- ပင်မစာမျက်နှာ
- ကားသတင်းများ
- မလေးရှားဘုရင် ဆူလ်တန် အီဘရာဟင်မှာ တရုတ်ပြည်ထုတ် Luxury ကားဖြစ်သော Hongqi L5 မော်ဒယ်၏ ကမ္ဘာ့ပထမဆုံးပိုင်ရှင်ဖြစ်လာ
မလေးရှားဘုရင် ဆူလ်တန် အီဘရာဟင်မှာ တရုတ်ပြည်ထုတ် Luxury ကားဖြစ်သော Hongqi L5 မော်ဒယ်၏ ကမ္ဘာ့ပထမဆုံးပိုင်ရှင်ဖြစ်လာ
- 332 views
မလေးရှားဘုရင်သစ် ဆူလ်တန် အီဘရာဟင် အစ္စကန်ဒါသည် ၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၂၇ ရက်တွင် မလေးရှားဘုရင်အဖြစ် ၅ နှစ်သက်တမ်းအတွက် ရွေးချယ်ခံခဲ့ရပြီး ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ၊ ၃၁ ရက်တွင် ကျမ်းသစ္စာကျိန်ဆိုခဲ့သည်။
ဆူလ်တန် အီဘရာဟင် အစ္စကန်ဒါသည် ဧပြီလလယ်ပိုင်းက မလေးရှားဆိုင်ရာ တရုတ်သံအမတ်ကြီးနှင့် တွေ့ဆုံခဲ့ပြီး နှစ်နိုင်ငံဆက်ဆံရေးအပြင် လက်ရှိနိုင်ငံရေးအခြေအနေများအကြောင်း ဆွေးနွေးခဲ့သည်။
ထိုသို့ တရုတ်သံအမတ်ကြီးနှင့် တွေ့ဆုံဆွေးနွေးပြီးနောက် Hongqi L5 ကားသစ်ကြီး လက်ခံရရှိခဲ့ခြင်းလည်း ဖြစ်သည်။
L5 သည် Luxury ဆီဒင်ဖြစ်ပြီး Hongqi မှ ထုတ်လုပ်သည်။
Hongqi သည် တရုတ်ပြည်၏ သက်တမ်းအရင့်ဆုံး ကားကုမ္ပဏီ FAW Group မှ ပိုင်ဆိုင်သော brand တစ်ခု ဖြစ်သည်။
ယခုသတင်းတွင် တွေ့ရသော ကားမှာ second-generation မော်ဒယ်ဖြစ်ပြီး ပြီးခဲ့သောနှစ် ဧပြီလက ကျင်းပခဲ့ သော Auto Shanghai 2023 ကားပြပွဲတွင် ပြသခဲ့ဖူးသည်။
ကားအရွယ်အစားမှာ အလျား ၅၉၈၀ မီလီမီတာ၊ ဗျက် ၂၀၉၀ မီလီမီတာ၊ အမြင့် ၁၇၁၀ မီလီမီတာဖြစ်သည်။
Wheelbase မှာ ၃၇၃၀ မီလီမီတာအထိရှိသောကြောင့် ခြေဆန့်ရန်နေရာ ကျယ်ကျယ်ဝန်းဝန်းရှိသည်။
နှိုင်းယှဉ်ချက်အားဖြင့် ကြည့်မည်ဆိုလျှင် 7th generation Mercedes-Maybach S-Class (Z223) ၏ အရွယ်အစားမှာ အလျား ၅၄၇၀ မီလီမီတာ၊ ဗျက် ၁၉၅၄ မီလီမီတာ၊ အမြင့် ၁၅၀၃ မီလီမီတာနှင့် Wheelbase မှာ ၃၃၉၆ မီလီမီတာ ဖြစ်သည်။
Classic CA770 ကို Inspired ယူကာ retro-style ထုတ်လုပ်ထားသော L5 ၏ ဈေးနှုန်းမှာ တရုတ်ပြည်တွင် ယွမ်ငွေ ၅ သန်းခန့် ရှိသည်။
L5 တွင် 4.0 litre turbocharged V8 ဓာတ်ဆီအင်ဂျင်တပ်ဆင်ထားပြီး မြင်းကောင်ရေ ၃၈၂ အား ထွက်သည်။
Drivetrain မှာ 8 speed automatic transmission ဖြစ်ပြီး all wheel drive ဖြစ်သည်။
(ဆက်စပ်သတင်းများ)
မလေးရှား ဘုရင်သစ်ဖြစ်လာသော ဘီလျံနာသူဌေးကြီးတွင် တန်ဖိုးကြီးကားပေါင်း အစင်း ၃၀၀ ပိုင်ဆိုင်ထား၊ တစ်စင်းမှာ ဟစ်တလာစီးခဲ့သောကားဖြစ်
https://www.carsdb.com/my/news/446
မလေးရှားဘုရင်၊ ဘီလျံနာသူဌေးကြီး ဆူလ်တန် အီဘရာဟင်က GOLD1 အမည်ရှိ အထူးကား နံပါတ်ပြားကို မလေးရှားသမိုင်းတလျှောက် အမြင့်မားဆုံးဈေးနှုန်း ကန်ဒေါ်လာ ၃၁၄၀၀၀ ဖြင့် လေလံဆွဲဝယ်ယူ
https://www.carsdb.com/my/news/523
(CarsDB Team မှ ရေးသား ဖော်ပြသည်။)
Credit: CarsDB.com
Ref: Agong Sultan Ibrahim Iskandar becomes first owner of Hongqi L5 in the world – stately limo with 4.0T V8 (paultan)
Photo Credit: paultan