 8 forward gear ဖြစ်သည်။
4 wheel drive စနစ်လည်း ပါဝင်ပြီး လာမည့်နှစ်တွင် mild-hybrid powertrain ထွက်ရှိလာမည်ဟု Toyota က ပြောသည်။
ဥရောပတွင် ဗြိတိန်သို့ လာမည့် စက်တင်ဘာလတွင် ဝယ်လက်များထံ စတင်ဖြန့်ချိမည်ဟု သိရသည်။
(CarsDB Team မှ ရေးသား ဖော်ပြသည်။)
Credit: CarsDB.com
Ref: Place an Order for Toyota's New Land Cruiser Today, Take Delivery This Fall (autoevolution)
Photo Credit: Toyata