အိန္ဒိယဘီလျံနာကြီး ယိုဟန် ပုဏ္ဏဝါလက အဲလစ်ဇဘက်ဘုရင်မကြီး၏ ၂၀၁၆ ခုနှစ်ထုတ် Range Rover SDV8 ကို ဝယ်ယူ

  • 496 views

အိန္ဒိယဘီလျံနာသူဌေးကြီး ယိုဟန် ပုဏ္ဏဝါလသည် ရှားပါး Vintage ကားဝါသနာပါသူဟု နာမည်ကြီးပြီး တန်ဖိုးကြီး မော်တော်ကားပေါင်းများစွာ ဝယ်ယူစုဆောင်းထားသူ ဖြစ်သည်။

ယခုအခါ ပုဏ္ဏဝါလက တမူထူးခြားသော ကားတစ်စီးကို ထပ်မံဝယ်ယူလိုက်သည်။

ပုဏ္ဏဝါလ ယခုဝယ်ယူလိုက်သည်မှာ နတ်ရွာစံသွားပြီဖြစ်သော အဲလစ်ဇဘက်ဘုရင်မကြီး ပိုင်ဆိုင်ခဲ့ဖူးသည့် ၂၀၁၆ ခုနှစ်ထုတ် Range Rover SDV8 Autobiography LWB မော်တော်ကားဖြစ်သည်။

ပုဏ္ဏဝါလက ကား၏ တမူထူးသော Feature များကို အလွန်စိတ်ဝင်စားခဲ့သည်။

ထိုအချက်များတွင် ဘုရင်မကြီး၏ တော်ဝင် ကားနံပါတ် OU16 XVH အပြင် ဘုရင်မကြီး ပိုင်ဆိုင်ခဲ့စဉ် ကာလ အတွင်း ဘုရင်မကြီးအတွက် အထူး Modification ပြုလုပ်ခဲ့မှုများ အပါအဝင် ဖြစ်သည်။

ထိုသို့ Modify ပြုလုပ်မှုများတွင် မီးစနစ် ၊ ရဲတပ်ဖွဲ့သုံးအရေးပေါ်မီး ၊ ကားအတွင်းသို့ အဝင်အထွက် လွယ်ကူစေ ရန် ထပ်မံတပ်ဆင်ထားသော လက်ကိုင်များ အပါအဝင်ဖြစ်သည်။

 

 

“တော်ဝင်မိသားစုက ဒီကားကို ရောင်းချလိုက်ပြီးနောက်ပိုင်း ကားနံပါတ်ပြားက ပြောင်းလဲသွားခဲ့ပါတယ်။ ဒါပေမယ့် မှတ်ပုံတင်နံပါတ်က မူလအတိုင်း ရှိနေတာဟာ ဒီကားရဲ့ ထူးခြားတဲ့အချက်ပါပဲ”ဟု ပုဏ္ဏဝါလက ရှင်းပြသည်။

“ကားကို Modify လုပ်ထားတဲ့အရာအားလုံး ကျွန်တော် ဆက်လက်ထိန်းသိမ်းထားမှာ ဖြစ်ပါတယ်”ဟု ပုဏ္ဏဝါလက ပြောသည်။

ဤကား ရောင်းချမည်ဟု ကြားသိလိုက်ရပြီးနောက် ဝယ်ယူရန် အလိုလို ဆုံးဖြတ်မိကြောင်း ၎င်းက ပြောသည်။

“ကျွန်တော် ကားတစ်စီးဝယ်ဖို့ အကြာကြီး မစဉ်းစားပါဘူး။ ဇနီးနဲ့ကလေးတွေကို ပြောတယ်။ ပြီးရင် ရှေ့ဆက် လျှောက်တယ်။ ဒီလိုကားမျိုးက ခဏခဏမရပါဘူး”ဟု ပုဏ္ဏဝါလက ပြောသည်။

ဘုရင်မကြီး ပိုင်ဆိုင်ခဲ့သော Range Rover သည် မိုင်ပေါင်း ၁၈၀၀၀၀ ခန့် စီးနင်းထားပြီး မူလက ကြမ်းခင်းဈေး ပေါင် ၂၂၄၈၅၀ ဖြင့် လေလံတင်ခဲ့ခြင်း ဖြစ်သည်။

သို့သော် ပုဏ္ဏဝါလက သီးသန့် လျှို့ဝှက်ဝယ်ယူရန် ရွေးချယ်ခဲ့ပြီး ဝယ်ယူခဲ့သည့် ဈေးနှုန်းကို ထုတ်ဖော်ကြေညာ ခြင်း မရှိချေ။

ပုဏ္ဏဝါလသည် သမိုင်းဝင် မော်တော်ကားအများအပြားကို လေလံပွဲများမှတဆင့် ဝယ်ယူပိုင်ဆိုင်ထားသည်။

ပုဏ္ဏဝါလ ဝယ်ယူပိုင်ဆိုင်ထားသော ကားများတွင် အောက်ပါကားများ အပါအဝင် ဖြစ်သည်။

 

Ferrari များ: 488 Pista Spider, F12berlinetta, 812 Superfast

* Bentley များ: Bentayga, Flying Spur, Continental GT
* Rolls-Royce များ: Phantom, Wraith, Cullinan
* အခြားကားများ- Land Rover Defender, Mercedes-Benz SLS AMG, ၁၉၂၇ ခုနှစ်ထုတ် Rolls-Royce 20 HP Tourer, ၁၉၄၉ ခုနှစ်ထုတ် Rolls-Royce Silver Wraith Drophead Foursome Coupe by James Young

 

(ဆက်စပ်သတင်း)

အိန္ဒိယ စက်မှုလုပ်ငန်းရှင်ကြီး ယိုဟန် ပုဏ္ဏဝါလ Bentley Flying Spur W12 Speed ကားကို ရူပီး ၇ ကုဋေဖြင့် ဝယ်ယူ

https://www.carsdb.com/my/news/338

 

(CarsDB Team မှ ရေးသား ဖော်ပြသည်။)

Credit: CarsDB.com

Ref: Billionaire car collector Yohan Poonawalla Buys Queen Elizabeth’s Range Rover (Cartoq)

 Photo Credit:  cartoq