- ပင်မစာမျက်နှာ
- ကားသတင်းများ
- အင်္ဂလန်ပြည့်ရှင် ချားလ်စ်ဘုရင် ပိုင်ဆိုင်ခဲ့သော Jaguar-I-Pace လျှပ်စစ်ကား လေလံတင်ရောင်းချမည်
အင်္ဂလန်ပြည့်ရှင် ချားလ်စ်ဘုရင် ပိုင်ဆိုင်ခဲ့သော Jaguar-I-Pace လျှပ်စစ်ကား လေလံတင်ရောင်းချမည်
- 164 views
နတ်ရွာစံကံတော်ကုန်သွားသော အဲလစ်ဇဘက်ဘုရင်မကြီး ပိုင်ဆိုင်ခဲ့ဖူးသည့် Range Rover ကား အရောင်းဈေးကွက် ဝင်လာခဲ့ပြီးနောက် ယခုအခါ တော်ဝင်မိသားစု ပိုင်ဆိုင်ခဲ့သော အခြားမော်တော်ကား တစ်စင်း အရောင်းဈေးကွက် ထပ်မံဝင်ရောက်လာသည်။
(မှတ်ချက်။ အဲလစ်ဇဘက်ဘုရင်မကြီး၏ Range Rover အရောင်းဈေးကွက်ဝင်လာသော သတင်းကို Carsdb ဝက်ဘ်ဆိုက်ကြီးတွင် တင်ပြခဲ့ပြီး ဖြစ်ပါသည်။)
ကားအမျိုးအစားမှာ Jaguar-I-Pace ဖြစ်ပြီး ချားလ်စ်ဘုရင် (ယခင်ဝေလမင်းသား) က ၂၀၁၈ ခုနှစ်တွင် ကိုယ်ပိုင်ငွေဖြင့် ဝယ်ယူခဲ့ခြင်း ဖြစ်သည်။
ဤကားသည် တော်ဝင်မိသားစု ပိုင်ဆိုင်သော ပထမဆုံးလျှပ်စစ်ကားလည်း ဖြစ်သည်။
အဲလစ်ဇဘက်ဘုရင်မကြီးနှင့် မီဂန်မာကယ်တို့အပါအဝင် တော်ဝင်မိသားစုဝင်များစွာ ဤကားအား အသုံးပြုခဲ့ သည်ကို တွေ့ခဲ့ကြဖူးသည်။
ယခုအခါ ကား၏ ပိုင်ရှင်သစ်ကို ရှာဖွေလျက်ရှိသည်။
ချားလ်စ်ဘုရင်က ဤကားကို ၂၀၂၀ ပြည့်နှစ် ၊ ဒီဇင်ဘာလအထိ အသုံးပြုခဲ့သည်။
ယင်းနောက် ကီလို ၄၈၀၀ (မိုင် ၃၀၀၀ ခန့်) ဖြင့် Jaguar North Oxford မှ တဆင့် ရောင်းချခဲ့သည်။
ထို့နောက် ဒုတိယပိုင်ရှင်က ဝယ်ယူခဲ့ပြီး မိုင် ၃၀၀၀၀ ကျော် (၄၈၂၀၀ ကီလိုမီတာ) စီးနင်းခဲ့သည်။
ထို့ကြောင့် လက်ရှိအားဖြင့် ကီလို ၅၆၀၀၀ (မိုင် ၃၅၀၀၀) ခန့် စီးထားပြီး ဖြစ်သည်။
ကားမှာ အကောင်းဆုံးအနေအထားရှိနေဆဲဖြစ်ပြီး မူရင်းအာမခံမှာ လာမည့်အောက်တိုဘာတွင် ကုန်ဆုံးမည် ဖြစ်သည်။
ရောင်းချသူ၏ ပြောကြားချက်အရ ယခု Jaguar-I-Pace သည် Loire Blue အရောင်ဖြင့် ထုတ်လုပ်ထားသည့် တစ်စင်းတည်းသောကားဖြစ်ကြောင်း ပြောသည်။
ထိုအရောင်မှာ ကား၏ Original အရောင်မဟုတ်ချေ။
မူရင်းအရောင်မှာ Eiger Gray ဖြစ်သည်။
ချားလ်စ်ဘုရင်၏ တောင်းဆိုချက်အရ ကားထုတ်လုပ်သူက ဆေးရောင် ပြောင်းပေးထားခြင်း ဖြစ်သည်။
Jaguar-I-Pace သည် all-wheel drive EV ဖြစ်ပြီး အတွင်းပိုင်းတွင် လှပသော Light Oyster Windsor လည်သာကူရှင်ကို တွေ့ရသည်။
90 kWh ဘက်ထရီတပ်ဆင်ထားပြီး အားအပြည့်သွင်းထားပါက ၂၃၅ မိုင်ခန့် မောင်းနှင်နိုင်သည်။
ယခင်က ပေါင် ၆၀၀၀၀ (ကန်ဒေါ်လာ ၇၅၅၀၀) ပေးခဲ့ရပြီး ယခုလေလံပွဲတွင် ပေါင် ၅၅၀၀၀ မှ ပေါင် ၇၀၀၀၀ ကြား (ကန်ဒေါ်လာ ၆၉၀၀၀ မှ ၈၈၀၀၀) ရနိုင်သည်ဟု ခန့်မှန်းထားသည်။
Jaguar-I-Pace ကို လာမည့် မတ်လ ၂ ရက် မနက် ၉ နာရီ ၃၀ တွင် Historics Ascot Racecourse လေလံအဖွဲ့က လေလံတင်ရောင်းချသွားမည် ဖြစ်သည်။
(ဆက်စပ်သတင်း)
အဲလစ်ဇဘက်ဘုရင်မကြီး ပိုင်ဆိုင်ခဲ့ဖူးသော Range Rover ကား လေလံတင်ရောင်းချမည်
https://www.carsdb.com/my/news/184
(CarsDB Team မှ ရေးသား ဖော်ပြသည်။)
Credit: CarsDB.com
Ref: King Charles' Jaguar I-Pace for Sale, It's a Bespoke Low-Mileage Example (autoevolution)
Photo Credit: Historics