- ပင်မစာမျက်နှာ
- ကားသတင်းများ
- မလေးရှား ဘုရင်သစ်ဖြစ်လာသော ဘီလျံနာသူဌေးကြီးတွင် တန်ဖိုးကြီးကားပေါင်း အစင်း ၃၀၀ ပိုင်ဆိုင်ထား ၊ တစ်စင်းမှာ ဟစ်တလာ စီးခဲ့သော ကားဖြစ်
မလေးရှား ဘုရင်သစ်ဖြစ်လာသော ဘီလျံနာသူဌေးကြီးတွင် တန်ဖိုးကြီးကားပေါင်း အစင်း ၃၀၀ ပိုင်ဆိုင်ထား ၊ တစ်စင်းမှာ ဟစ်တလာ စီးခဲ့သော ကားဖြစ်
- 388 views
မလေးရှားတွင် ဘုရင်သစ်တစ်ပါး မကြာသေးမီက အရိုက်အရာဆက်ခံခဲ့ပြီး ၎င်းတွင်ကိုယ်ပိုင်စစ်တပ် ၊ ကိုယ်ပိုင်ဂျက်လေယာဉ်များနှင့် တန်ဖိုးကြီးကား အစင်း ၃၀၀ ပိုင်ဆိုင်ထားသည်။
အဆိုပါ ကားများအနက် အဒေါ့ဖ်ဟစ်တလာ လက်ဆောင်ပေးခဲ့သော ကားတစ်စင်းလည်း ပါဝင်သည်။
ဆူလ်တန် အီဗရာဟင် အစ္စကန်ဒါ (၆၅ နှစ်) သည် မလေးရှားဘုရင်သစ်အဖြစ် ဇန်နဝါရီလကုန်ပိုင်းတွင် နန်းတက်ခဲ့သည်။
နန်းတက်ပွဲ အခမ်းအနားသို့ မလေးရှားဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်များ ၊ မလေးရှားတော်ဝင်မိသားစု ၉ ခုမှ မိသားစုဝင်များ တက်ရောက်ခဲ့ကြသည်။
ဘုရင် အစ္စကန်ဒါက စထရိတ်တိုင်းမ်သတင်းစာသို့ ပြောခဲ့သည်မှာ ၎င်းအနေဖြင့် ၅ နှစ်တာ ရွေးချယ်ခံထားရစဉ် ကာလအတွင်း ရုပ်သေးဘုရင်အဖြစ် အချိန်မဖြုန်းရန် ဆုံးဖြတ်ထားကြောင်း ပြောခဲ့သည်။
သူ၏ ကြွယ်ဝမှုနှင့် ပွင့်လင်းသော အပြုအမူတို့မှာ အများအံ့အားသင့်စရာ ဖြစ်ခဲ့သည်။
Bloomberg တွင် ဖော်ပြချက်တစ်ရပ်အရ အစ္စကန်ဒါသည် ဆိုင်ကယ်စီးခြင်း ၊ Ferrari ကားမောင်းခြင်း တို့အပြင် အင်စတာဂရမ် သုံးစွဲသော တော်ဝင်တစ်ဦးအဖြစ် ဖော်ပြသည်။
(မလေးရှားဘုရင် ဆူလ်တန် အီဗရာဟင် အစ္စကန်ဒါ (ယာ) နှင့် မလေးရှားဝန်ကြီးချုပ် အန်ဝါ အီဗရာဟင်တို့ကို အတူတွေ့ရပုံ။ ဓာတ်ပုံ-MOHD RASFAN)
မလေးရှားသည် ဘုရင်စနစ်ကို အလှည့်ကျ ကျင့်သုံးသည့် ကမ္ဘာ့တစ်ခုတည်းသော နိုင်ငံဖြစ်ပြီး ယခုအခါ အစ္စကန်ဒါက ဘုရင်အဖြစ် ၅ နှစ်တာ ရွေးချယ်ခံရခြင်း ဖြစ်သည်။
ရိုက်တာ သတင်းဌာန၏ ဖော်ပြချက်အရ မလေးရှားတွင် ဆူလ်တန်ဘွဲ့ခံ မိသားစုကြီး ၉ ခုရှိုပြီး ၎င်းတို့အကြား တိုင်းပြည်အကြီးအကဲအဖြစ် ၅ နှစ်စီ အလှည့်ကျ ဆက်ခံလေ့ရှိကြောင်း ဖော်ပြသည်။
အစ္စကန်ဒါသည် အရိုက်အရာ မဆက်ခံမီကတည်းကပင် မလေးရှား၏ သြဇာအကြီးဆုံးနှင့် အချမ်းသာဆုံး ပုဂ္ဂိုလ်များတွင် ပါဝင်သူ ဖြစ်သည်။
Bloomberg ၏ ဖော်ပြချက်အရ အစ္စကန်ဒါ မိသားစုသည် ကန်ဒေါ်လာ ၅ ဒသမ ၇ ဘီလီယံ ကြွယ်ဝကြောင်း ဖော်ပြသည်။
အစ္စကန်ဒါတို့ မိသားစုသည် မြေယာ ၊ အိမ်ခြံမြေ ၊အများပိုင်နှင့် ပုဂ္ဂလိကပိုင် ကုမ္ပဏီများတွင် ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ထားသည်။
Bloomberg ၏ ဖော်ပြချက်အရ အစ္စကန်ဒါသည် မလေးရှား၏ အကြီးမားဆုံး ဆက်သွယ်ရေး ကုမ္ပဏီဖြစ်သော U Mobile တွင် ရှယ်ယာ ၄ ပုံတစ်ပုံနီးပါး ပိုင်ဆိုင်ထားသည့်အပြင် စင်္ကာပူတွင် ဒေါ်လာ ၄ သန်းတန်ကြေးရှိ မြေနေရာလည်း ပိုင်ဆိုင်ထားသည်ဟု ဆိုသည်။
၎င်းတို့ မိသားစုသည် မလေးရှားတွင် ကိုယ်ပိုင်စစ်တပ်ရှိသည့် တစ်ခုတည်းသော မိသားစုလည်း ဖြစ်သည်။
(မလေးရှားနိုင်ငံ ကွာလာလမ်ပူရှိ အမျိုးသားနန်းတော်အပြင်ဘက်မှာ စစ်တီးဝိုင်းတစ်ခု တီးမှုတ်နေပုံကို တွေ့ရပုံ။ဓာတ်ပုံ - HASNOOR HUSSAIN)
Bloomberg ၏ ဖော်ပြချက်အရ ဘုရင် အစ္စကန်ဒါတွင် ကိုယ်ပိုင်ဂျက်လေယာဉ်များနှင့် တန်ဖိုးကြီး ဂန္ထဝင်ကား အစင်း ၃၀၀ ကျော် ပိုင်ဆိုင်ထားပြီး ဟစ်တလာပိုင်ဆိုင်ခဲ့ဖူးသော ကားတစ်စင်းလည်း ပါဝင်သည်ဟု ဆိုသည်။
၂၀၁၇ ခုနှစ်ကတည်းက YouTube တွင် လွှင့်တင်ခဲ့သော တွေ့ဆုံမေးမြန်းခန်း ဗွီဒီယိုတစ်ခုတွင် ဘုရင် အစ္စကန်ဒါက ပြောခဲ့သည်မှာ ဟစ်တလာသည် ၎င်း၏ အဘေးဖြစ်သူနှင့် သူငယ်ချင်းဖြစ်ကြောင်း ပြောခဲ့သည် ဟု ဆိုသည်။
ဟစ်တလာ၏ မော်တော်ကားသည် အင်္ဂလန်သို့ ရောက်ရှိခဲ့ပြီး ထိုမှတဆင့် မလေးရှားသို့ ရောက်ကာ အဘေးဖြစ်သူအား ပေးခဲ့ခြင်းဖြစ်ကြောင်း ၎င်းကပြောသည်။
(CarsDB Team မှ ရေးသား ဖော်ပြသည်။)
Credit: CarsDB.com
Ref: Malaysia's new king is a billionaire with a collection of 300 luxury cars, his own private army, and family ties to Hitler
(businessinsider)
Photo Credit: MOHD RASFAN, HASNOOR HUSSAIN /Pool/AFP via Getty Images