• ပင်မစာမျက်နှာ
  • ကားသတင်းများ
  • Ford ကုမ္ပဏီထုတ် F စီးရီး ထရပ်ကားကြီးများမှာ ၂၀၂၄ ခုနှစ် ပထမ ၃ လပတ် ရောင်းအား အချက်အလက် များအရ အမေရိက၏ လူကြိုက်အများဆုံးဖြစ်နေကြောင်း တွေ့ရှိရ

Ford ကုမ္ပဏီထုတ် F စီးရီး ထရပ်ကားကြီးများမှာ ၂၀၂၄ ခုနှစ် ပထမ ၃ လပတ် ရောင်းအား အချက်အလက် များအရ အမေရိက၏ လူကြိုက်အများဆုံးဖြစ်နေကြောင်း တွေ့ရှိရ

  • 310 views

အမေရိက၏ အစောဆုံးကားကုမ္ပဏီများတွင် ပါဝင်သော Ford မှ ထုတ်လုပ်သည့် full-size ထရပ်ကားကြီးများ သည် အမေရိကတခွင် ပြန်လည်စိုးမိုးလာသည်။

မီချီဂန်ပြည်နယ်၊ Dearborn မြို့တွင် Ford ၏ ကမ္ဘာ့ရုံးချုပ်အခြေစိုက်ထားသည်။

ပြီးခဲ့သော ၃ လပတ်ကာလအတွင်း Ford ၏ F စီးရီး အစင်းရေ ၁၅၂,၉၄၃ နှင့် အကြီးစားထရပ်ကားကြီးပေါင်း ၃၂၆၈ စင်း ဖြန့်ချိခဲ့သည်။

 

သို့သော် ၂၀၂၃ ခုနှစ် ပထမ ၃ လပတ်နှင့် နှိုင်းယှဉ်လျှင် ထရပ်ကား ၂ မျိုးလုံး၏ ရောင်းအား ကျဆင်းသည်ကို တွေ့ရသည်။

၂၀၂၃ ခုနှစ်၊ ပထမ ၃ လပတ်အတွင်း F စီးရီး၏ ရောင်းအားမှာ အစင်းရေ ၁၇၀,၃၇၇ ရှိခဲ့ပြီး အကြီးစား ထရပ်ကားမှာ အစင်းရေ ၄,၀၄၅ ရောင်းခဲ့ရရာ ယခုနှစ် ပထမ ၃ လပတ်တွင် ရောင်းအား ၁၀ ဒသမ ၂ ရာခိုင်နှုန်းနှင့် ၁၉ ဒသမ ၂ ရာခိုင်နှုန်း အသီးသီးကျဆင်းခဲ့သည်ကို တွေ့ရသည်။

ယခုနှစ် ပထမ ၃ လပတ်တွင် ရောင်းချခဲ့ရသော F စီးရီး အစင်းရေ ၁၅၂,၉၄၃ အနက် F-150 Lightning မှာ အစင်းရေ ၇,၇၄၃ ရောင်းချခဲ့ရရာ ပြီးခဲ့သောနှစ် ပထမ ၃ လပတ်ရောင်းအားဖြစ်သော အစင်းရေ ၄,၂၉၁ နှင့် ယှဉ်လျှင် ၈၀ ဒသမ ၄ ရာခိုင်နှုန်း ရောင်းအားတက်လာသည်ကို တွေ့ရသည်။

 

 

ဈေးကွက်တစ်ခုလုံးကို ခြုံငုံကြည့်ရှုမည်ဆိုလျှင် General Motors (GM) သည်လည်း ထရပ်ကားကြီးများ ပိုမို ရောင်းချခဲ့ရသည်ကို တွေ့ရသည်။

Chevrolet Silverado နှင့် GMC Sierra တို့ကို အပေါ့စား၊ အကြီးစားနှင့် အလတ်စားအရွယ်များ ထုတ်လုပ်ခဲ့ ကာ စုစုပေါင်းရောင်းအား အစင်းရေ ၁၉၈,၅၈၄ ရှိခဲ့သည်။

ယင်းအနက် ဈေးအလွန်ကြီးသော Silverado လျှပ်စစ်ကား အစင်းရေ ၁,၀၆၁ ရောင်းချခဲ့ရမှုလည်း ပါဝင်သည်။

 

 

Silverado နှင့် Sierra တို့တစ်ခုချင်း၏ ရောင်းအားမှာ အစင်းရေ ၁၂၉,၉၈၇ နှင့် ၆၈,၅၉၇ ဖြစ်သည်။

Hummer EV ကို GMC အမှတ်တံဆိပ်အောက်တွင် ရောင်းချခဲ့ပြီး GMC သည် ဒက်ထရွိုက်မြို့ရှိ Big Three ဟုခေါ်သော ထိပ်သီး ကုမ္ပဏီကြီး ၃ ခုတွင် အကြီးမားဆုံးလည်း ဖြစ်သည်။

Hummer EV မှာ အစင်းရေ ၁၆၆၈ ရောင်းချခဲ့ရသည်။

 

 

(ဓာတ်ပုံ-Ford)

 

Toyota Motor North America မှာ full-size ထရပ်ကား ကဏ္ဍကို Tundra ဖြင့် ဝင်ရောက်ခဲ့သည်။

Third-generation Tundra မှာ ယခုနှစ် ပထမ ၃ လပတ်အတွင်း အစင်းရေ ၃၆,၂၁၅ ရောင်းချခဲ့ရပြီး ယခင်နှစ် ပထမ ၃ လပတ်ရောင်းအားမှာ အစင်းရေ ၂၇,၆၅၁ ဖြစ်သည်။

Hybrid-powertrain ကားဖြစ်သော i-Force Max မှာ ယခုနှစ် ပထမ ၃ လပတ်တွင် အစင်းရေ ၁၂,၀၁၅ ရောင်းချခဲ့ရပြီး ယခင်နှစ်က ရောင်းချခဲ့ရမှုမှာ အစင်းရေ ၆,၉၈၉ ဖြစ်သည်။

(CarsDB Team မှ ရေးသား ဖော်ပြသည်။)

Credit: CarsDB.com


Ref: Q1 2024 Sales Report: Ford F-Series Is America's Favorite Large Truck Once Again (autoevolution)

Photo Credit-Ford