စျေးကွက်လိုအပ်ချက်အရ ဂျပန်တစ်ပတ်ရစ်ကားစျေးကွက်ဆက်ရှိနေမည်
- 553 views
EV နှင့်ကားအသစ်များ ဝင်ရောက်လာသော်လည်းပြည်တွင်းမှာဂျပန်တစ်ပတ်ရစ်ကားများမှာ စျေးကွက်လိုအပ်ချက်အရ အရောင်းအဝယ် ဆက်ရှိနေမည်ဟု ကားလောကကျွမ်းကျင်သူများကပြောသည်။
ဂျပန်တစ်ပါတ်ရစ်ကားဈေးကွက်မှာ မော်ဒယ်ကန့်သတ်ချက်အရ တင်သွင်းမှုမရှိသလောက်နီးပါး ကျဆင်းလာပြိး EV နှင့်ကားအသစ်များ ကိုသာ ပြည်တွင်း၌တင်သွင်းရောင်းချနေခြင်းဖြစ်သည်။
“EV နဲ့ကားအသစ်တွေ ကတယ််ဝယ်နိုင်တဲ့လူတန်းစားကနည်းပါတယ်။ သာမာန်လူတန်းစားတွေအဖို့ ဂျပန်တစ်ပါတ်ရစ်ကားတွေကိုဘဲ လှည့်သုံးနေရတာ အခုဆိုရင် ဝယ်ရောင်းလက်ထဲကို သုံးလေးကြိမ်လောက်ပြန်ရောက်လာတဲ့ကားတွေအများကြီးဘဲ။ဈေးကွက်ထဲမှာ ကားလိုချင်တဲ့သူက လိုက်ရှာဝယ်နေရဆဲဘဲ။ ” ဟု ကားဝယ်ရောင်းလုပ်ငန်းရှင် တစ်ဦးကပြောသည်။
လက်ရှိကာလမှာပြည်တွင်းကားစျေးနှုန်းတွေမြင့်တက်နေပေမယ့်ရန်ကုန်ကားစျေးကွက်မှာတော့ကြိုက်ရောင်း၊ကြိုက်ဝယ်စနစ်ဖြင့်သာအရောင်းအဝယ်တွေကိုပြုလုပ်နေကြရတယ်လို့ကားဝယ်ရောင်းလုပ်ကိုင်သူတွေက ပြောပါတယ်။
ဂျပန်တစ်ပါတ်ရစ်ကားများမှာ ပြည်တွင်းကားလိုအပ်ချက်အရ ဈေးကွက်ဆက် တည်ရှိနေပြီး သိန်းသုံးရရာမှ သိန်း ထောင်ငါးရာကြား ဂျပန်တစ်ပါတ်ရစ်ကားများမှာ အရောင်းအဝယ် ကောင်းမွန်ကြောင်းသိရသည်။
(CarsDB Team မှ ရေးသား ဖော်ပြသည်။)
Credit: CarsDB.com