စျေးကွက်လိုအပ်ချက်အရ ဂျပန်တစ်ပတ်ရစ်ကားစျေးကွက်ဆက်ရှိနေမည်

  • 554 views

 

EV နှင့်ကားအသစ်​များ ဝင်​ရောက်​လာသော်လည်းပြည်တွင်းမှာဂျပန်တစ်ပတ်ရစ်ကား​​​များမှာ စျေးကွက်လိုအပ်ချက်အရ အ‌ရောင်းအဝယ် ဆက်ရှိ​နေမည်ဟု  ကား​လောကကျွမ်းကျင်သူများကပြောသည်။

ဂျပန်တစ်ပါတ်ရစ်ကားဈေးကွက်မှာ မော်ဒယ်ကန့်သတ်ချက်အရ တင်သွင်းမှုမရှိသလောက်နီးပါး ကျဆင်းလာပြိး EV နှင့်ကားအသစ်များ ကိုသာ ပြည်တွင်း၌တင်သွင်းရောင်းချနေခြင်းဖြစ်သည်။

“EV နဲ့ကားအသစ်​တွေ ကတယ််ဝယ်နိုင်တဲ့လူတန်းစားကနည်းပါတယ်။ သာမာန်လူတန်းစားတွေအဖို့ ဂျပန်တစ်ပါတ်ရစ်ကားတွေကိုဘဲ လှည့်သုံးနေရတာ အခုဆိုရင် ဝယ်ရောင်းလက်ထဲကို သုံးလေးကြိမ်လောက်ပြန်ရောက်လာတဲ့ကားတွေအများကြီးဘဲ။ဈေးကွက်ထဲမှာ ကားလိုချင်တဲ့သူက လိုက်ရှာဝယ်နေရဆဲဘဲ။ ” ဟု ကားဝယ်ရောင်းလုပ်ငန်းရှင် တစ်ဦးကပြောသည်။

လက်ရှိကာလမှာပြည်တွင်းကား​​စျေးနှုန်း​​တွေမြင့်တက်​နေ​ပေမယ့်ရန်ကုန်ကား​စျေးကွက်မှာ​တော့ကြိုက်​​ရောင်း၊ကြိုက်ဝယ်စနစ်ဖြင့်သာအ​ရောင်းအဝယ်​တွေကိုပြုလုပ်​နေကြရတယ်လို့ကား​ဝယ်​ရောင်းလုပ်ကိုင်သူ​တွေက ​ပြောပါတယ်။

ဂျပန်တစ်ပါတ်ရစ်ကားများမှာ ပြည်တွင်းကားလိုအပ်ချက်အရ ဈေးကွက်ဆက် တည်ရှိနေပြီး သိန်းသုံးရရာမှ သိန်း ထောင်ငါးရာကြား ဂျပန်တစ်ပါတ်ရစ်ကားများမှာ အရောင်းအဝယ် ကောင်းမွန်ကြောင်းသိရသည်။

 

(CarsDB Team မှ ရေးသား ဖော်ပြသည်။)

Credit: CarsDB.com