Frequently Asked Questions
General
CarsDB သည် ၂၀၁၂ ခုနှစ်၊ ဇန်နဝါရီလတွင် စတင်တည်ထောင်ခဲ့ပြီး ကားရောင်း၊ ကားဝယ်သူများအတွက် ယုံကြည်ရသော ပလက်ဖောင်းတစ်ခုအဖြစ် ဆယ်စုနှစ်တခုကျော် ရပ်တည်လျက်ရှိပါသည်။ ဤပလက်ဖောင်းတွင် ကားအစီးရေပေါင်း ၃၀,၀၀၀ ကျော်ကို အလွယ်တကူ ရှာဖွေနိုင်ပါသည်။ လစဉ်ဝင်ရောက်ကြည့်ရှုမှုနှုန်းသည်လည်း ၃ သန်းကျော် (over 3 million) ရှိပါသည်။ ဖေ့ဘွတ်ပေ့ချ်ဖြစ်သည့် CarsDB Page တွင်လည်း Likes & Followers ပေါင်း ၁.၃ သန်းကျော် (over 1.3 million) ရှိပါသည်။
ကားရောင်းချင်သူများအနေဖြင့် မိမိဖုန်းထဲရှိ Browser မှ CarsDB.com website တွင်သော်လည်းကောင်း CarsDB App သုံး၍သော်လည်းကောင်း မိမိရောင်းချင်သောကားကို ဓာတ်ပုံရိုက်ပြီး အလွယ်တကူ ကြော်ငြာတင်ကာ ရောင်းချလို့ရပါသည်။ ကားဝယ်ချင်သောသူများအနေနဲ့လည်း CarsDB.com or CarsDB App ထဲတွင် ဈေးနှုန်းအမျိုးမျိုး၊ မော်ဒယ်အမျိုးမျိုး၊ Type အမျိုးမျိုးကို အလွယ်တကူ ရှာဖွေပြီး စိတ်ကြိုက်ရွေးချယ်ဝယ်ယူနိုင်ပါသည်။ ဤနည်းအားဖြင့် မိမိတို့ကြိုက်နှစ်သက်ရာ ကားအရောင်းအဝယ်များကို မိမိအိမ်မှသာလျှင် အလွယ်တကူ ပြုလုပ်နိုင်မှာဖြစ်သည့်အတွက် အချိန်ကုန် သက်သာသည်မှာ အသေအချာပင်ဖြစ်သည်။
CarsDB သည် တနင်္လာနေ့မှ သောကြာနေ့ထိ မနက် ၉:၀၀ နာရီမှ ညနေ ၅:၀၀ အတွင်း ဝန်ဆောင်မှုပေးပါသည်။
ရုံးနေရာက အမှတ် ၅၆၁/၅၆၇၊ MAC Tower၊ (၁၁) လွှာ | ကုန်သည်လမ်း (မဟာဗန္ဓုလပန်းခြံလမ်းနှင့် ၃၅ လမ်းကြား) | ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့ ဖြစ်ပါသည်။
How it works
CarsDB မှာ ကိုယ်တိုင်ကားရောင်းမယ်ဆိုပါက .. Standard , Featured Car , Bump For Featured Car , Topspot ဆိုပြီး ပုံစံလေးမျိုးထိ ရှိပါသည်။
Standard
Standard car အနေဖြင့်ကားရောင်းမည်ဆိုပါက ကိုယ်ရောင်းချင်တဲ့ကားကို ဓာတ်ပုံနဲ့တကွ တင်နိုင်မှာ ဖြစ်ပါတယ်။ ဓာတ်ပုံကို ၁၅ ပုံထိတင်လို့ရပါသည်။ ကိုယ်ရောင်းချင်သောကားကို ကိုယ့်ဘာသာကို စိတ်ကြိုက်ရောင်းချနိုင်ပါသည်။ ကိုယ့်ကားရောင်းမထွက်မချင်းအချိန်ထိ Standard ကားအနေဖြင့် Website တွင် ရှိနေမည်ဖြစ်သည်။ ဒါ့အပြင် ကားစျေးနှုန်းနဲ့ ဓာတ်ပုံတွေကိုလည်း ကြိုက်နှစ်သက်သလို ပြင်ဆင်တည်းဖြတ်နိုင်ပါသည်။ Standard ကားအနေဖြင့် မည်သူမဆို ကိုယ်ရောင်းချင်သောကားကို CarsDB Website တွင် စိတ်ကြိုက်ရောင်းချနိုင်ပါသည်။
Featured Car
Featured ကားအနေဖြင့်ကားရောင်းမည်ဆိုပါက ကိုယ်ရောင်းချင်တဲ့ကား၏ဓာတ်ပုံ ၁၅ပုံထိ တင်ခွင့်ရမှာဖြစ်ပြီး ရောင်းမထွက်မချင်း Website တွင်တင်ထားနိုင်ပါသည်။ ကား၏ဈေးနှုန်းနှင့် ဓာတ်ပုံများကိုလည်း စိတ်ကြိုက် ပြင်ဆင်တည်းဖြတ်နိုင်သည်။ Standard နှင့်ယှဉ်လျှင်အားသာသည့်တဲ့အချက်များကတော့ ကားဝယ်လိုသူတွေရှာဖွေသောအခါတွင် Standard ကားများ၏ အထက်တွင် ဦးစားပေးပြသပေးမှာဖြစ်ပြီး CarsDB Facebook Page တွင်လည်း လူသိများစေရန် ရှဲပေးမှာဖြစ်ပါသည်။
Bump For Featured Car
ကားရောင်းလိုသူအနေဖြင့် Featured Car တွင် ကြော်ငြာတင်ပြီးပါက မိမိကားကို ဝက်ဘ်ဆိုက်ရဲ့ ထိပ်ဆုံးစာမျက်နှာကို လျင်မြန်စွာရောက်ရှိသွားစေမှာ ဖြစ်ပါတယ်။ Website တွင် Featured Car တွေများလာပါက မိမိ၏ကားသည် အခြားသူများ၏ Featured Cars တွေထက် အောက်ရောက်နေလျှင် အပေါ်သို့ ပြန်တင်ပေးခြင်းဖြင့် ကားဝယ်လိုသူများရှာဖွေသောအခါ လွယ်ကူစွာ တွေ့ရှိနိုင်မည်ဖြစ်သည်။
Topspot
Topspot ကားအနေဖြင့်ရောင်းချပါက ကားအရောင်းမထွက်မချင်းကြော်ငြာနိုင်မှာဖြစ်ပြီး ကိုယ်ရောင်းချချင်သောကား၏ဓာတ်ပုံ ၁၅ပုံတင်နိုင်သည်။ အကန့်အသတ်မရှိပြင်ဆင်ပြောင်းလဲနိုင်သည်။ ဒါ့အပြင် CarsDB Facebook Page မှာလည်း ရှဲပေးမှာဖြစ်ပြီး Standard Car, Featured Car များရဲ့အထက်တွင်ဖော်ပြပေးသွားမှာ ဖြစ်ပါသည်။ သူ၏ အထူးခြားဆုံးသောအချက်မှာ ဝယ်သူတွေအနေဖြင့် သူတို့ရှာဖွေလိုက်တဲ့ကားအမျိုးအစားဟာ မိမိရောင်းချထားသောကားနဲ့ တိုက်ဆိုင်နေခဲ့လျှင် မိမိ၏ကားကို အရင်ဆုံးမြင်ရမယ့်အခွင့်အရေးပဲဖြစ်ပါသည်။ ဥပမာ-ကိုယ်အရောင်းတင်ထားတဲ့ကားသည် Honda Fit ဆိုပါစို့။ CarsDB App ကို အသုံးပြုသူ သို့မဟုတ် ဝယ်သူ အနေနဲ့ Search တွင် Honda Fit လို့ ရိုက်ထည့်ရှာဖွေလိုက်သည်နှင့်တပြိုင်နက် Honda Fit ကားအမျိုးအစားများအနက် Topspot ဖြင့်အရောင်းတင်ထားသော မိမိ၏ကားကို Website ၏ထိပ်ဆုံးတွင် ပြသပေးသွားမည်ဖြစ်ပါသည် ပြသပေးသွားမှာဖြစ်ပါသည်။
Premium Assist ဆိုတာဘာလဲ?
CarsDB Premium Assist Service သည် ကားရောင်းသူအတွက်သာမက ကားဝယ်သူများအတွက်ပါ အထူးသင့်လျော်တဲ့ ဝန်ဆောင်မှုဖြစ်ပါသည်။ မိမိရောင်းချချင်သောကားကို Premium assist ဖြင့်အရောင်းအပ်လိုက်သည်နှင့်.. မိမိကားကို ဓာတ်ပုံနှင့် ကားဗီဒီယို ရိုက်ကူးခြင်းနှင့် အရောင်းအဝယ်စာရွက်စာတမ်းကိစ္စတွေအထိ ဝန်ဆောင်မှုပေးသောအစီအစဉ်ဖြစ်ပါသည်။ Premium assist service ဖြင့် ကားရောင်းချသူသည် ဝယ်သူနှင့် အရောင်းအဝယ်တည့်သွားသည့်အခါ စာချုပ်တွင်လက်မှတ်ရေးထိုးနိုင်သော အဆင့်ထိ ရရှိနိုင်မှာဖြစ်ပါသည်။ service fee ကို အရောင်းအဝယ်ဖြစ်သောအခါမှ ပေးချေရမှာဖြစ်ပါသည်။ ဝယ်သူဘက်တွင် Premium Assist က ကားကို ဝယ်မယ်ဆိုရင် ယာဉ်နဲ့ပတ်သက်တာတွေကို စစ်ဆေးပေးပြီးသားဖြစ်၍ စိတ်ချလက်ချဝယ်လို့ရသော အားသာချက်ကို ရရှိမှာဖြစ်ပါတယ်။
CarsDB တွင် ကားရောင်းရန်အတွက် ရွေးချယ်စရာ ပက်ကေ့စ်အမျိုးမျိုးအတွက် ကျသင့်ငွေများမှာ -
Standard
Standard ကားအနေဖြင့်ရောင်းချပါက Website အခမဲ့ ဖြင့် မိမိ၏ကားကိုရောင်းချနိုင်ပါသည်။
Featured Car
Featured ကားအနေဖြင့်ရောင်းချပါက တစ်လ(ရက် ၃၀)ကို ၃၀,၀၀၀ ကျပ်ကျသင့်မှာဖြစ်ပါသည်။
Bump For Featured Car
Bump for feature car ကို အသုံးပြု၍ မိမိ၏ကားကို bump လုပ်ပါက တခါလျှင် ၁၀,၀၀၀ ကျပ်ပေးသွင်းရမှာဖြစ်ပါသည်။
Topspot
Topspot ကားအနေဖြင့်ရောင်းချပါက ကြော်ငြာချိန် ၁၅ ရက်အတွက် ၅၀,၀၀၀ ကျပ်ကျသင့်မှာဖြစ်ပါသည်။
Premium Assist
Premium Assist ကားအနေဖြင့်ရောင်းချပါက service fee ကို အရောင်းအဝယ်ဖြစ်မှသာ ပေးချေရမှာဖြစ်ပါသည်။ ပေးရမယ့် ဝန်ဆောင်မှု % တွေကတော့ .. သိန်း ၃၀၀ အောက်ကားများကို ၃ သိန်းကျပ်၊ သိန်း ၃၀၀ မှ သိန်း ၁၀၀၀ကြားရှိကားတွေကို ရောင်းဈေး၏ ၁%၊ သိန်း ၁၀၀၀ အထက်ကားများကို ၁.၅% ကျသင့်မှာ ဖြစ်သည်။
ကားရောင်းသူမှ ဝယ်သူကို ပိုင်ဆိုင်မှုလွှဲပြောင်းရန်အတွက် မိမိ၏ကားနှင့်ပတ်သက်သောစာရွက်စာတန်း အားလုံးပြင်ဆင်ထားရန်လိုအပ်ပါသည်။ ဥပမာအားဖြင့် Owner book, Wheel tax, Premium Book, ဘီးခွန် စသည်ဖြင့် ပြင်ဆင်ထားရန်လိုအပ်ပါသည်။
ကားရောင်းလိုသူ၏ ကား၏ လိုင်စင်သက်တမ်းများကုန်ဆုံးနေပါကလည်း ရောင်းလိုပါက အရောင်းတင်နိုင်ပါသည်။