- ပင်မစာမျက်နှာ
- ကားသတင်းများ
- အဲလစ်ဇဘက်ဘုရင်မကြီး ပိုင်ဆိုင်ခဲ့ဖူးသော Range Rover ကား လေလံတင် ရောင်းချမည်
အဲလစ်ဇဘက်ဘုရင်မကြီး ပိုင်ဆိုင်ခဲ့ဖူးသော Range Rover ကား လေလံတင် ရောင်းချမည်
- 270 views
နတ်ရွာစံ ကံတော်ကုန်သွားပြီဖြစ်သော အဲလစ်ဇဘက်ဘုရင်မကြီး II တချိန်က ပိုင်ဆိုင်စီးနင်းခဲ့ဖူးသော Range Rover ကားတစ်စင်းကို လေလံတင်ရောင်းချရန် စီစဉ်ထားသည်။
Land Rover က ထုတ်လုပ်ခဲ့သော တတိယမျိုးဆက်ဖြစ်ကာ ၁၉ နှစ် သက်တမ်းရှိပြီ ဖြစ်သည်။
တော်ဝင်ပုဂ္ဂိုလ်တို့ ပိုင်ဆိုင်ခဲ့သော ကားဖြစ်သောကြောင့် ပုံမှန်ဈေးနှုန်းထက် ၁၀ ဆခန့် မြင့်မားသော ဈေးနှုန်းရရှိဖွယ်ရှိကြောင်း ခန့်မှန်းထားသည်။
(တချိန်က အဲလစ်ဇဘက်ဘုရင်မကြီးကို ဤကားဖြင့် ဘယ်မိုးရယ်လ်နှင့် ဝင်ဆာရဲတိုက်ဝန်းများတွင် တွေ့ခဲ့ရဖူး သည်။ ဓာတ်ပုံ-SWNS)
(ဤ Range Rover ကားတွင် တမူထူးသော Feature အများအပြား ပါဝင်သည်။ ဓာတ်ပုံ-SWNS)
(ဘုရင်မကြီး ကားအတွင်းသို့ အလွယ်တကူ ဝင်ရောက်နိုင်စေရန် အတွင်းဘက်တွင် လက်ကိုင်များ တပ်ဆင် ထားသည်။ ဓာတ်ပုံ-SWNS)
(၁၉ နှစ် သက်တမ်းရှိပြီဖြစ်ပြီး Mileage မှာ ၁၀၉၀၀၀ ရှိသည်။ ဓာတ်ပုံ-Getty)
လေလံပွဲတွင် ပေါင် ၆၀၀၀၀ ခန့်ရရှိနိုင်သည်ဟု ခန့်မှန်းထားသည်။
အကယ်၍ ဤကားမှာ ဘုရင်မကြီး ပိုင်ဆိုင်ခဲ့ဖူးသော ကားမဟုတ်ပါက ၂၀၀၄ ခုနှစ်ထုတ် Rang Rover တစ်စင်းအနေဖြင့် အများဆုံး ပေါင် ၆၀၀၀ ခန့်သာ ရရှိနိုင်သည်။
သို့သော် ဤကားတွင် သမရိုးကျ မဟုတ်ဘဲ တမူထူးသော Feature များစွာပါဝင်ရာ ကားနောက်ပိုင်းတွင် ခွေးလှောင်အိမ်တစ်ခု၊ grille တွင် အပြာရောင်မီးများ၊ ဘုရင်မကြီး ကားထဲသို့ ဝင်ရလွယ်စေရန် အတွင်းပိုင်းတွင် လက်ကိုင်များ တပ်ဆင်ထားမှုတို့ အပါအဝင် ဖြစ်သည်။
အမြင်စူးရှသော ကားကျွမ်းကျင်သူများဆိုလျှင် ကားဘောနက်တွင် အပေါက်ငယ်လေးတစ်ခုကို သတိပြုမိနိုင် သည်။
ထိုအပေါက်ငယ်လေးမှာ Labrador mascot တစ်ခု တပ်ဆင်ခဲ့သောနေရာဖြစ်ဖွယ်ရှိသည်။
နိုဝင်ဘာ ၁၁ ရက်တွင် အင်္ဂလန်နိုင်ငံ၊ ဘာမင်ဂမ်မြို့ရှိ NEC စင်တာ၌ ကျင်းပမည့် လေလံပွဲတွင် ဤကားကို အပြင်းအထန် လေလံအပြိုင်ဆွဲကြဖွယ်ရှိသည်ဟု ခန့်မှန်းရသည်။
ယခု Range Rover သည် လွန်ခဲ့သော ၃ လခန့်ကလည်း လေလံပွဲတစ်ခုတွင် လေလံတင်ရောင်းချခဲ့ဖူး သော်လည်း ထိုစဉ်က ဘုရင်မကြီးပိုင်ဆိုင်ခဲ့ဖူးကြောင်း မသိရှိခဲ့ရာ ပေါင် ၃၀၀၀၀ မျှသာ ရရှိခဲ့သည်။
သို့သော် ယခုအခါတွင်မူ ဗွီဒီယိုမှတ်တမ်းတစ်ခု ပေါ်ပေါက်လာရာ အဆိုပါဗွီဒီယိုတွင် ဘုရင်မကြီးသည် ဤကားကို လိုင်စင်နံပါတ်ပြား BN04 EPU ဖြင့် မောင်းနှင်ခဲ့ပုံ တွေ့ရသည်။
ထို့ကြောင့် ဤ Range Rover မှာ ဘုရင်မကြီးသည် စကော့တလန်ရှိ ဘယ်မိုးရယ်လ် ရဲတိုက်ကြီးနှင့် ဝင်ဆာရဲတိုက်တို့တွင် နေထိုင်ခဲ့စဉ်ကာလအတွင်း စီးနင်းခဲ့သည်ကို အထောက်အထားခိုင်လုံစွာ သိရသည်။
(အဲလစ်ဇဘက်ဘုရင်မကြီး စီးခဲ့သော Range Rover ကို ပေါင် ၆၀၀၀၀ ခန့်ဖြင့် ဝယ်ယူပိုင်ဆိုင်နိုင်သည်။ ဓာတ်ပုံ-Getty)
(မျက်စိလျင်သူများအနေဖြင့် ကားဘောနက်တွင် Labrador mascot တစ်ခု တပ်ဆင်ခဲ့သော အပေါက်တစ်ခုကို တွေ့နိုင်သည်။ ဓာတ်ပုံ-PA)
(CarsDB Team မှ ရေးသား ဖော်ပြသည်။)
Credit: CarsDB.com
Ref: Range Rover once owned by Queen Elizabeth II up for auction… and will cost TEN times more because of Royal connection (thesun)